စက်တင်ဘာ (၇) ပွဲကြိုသုံးသပ်ချက်

September Seven Soccer Match List

ယနေ့ညမှာ ကန်မယ့် ပွဲကောင်း (၄)ပွဲဖြစ်တဲ့

  • Ireland Vs England
    [မြန်မာစံတော်ချိန် နံနက် ၁၀း၃၀ နာရီ၊ စက်တင်ဘာ ၇]
  • Germany Vs Hungary
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၈]
  • Netherland Vs Bosnia and Herzegovina
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၈]
  • Ukraine Vs Albania
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၈] တို့ကို ပွဲကြိုသုံးသပ်ပေးထားပါတယ်။

Ireland Vs England

[မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ၊ စက်တင်ဘာ ၇]

Ireland Vs England

ခြေစစ်ပွဲတွေမှာ အမြဲကျရှုံးနေတဲ့ အိုင်ယာလန် နောက်ဆုံးကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ဂျီဘရော်တာ တစ်သင်းကိုသာ နိုင်ပွဲတွေ့ခဲ့သလို အင်္ဂလန်၊ ဖင်လန်၊ ဂရိအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ အိုင်ယာလန်တို့ ရုန်းကန်ရမှာပါ။ယူရိုခြေစစ်ပွဲကို လွတ်လွတ်ကျွတ်ကျွတ်အောင်ခဲ့ပေမဲ့ အုပ်စုအဆင့်မှာ စိတ်ဖိစီးမှုအပေးနိုင်ဆုံး အသင်းလို့ပြောရမှာဖြစ်သလို မိနစ်(၉၀)ကျော် အချိန်ပိုသွင်းဂိုးတွေနဲ့ ဖိုင်နယ်အဆင့်ထိ ရောက်ခဲ့တဲ့ အင်္ဂလန်ဟာ စပိန်နဲ့ ပွဲမှာတော့ ကံမကောင်းနိုင်ကာ မိနစ်(၉၀)အတွင်း အရေးနိမ့်ပြီး ဖလားဆုံးရှုံးထားခဲ့ရတယ်။၁၉၆၆ နောက်ပိုင်း ဖလားလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်အသင်းဟာ ဒုတိယနေရာကို မြင်လာရပါပြီ။ ဆောက်ဂိတ်ကိုထုတ်ပယ်ပြီး ယူ-၂၁ မှာ ကိုင်တွယ်နေတဲ့ နည်းပြယာယီ ကိုင်တွယ်သွားမဲ့ အင်္ဂလန်အသင်း ဂိုးပြတ်နိုင်နိုင်ပါတယ်။

ရွေးချယ်မှု - အင်္ဂလန်

Germany Vs Hungary

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၈]

Germany Vs Hungary

အိမ်ရှင်ဂျာမနီတို့ ယူရိုမှာ ခြေစွမ်းကောင်းခဲ့ပေမဲ့ လူငယ်ခြေစွမ်းပြနေတဲ့ စပိန်အသင်းကို အရေးနိမ့်ခဲ့ပါတယ်။ တိုက်စစ်ထက်မြက်လာတဲ့ အိမ်ရှင်ဟာ ယူရို အုပ်စုအဆင့်မှာတွေ့ခဲ့တဲ့ ဟန်ဂေရီအသင်းကို ဆက်လက်ဧည့်ခံရမှာပါ။ ယူရိုခြေစစ်ပွဲမှာ ရှုံးပွဲမရှိ ဖြတ်သန်းနိုင်ခဲ့တဲ့ ဟန်ဂေရီဟာ ဂျာမနီမြေမှာတော့ အိမ်ရှင်နဲ့ တစ်အုပ်စုတည်းကျခဲ့သလို နိုင်ပွဲတစ်ပွဲသာရခဲ့လို့ နောက်တစ်ဆင့်မတက်နိုင်ခဲ့ပါဘူး။အုပ်စုအဆင့်မှာ အရေးနိမ့်ခဲ့တဲ့ ဂျာမနီအသင်းကို ဆက်လက်ရင်ဆိုင်ရမှာပါ။

ရွေးချယ်မှု - ဂျာမနီ

Netherland Vs Bosnia and Herzegovina

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၈]

နယ်သာလန်ဟာ ကောင်းရှုံးဖြစ်ခဲ့တဲ့ အသင်းဖြစ်ပြီး ဂတ်ပို၊ ဆီမွန်စ်တို့ တိုက်စစ် ပွဲတိုင်းဂိုးသွင်းနိုင်စွမ်းရှိပေမဲ့ ခံစစ်ကလည်း တိုက်စစ်ထက် အသင်းတွေအောက်မှာ ဂိုးတွေ ပြန်ပေးနေရတဲ့ အခြေအနေမျိုးပါ။ ဘော့စနီးယားအသင်းကတော့ ရှုံးပွဲတွေဆက်ကာ လက်ချင်စတိန်းလို့ ခြေစွမ်းညံ့အသင်းတွေလောက်သာ အနိုင်ကစားနိုင်ပြီး အကျဘက်ကို ပြန်လည်ဦးတည်လာပါတယ်။ နယ်သာလန်အသင်းနဲ့ ခြေစွမ်းကွာဟလွန်းတာမို့ (၃)ဂိုးပြည့်မှ အပြည့်စားရမဲ့ အိမ်ရှင်အသင်း အခုလိုပွဲမှာ ဂိုးသွင်းထားမှာပါ။

ရွေးချယ်မှု - နယ်သာလန်

Ukraine Vs Albania

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၈]

Ukraine Vs Albania

ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူရိုအုပ်စုပွဲစဉ်တွေထဲမှာ ရသအပြည့်အ၀ဆုံးပေးနိုင်ခဲ့သလို ပြိုင်ဘက် (၄)သင်းလုံး ရမှတ်တူရပ်တည်ထားခဲ့ပြီး ဂိုးကွာချက်မှာ ယူကရိန်းတို့ ပေးဂိုးများခဲ့လို့သာ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပါတယ်။ ယူရို-၂၀၂၄ မှာ ခြေစွမ်းသိသိသာသာ ထက်မြက်လာတဲ့ အယ်လ်ဘေးနီးယားအသင်းဟာ တိုက်စစ်အတော်လေးထက်မြက်လာပြီး ဂိုးသွင်းခြေတွေ့နေပေမဲ့ ခံစစ်ညံ့ဖျင်းမှုကို မပြင်ဆင်နိုင်သေးသလို ယူကရိန်းအသင်းရဲ့ အိမ်ကွင်းအခြေအနေကြောင့် ကြားမြေဖြစ်တဲ့ ချက်နိုင်ငံမှာ လက်ခံကစားရမှာပါ။ ကွင်းမရွေးဧည့်ခံကစားနေတဲ့ ယူကရိန်းအသင်းဟာ အယ်လ်ဘေးနီးယားနဲ့ ခက်ခဲနိုင်လို့ အနိမ့်ဆုံး သရေပွဲပါပဲ။

ရွေးချယ်မှု - ဂိုးအောက်

ဘောလုံး ဝါသနာရှင် ချစ်သူများအတွက် ဘော်ဒီ-မောင်း များကို စိတ်ကြိုက်ကြေးဖြင့် ကစားနိုင်နေပါပြီဗျာ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *