လီပါပူးလ်က နိုင်ပွဲနဲ့ သိသိသာသာထိုက်တန်မှု ရှိခဲ့တယ်လို့ ဆိုလိုက်တဲ့ တန်ဟက်ဂ်

Mohamed Salah celebrates after scoring for Liverpool

မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီပါပူးလ်တို့ရဲ့ အင်္ဂလန်ဒါဘီပရီးမီးယားလိဂ် ပွဲစဉ်မှာ ဧည့်သည် လီပါပူးလ်က မိုဆာလာ ဒီးယက်ဇ်တို့ သွင်းဂိုးတွေနဲ့ အိမ်ရှင် ယူနိုက်တက်ကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ်ကို အနိုင်ယူခဲ့ပါတယ်။

ဒီပွဲဟာ နယ်သာလန်လိဂ်က နည်းပြဟောင်းနှစ်ဦး ပရီးမီးယားလိဂ်မှာ ထိပ်တိုက်ပြန်ဆုံရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပေမယ့်လည်း အခုမှ ပရီးမီးယားလိဂ်ဆီ ရောက်လာခဲ့တဲ့ အာနယ်ဆလော့က သူ့ထက် စီနီယာကျတဲ့ အဲရစ်တန်ဟက်ဂ်ကို နေရာစုံမှာ အသာရအောင် ကစားပြနိုင်ခဲ့သလို တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ကတော့ ရုပ်ပျက်ဆင်းပျက်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က ” ကျွန်တော်တို့ ပွဲအစပိုင်းက အဆင်ပြေခဲ့တယ်လို့ ထင်ပါတယ်။ကျွန်တော်တို့ဘက်က အမှားတစ်ခု လုပ်ခဲ့ပြီးတော့ သူတို့ကလည်း အဆုံးသတ်ပိုင်း ကောင်းလွန်းခဲ့တယ်။ တကယ်ကို ကောင်းမွန်တဲ့ အဆုံးသတ်တွေပါ။ လီပါပူးလ်ရဲ့ ဂိုး (၃)ဂိုးလုံးက ကောင်းမွန်လှတဲ့ အဆုံးသတ်တွေချည်းပါပဲ။”

Erik ten Hag

“လီပါပူးလ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ပထမ ဂိုး (၂)ဂိုး ပေးလိုက်ရသလို အမှားမျိုးတွေ သွားလုပ်လို့မရပါဘူး။အဲ့လိုသာ ဖြစ်ခဲ့ရင် ကောင်းကောင်းကြီး အပြစ်ပေးခံရမှာပါ။ လီပါပူးလ်က နိုင်ပွဲနဲ့ သိသိသာသာ ထိုက်တန်မှုရှိခဲ့ပါတယ်။ကျွန်တော်တို့ ကိုယ့်ကိုကိုယ် နှိမ့်ချပြီးခံယူရပါမယ်။ နောက်ပြီး ကစားပုံတိုးတက်လာအောင် လုပ်ရပါမယ်။”

“ပြီးခဲ့တဲ့ ဘောလုံးရာသီကလိုမျိုး ပုံစံတူ ဖြစ်နေတာလားဆိုရင်တာ့ ကျွန်တော် အဲ့ဒီလို လုံး၀မထင်ပါဘူး။ဒီပွဲမှာလည်း တစ်ဖက်အသင်းရဲ့ ဖိအားများနေတာတောင် ကျွန်တော်တို့ ပေးဂိုးတွေ များများစားစား မပေးခဲ့ရဘူး။ နောက်ပြီး ရာသီအကုန်မှာ ကျွန်တော်တို့ အသင်း ဘယ်နေရာမှာ ရပ်တည်နေမလဲဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေအတွက်လည်း ဆက်သွားပါမယ်။” လို့ပြောဆိုလိုက်ပါတယ်။


by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *