အမ်ဘာပေ မရှိတဲ့နောက် အသင်းလိုက် ကစားပုံ ပိုပြီးကောင်းလာတယ်လို့ အင်းနရစ်ဆို

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ လူး၀ှစ် အင်းနရစ် က သူတို့အသင်းမှာ ကီလီယန် အမ်ဘာပေ မရှိတဲ့နောက် အသင်းက တစ်ဦးကောင်းမဟုတ်တော့ပဲ အသင်းလိုက် ကစားပုံကောင်းလာတယ်လို့ ပြောဆိုလာခဲ့ပါတယ်။သိပ်မကြာသေးခင် ကာလအတွင်းကပဲ ပီအက်စ်ဂျီအသင်းဟာ မက်ဆီ၊ နေမာ၊ အမ်ဘာပေ ဆိုတဲ့ တကယ့်ကို ကြောက်ခမန်းလိလိ တိုက်စစ်အစုအဖွဲ့ တစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် ဒီတိုက်စစ် Trio နဲ့တောင် ချန်ပီယံလိဂ် အောင်မြင်မှုတွေကို လုံး၀ မရယူနိုင်ခဲ့သလို အခုလည်း ဒီကစားသမားတွေဟာ ပီအက်စ်ဂျီနဲ့ လက်တွဲဖြုတ်သွားကြပါပြီ။

အဓိကကတော့ မက်ဆီနဲ့ နေမာတို့က close ဖြစ်သလောက် ဒီကစားသမားနှစ်ယောက်နဲ့ အမ်ဘာပေတို့ကြား၊ ဘာပေနဲ့ တခြား ပီအက်စ်ဂျီအသင်းဖော်တွေကြားမှာ အဆင်မပြေတာတွေ ရှိခဲ့ပြီး မက်စီက မေဂျာလိဒ်ဆီပြောင်း၊ နေမာက ဆော်ဒီလိဒ်ဆီပြောင်းပြီး ဘာပေကတော့သူ့ရဲ့ အိမ်မက်ကလပ် ရီးယဲလ်ဆီပြောင်းသွားခဲ့ပါတယ်။

လက်ရှိ ပီအက်စ်ဂျီမှာ ဒီကစားသမား (၃)ဦးလို တကယ့် ဒိတ်ဒိတ်ကြဲ ကစားသမားကြီးတွေ မရှိတော့ပဲ ရှိရင်းစွဲ ကစားသမားတွေ နွေကမှ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေနဲ့အတူ ပီအက်စ်ဂျီက ဒီရာသီထဲ ရာနှုန်းပြည့် နိုင်ပွဲတွေ ပိုင်ဆိုင်ထားရပါတယ်။ “ကျွန်တော်တို့အသင်းမှာ ကြယ်ပွင့်တစ်ပွင့် ရှိတယ်။ အဲ့ဒါက ဟုတ်တယ်။ ဒီကြယ်ပွင့်က အရာအားလုံးထက် အများကြီး တောက်ပနေတာ။”

“အဲ့ဒီကြယ်ပွင့်က တစ်သင်းလုံးပါပဲ။ တစ်သင်းလုံးက တောက်ပနေတာ အရမ်းကို ထူးခြားကောင်းမွန်ပါတယ်။ ဒါက ကျွန်တော်ဟာ ကျွန်တော့ ကစားသမားတွေရဲ့ စိတ်ထဲကို တဖြည်းဖြည်းခြင်း စိမ့်ဝင်အောင် လုပ်ပေးနေသလို ခံစားချက်မျိုးပါပဲ။ ဒါကိုလည်း ခင်ဗျားတို့ ကွင်းအတွင်းမှာ မြင်နိုင်ပါတယ်။ ကစားသမားတစ်ဦးက ကစားသမား အားလုံးအတွက် ရှိနေသလို အားလုံးကလည်း တစ်ဦးအတွက် ရှိနေကြတယ်။ ဒါက အားကစားအသင်းမှာ အံ့ဩဖွယ်ကောင်းတဲ့ ဖြစ်ရပ်ပါပဲ။” လို့ အင်းနရစ်က ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီက ဒီနွေမှာ ဘာပေကို လက်လွတ်ခဲ့ရပေမယ့် သူ့နေရာအတွက် အစားထိုးခေါ်ယူမှုကို လုပ်ဆောင်ခဲ့ခြင်း မရှိပဲ အသသင်းကနေ ကစားသမား အများစုကို ရှင်းလင်းခဲ့ပြီး ကွင်းလယ်လူ ဂျာအို နေးဗက်စ် နောက်ခံလူ ပါချိုနဲ့ တောင်ပံကစားသမားလေး ဒူရေးတို့ကို ခေါ်ယူဖြည့်တင်းခဲ့ကာ အသင်းကလည်း ပြိုင်ပွဲစုံ (၆)ပွဲဆက်တိုက်အထိ ရာနှုုန်းပြည့် နိုင်ပွဲတွေ ရရှိခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *