ဆက်စ်ကို နဲ့ ပတ်သက်ပြီး သတိပေးခြင်း ခံထားရတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှု ကို ပယ်ချခဲ့ပြီးတဲ့နောက် ဗင်ဂျမင်ဆက်စ်ကို ဟာ ဒီလအစောပိုင်းမှာပဲ ပေါင် (၇၄)သန်း နဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဆလိုဗေးနီးယား လက်ရွှေးစင် ကစားသမားဟာ လိုက်ပ်ဇစ်မှာ နှစ်ရာသီအတွင်း (၈၇)ပွဲ ကစားထားခဲ့ရာမှာ (၃၆)ဂိုး သွင်းယူပြီးတဲ့နောက် နာမည်ကျော် ကလပ်အသင်းအများအပြားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

ဆက်စ်ကိုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပရီးမီးယားလိဂ်ကို ပွဲဦးထွက် ကစားခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ ဒီပွဲမှာ (၁-၀) နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အသက် (၂၂)နှစ် အရွယ် ကစားသမားကို မန်ယူအသင်းရဲ့ ဂိုးသွင်းပြဿနာတွေကို ဖြေရှင်းဖို့နဲ့ အတ္တလန္တာကနေ ပေါင် (၇၂)သန်းနဲ့ ရောက်ရှိလာပြီးနောက် ခြေစွမ်းမပြသနိုင်ခဲ့တဲ့ ရက်စ်မတ်စ် ဟွိုက်လန်းရဲ့ နေရာကို အစားထိုးဖို့ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဂျာမနီကွင်းလယ်ကစားသမားဟောင်း ဒစ်မား ဟာမန်းကတော့ မန်ယူအသင်းအနေနဲ့ ဆက်စ်ကိုဟာ လီပါပူးလ်ရဲ့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကစားသမား ဒါဝင်နူးနက်ဇ် နဲ့ ​”တော်တော်လေး တူတယ်” လို့ သတိပေးခဲ့ပါသေးတယ်။

Sekso In MenU

နူးနက်ဇ်ဟာ ၂၀၂၂ ခုနှစ်မှာ လီပါပူးလ်အသင်းဆီ ငွေအများကြီးနဲ့ ရောက်လာခဲ့ပေမယ့် ဒီနှစ်နွေရာသီ အစောပိုင်းမှာပဲ အသင်းကနေ ရောင်းချခြင်းခံခဲ့ရပါတယ်။ ” ယူနိုက်တက် ပရိသတ်တွေ ဒါကို ကြားချင်မလားတော့ မသိပါဘူး။ ဒါပေမယ့် ဘင်ဂျမင်ဆက်စ်ကို ဟာ ဒါဝင်နူးနက်ဇ်နဲ့ တော်တော်လေး ဆင်တူတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ဆက်စ်ကိုမှာ ခန္ဓာကိုယ်၊ အရပ်နဲ့ အမြန်နှုန်းရှိပါတယ်။ နူးနက်ဇ်ထက် ဘောလုံးထိန်းချုပ်မှု ပိုကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။။ သူက နည်းစနစ်ပိုင်း အရမ်းကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူက အရမ်းကို အင်းအားပြည့်၀တဲ့ လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။ မကြာသေးခင်နှစ်တွေ အတွင်းမှာတော့ နူးနက်ဇ်နဲ့ပဲ နှိုင်းယှဉ်ရပါလိမ့်မယ်။

ပြီးခဲ့တဲ့ (၁၀)နှစ်အတွင်း တိုက်စစ်မှူးတွေဖြစ်တဲ့ နာမည်ကြီး ကစားမားတစ်ချို့လည်း ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး မအောင်မြင်တာကို ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ဒါကြောင့် လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပေမယ့် သူလုပ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ ဟာမန်းက ပြောပါတယ်။

နူးနက်ဇ်ဟာ လီပါပူးလ်အသင်းရဲ့ သမိုင်းမှာ အကြီးမားဆုံး အပြောင်းအရွှေ့အမှား ပဲလားဆိုတော့ ဖြစ်နိုင်ပါတယ်။ ဒါက ဂိမ်းရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ” ကစားသမားတွေကို ခေါ်ယူတဲ့အခါ တစ်ခါတစ်ရံမှာ အဆင်ပြေပါတယ်။ တစ်ခါတရံမှာတော့ မပြေပါဘူး။”

“လူတွေက ပေါင် (၈၅)သန်းနဲ့ ခေါ်ယူမယ်ဆိုရင် ဂိုးတွေ သေချာပေါက် သွင်းပေးနိုင်မယ်လို့ တွေးခဲ့ကြပါတယ်။ ကျွန်တော်လည်း အဲ့လိုပြ တွေးခဲ့ပါတယ်။ ဒါပေမယ့် ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ကုန်ကျစရိတ်တွေက ကောင်းမွန်တဲ့ ရင်းနှီးမြှပ်နှံမှု မဖြစ်ခဲပါဘူး” လို့ ဟာမန်းက ပြောပါတယ်။ ဆက်စ်ကိုဟာ လာမယ့် တနင်္ဂနွေနေ့ ဖူလ်ဟမ်အသင်းနဲ့ ကစားမယ့် ပွဲမှာ ပရီးမီးယားလိဂ် ပထမဆုံး ပွဲထွက်ခွင့် ရရှိနိုင်ပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *