စက်တင်ဘာ (၁၀) ပွဲကြိုသုံးသပ်ချက်

စက်တင်ဘာ (၁၀) ပွဲကြိုသုံးသပ်ချက်

ယနေ့ညမှာ ကန်မယ့် ပွဲကောင်းများဖြစ်တဲ့

  • Colombia Vs Argentina
    [မြန်မာစံတော်ချိန် နံနက် ၀၃း၀၀ နာရီ၊ စက်တင်ဘာ ၁၁]
  • Ecuador Vs Peru
    [မြန်မာစံတော်ချိန် နံနက် ၀၃း၃၀ နာရီ၊ စက်တင်ဘာ ၁၁]
  • Venezuela Vs Uruguay
    [မြန်မာစံတော်ချိန် နံနက် ၀၄း၃၀ နာရီ၊ စက်တင်ဘာ ၁၁]
  • Netherland Vs Germany
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၁၁]
  • England Vs Finland
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၁၁] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်များကို ဖတ်ရှူနိုင်ပါပြီ။

Colombia Vs Argentina

[မြန်မာစံတော်ချိန် နံနက် ၀၃း၀၀ နာရီ၊ စက်တင်ဘာ ၁၁]
Colombia Vs Argentina

အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကားဖလားဖိုင်နယ်မှာ အကောင်းဆုံးယှဉ်ပြိုင်ထားခဲ့တဲ့ ကိုလံဘီယာဟာ ပြီးခဲ့တဲ့အပတ်က ဇယားအောက်ဆုံးက ပီရူးအိမ်ကွင်းမှာ ပြိုင်ပွဲစုံ (၃)ပွဲဆက် ဂိုးမပေးထားခဲ့ရမှုကို ဦးဆောင်ဂိုးခွင့်ပြုထားခဲ့ရပြီး သရေသာ ကစားနိုင်ခဲ့တယ်။
ဖလားအစုံပတ်သိမ်းနေတဲ့ အာဂျင်တီးနား ဒီမာရီယာအနားယူသွားပြီဖြစ်သလို တိုက်စစ်မှာ ဒဏ်ရာရ မက်ဆီမပါနိုင်သေးပေမဲ့ ဒိုင်ဘာလာ၊ အဲဗားရက်စ်၊ ဂါနာချိုတို့ လူငယ်တစ်စုနဲ့ ချီလီအသင်းကို ဒုတိယပိုင်းမှာ ဂိုးမိုးရွာသွန်းနိုင်ခဲ့ပါတယ်။ကမ္ဘာ့ဖလားဆော်ဒီအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဥရုဂွေး တစ်သင်းကိုသာ ရှုံးနိမ့်ထားပါသေးတယ်။ထိပ်တိုက်တွေ့ဆုံထားတိုင်း ဂိုးအောက်အများဆုံး (၂)သင်းမို့ ဂိုးအောက်ကိုပဲ ရွေးချယ်ပါမယ်။

ရွေးချယ်မှု - ဂိုးအောက်

Ecuador Vs Peru

[မြန်မာစံတော်ချိန် နံနက် ၀၃း၃၀ နာရီ၊ စက်တင်ဘာ ၁၁]
Ecuador Vs Peru

အာဂျင်တီးနား၊ ဘရာဇီးအသင်းတွေနဲ့ ပွဲဆက်ကစားထားတဲ့ အီကွေဒေါအသင်းဟာ နိုင်ပွဲမရခဲ့ပေမယ့် အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်။အမှတ်ပေးဇယား အဆင့်(၆) နေရာမှာ ရပ်တည်နေတာဖြစ်လို့ အမှတ်ပြည့်ရဖို့ ကြိုးစားလာမှာပါ။
အမှတ်ပေးဇယား အောက်ဆုံးရောက်နေတဲ့ ပီရူးဟာ နိုင်ပွဲလုံး၀မရသေးတဲ့ အသင်းဖြစ်ပြီး အိမ်ဖြည့်အဆင့်သာရှိသလို (၇)ပွဲ ကစားပြီးချိန်ထိ ရဂိုး (၂)ဂိုးသာ ရှာဖွေ ထားနိုင်ပါတယ်။ အဝေးကွင်း ဂိုးပေါက်ပျောက်တာရှာမတွေ့သေးတဲ့ ပီရူးရဲ့ သွင်းဂိုးမြင်ရဖို့ မရှီသေးပါဘူး။ အီကွေဒေါ နိုင်ပွဲနဲ့အတူ ဂိုးအောက်ကိုသာ ရွေးချယ်ပါမယ်။

ရွေးချယ်မှု - ဂိုးအောက်

Venezuela Vs Uruguay

[မြန်မာစံတော်ချိန် နံနက် ၀၄း၃၀ နာရီ၊ စက်တင်ဘာ ၁၁]
Venezuela Vs Uruguay

ကစားသမားကောင်းတွေ မရှိပေမဲ့ ဗင်နီဇွဲလားတို့ လုပ်ပြသင့်သလောက် လုပ်ပြထားနိုင်ခဲ့သလို ဘိုလီဗီးယားအိမ်ကွင်းမှာတော့ ဂိုးမသွင်းနိုင်ကာ ဂိုးပြတ်အရေးနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၂၂ အာဂျင်တီးနားကို (၃)ဂိုးပြတ် အရေးနိမ့်ပြီးနောက်ပိုင်း (၄)ဂိုး ပြတ်ရှုံးခဲ့ပါတယ်။
ခြေစွမ်းပိုင်း အတော်လေးကျဆင်းလာခဲ့ ဥရုဂွေးအသင်းဟာ ပြိုင်ပွဲစုံ (၅)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပြီး လီဗာပူးလ်မှာ နေရာပျောက်နေတဲ့ နူးနက်ဇ်ကို ရွေးချယ်မထားခဲ့သလို လူငယ်တွေကို နေရာပေးကစားနေတဲ့ ဥရုဂွေးတိုက်စစ်ဟာ ဆွာရက်စ်လည်း မပါနိုင်တာမို့ အခြေအနေတစ်ခုအထိရုန်းကန်ရဦးမှာပါ။ လက်ရှိခြေစွမ်းတွေအရလည်း ဂိုးအောက် ဘက်ကို ဆက်လက်ဦးတည်နေပါတယ်။

ရွေးချယ်မှု - ဂိုးအောက်

Netherland Vs Germany

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၁၁]
England Vs Finland

တိုက်စစ်သွင်းဂိုး (၅)ဂိုးနဲ့ ဖွင့်လှစ်ထားခဲ့တဲ့ (၂)သင်းမှာ နယ်သာလန် အသင်းဟာ နိုင်ပွဲပျောက် ဘော့စနီးယားအသင်းကို ခံစစ်ပေးဂိုး (၂)ဂိုးအထိ ပြန်ပေးထားခဲ့ရပါတယ်။ တိုက်စစ်ကစားအားကောင်းပြီး ခံစစ်ပိုင်းမှာ အဓိက ကစားသမားတွေရှိပေမဲ့ ညံ့ဖျင်းနေပါသေးတယ်။
နည်းပြသစ်လက်ထက် ဂျာမနီတိုက်စစ်အတော်လေးထက်လာပြီး ဂိုးမသွင်းထားခဲ့တဲ့ (၂)ပွဲဟာ ခြေစမ်းပွဲတွေမှာပါ။ အဖွင့်ပွဲကိုလည်း ဟန်ဂေရီလိုအသင်းကို (၅)ဂိုးပြတ် ပေါက်ကွဲပြထားပါတယ်။ ကတ်ပို၊ ကိုင်းဟာဗတ်တို့ရဲ့ တိုက်စစ်အားပြိုင်မှုမှာ ဂိုးပေါ်ကသာ ပိုကြည့်ကောင်းမှာပါ။

ရွေးချယ်မှု - ဂိုးပေါ်

England Vs Finland

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၁၁]
Netherland Vs Germany

ယာယီနည်းပြရဲ့ ပထမဆုံးနိုင်ပွဲဟာ အားရစရာကောင်းခဲ့ပေမဲ့ ဒုတိယပိုင်းမှာ မယ်မယ်ရရ ဂိုးပေါက် ခြိမ်းခြောက်မှုမရှိခဲ့သလို ကစားအားချခဲ့တဲ့ အင်္ဂလန်အသင်းမှာ ဟာရီကိန်းတစ်ယောက် ဂိုးရဖို့ အတော်လေး ရုန်းကန်နေရတယ်။
ဖင်လန်ဆိုတဲ့အတိုင်း အသင်ကြီးတွေအောက်မှာ ဖင်လန်ပြေးနေရပြီး အဆင့်နိမ့်အသင်းတွေကိုသာ နိုင်ပွဲရထားခဲ့တဲ့ သူတို့အသင်းဟာ ဂရိအိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ထားခဲ့သလို အင်္ဂလန် အိမ်ကွင်းမှာလည်း ဆက်လက်ရုန်းကန်ရမှာပါ။

ရွေးချယ်မှု - အင်္ဂလန်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *