အူဂါတေးကို အငှား+အပြီးသတ် နဲ့ ခေါ်ယူသွားဖို့ ကြိုးပမ်းနေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေးကွင်းလယ်ကစားသမား မန်နူရယ်လ် အူဂါတေးကို တစ်ရာသီ အငှားစာချုပ်+အပြီးသတ် ခေါ်ယူခွင့်တို့ပါဝင်တဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေပြီလို့ ဖာဘရီဇီယို ရိုမာနိုကသင်းဖော်ပြလာခဲ့ပါတယ်။

အူဂါတေး နဲ့ မန်ချက်တာ ယူနိုက်တက် Logo

ယူနိုက်တက်က ဒီနွေစျေးကွက်မှာ တိုက်စစ်ပိုင်းအတွက် ဂျိုရှုအာ ဇက်ခီးနဲ့ ခံစစ်ပိုင်းအတွက် ဒီလစ်၊ ယိုရို ၊ မာဇာရာဝီတို့လို ခံစစ်ကစားသမားသစ် (၃)သိးတို့ကို ခေါ်ယူခဲ့ပြီး နောက်စျေးကွက်မပိတ်ခင်မှာပဲကွင်းလယ်ပိုင်းအတွက်ကိုလည်း ကစားသမားသစ်တစ်ဦးခန့်လောက် ထပ်မံခေါ်ယူသွားဖို့ပါစီစဉ်လာခဲ့ပါတယ်။

လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းအတွက် ယူနိုက်တက်က ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတေးကို ပစ်မှတ်ထား ကြိုးပမ်းလာခဲ့ရာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အူဂါတေးနဲ့ Personal Agreed အလျင်အမြန်ပဲ ရရှိခဲ့ပေမယ့် အသင်းနှစ်သင်းကြားမှာတော့ အူဂါတေးရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပါတ်သက်ပြီး အခုချိန်ထိ ညှိနှိုင်းနေဆဲရှိပါသေးတယ်။

ပီအက်စ်ဂျီက အူဂါတေးကို အသင်းကနေရောင်းထုတ်သွားချင်နေပေမယ့် သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၆၀) လောက်အထိ တန်ကြေး သတ်မှတ်ထားတာကြောင့် ဒီပမာဏက ဒီစျေးကွက်ထဲမှာ ယူရို (၁၆၄)သန်း ခန့်လောက် သုံးစွဲထားတဲ့ ယူနိုက်တက်အသင်းအတွက် ခက်ခဲနေရပါတယ်။ဒါကြောင့် အပြောင်းအရွှေ့ကို အလျင်အမြန် ဖြစ်ပေါ်စေဖို့အတွက် အူဂါတေးရဲ့ အေးဂျင့်ဖြစ်တဲ့ ဘောလုံးလောကရဲ့ စူပါအေးဂျင့် ဂျော့မန်ဒက်စ်ကပါ ဒီအပြောင်းအရွှေ့ထဲကို ထဲထဲဝင်ဝင် ပါဝင်လာခဲ့ပြီး အသင်းနှစ်သင်းကြားကို ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။

Ugarte Soccer player photo

လက်ရှိအခြေအနေတွေအရ အူဂါတေး ကိုယ်တိုင်ကလည်း ယူနိုက်တက် အသင်းဆီပြောင်းရွှေ့နိုင်ဖို့ အတော်လေးစိတ်အားထက်သန်နေသလို သူ့ကို ယူနိုက်တက်ထံ ပြောင်းရွှေ့ခွင့်ပေးဖို့ကိုလည်း ပီအက်စ်ဂျီအသင်းဆီ ဖိအားပေးတောင်းဆိုလျက် ရှိနေပါတယ်။လက်ရှိမှာ စျေးကွက်ပိတ်သိမ်းဖို့ကလည်း ရက်ပိုင်းလောက်သာ လိုတော့တာကြောင့် ဒီအပြောင်းအရွှေ့က ယူနိုက်တက် ကမ်းလှမ်းချင်တနေတဲ့ အငှား+အပြီးသတ် ကမ်းလှမ်းမှုနဲ့ပဲ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *