စက်တင်ဘာ ၃၀ ပွဲကြိုသုံးသပ်ချက်


စက်တင်ဘာ (၃၀)ညမှာ ကန်မယ့် ပွဲစဉ်များထဲမှ ပွဲကောင်း (၃)ပွဲဖြစ်တဲ့

  • Bournemouth [Vs] Southampton
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၁]
  • Villarreal [Vs] Las Palmas
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၁]
  • Parma [Vs] Cagliari
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

Bournemouth [Vs] Southampton

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၁]

ပရီးမီးယားလိဒ် (၂)ပွဲဆက် ရှုံးနိမ့်ထားခဲ့ပေမဲ့ ချဲလ်ဆီး၊ လီဗာပူးလ်တို့လို အသင်းကြီးတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရလို့ဖြစ်ပြီး ခြေစွမ်းဟာ အရမ်းကြီး ညံ့တဲ့အထဲမှာ မပါတဲ့ ချယ်ရီတွေ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာဖွေနိုင်ဖို့ ကြိုးစားလာမှာပါ။

ဆောက်သမ်တန်တို့ ချက်ချင်းတန်းပြန်တက်နိုင်ခဲ့ပေမဲ့ ရှုံးပွဲတွေနဲ့သာ ရင်ဆိုင်နေရပြီး အဆင့်အတန်းမှီတြ့ ခြေစွမ်းမျိုးမတွေ့ရသေးသလို ပြီးခဲ့တဲ့ အပတ်က တန်းတက်တူ အစ်စွစ်ကို သရေကျခဲ့လို့ ရမှတ် (၁)မှတ် စရခဲ့တဲ့ ဆောက်သမ်တန်ရဲ့ လက်ရှိခြေစွမ်းဟာ ဘုန်းမောက်ကို ယှဉ်ကစားနိုင်စွမ်းမရှိတော့တာမို့ အိမ်ကွင်းမှာ ပွင့်လန်းလာမယ့် ချယ်ရီပန်းတွေနဲ့သာ ရပ်တည်မယ်။

Villarreal [Vs] Las Palmas

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၁]

ဘာစီလိုနာကို ရှုံးနိမ့်ထားခဲ့တာက လွဲရင် ဗီလာရီးရဲလ်တို့ ခြေစွမ်းပြကစားနေသလို ဂိုးသွင်း ဂိုးပေးနေရပေမဲ့ အကောင်းဆုံး ပုံစံနဲ့ ရှေ့ဆက်နေပါတယ်။ လာလီဂါ (၇)ပွဲအထိ ကစားထားပေမဲ့ (၂)ဂိုး ပြတ်နိုင်ထားတဲ့ ပွဲမရှိသေးပါဘူး။

နိုင်ပွဲမရထားမှုတွေနဲ့အတူ ဇယားအောက်ခြေရောက်နေတဲ့ လက်စ်ပါးမက်စ် ဟာ အိမ်ကွင်းရုန်းအားအထိုက်အလျောက် ရှိပေမဲ့ အဝေးကွင်းရှုံးပွဲတွေနဲ့ ရင်ဆိုင်နေရပြီး ခံစစ်လည်း အတော်ညံ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက (၂)ကျော့လုံးရဲ့ ရှုံးကြွေးကို ဗီလာရီးရဲလ်တို့ အတိုးနှုန်းနဲ့ ပြန်ဆပ်လာမှာပါ။

Parma [Vs] Cagliari

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁]

တန်းတက်ပါမားဟာ နိုင်ပွဲတစ်ပွဲသာ ရထားသေးပေမဲ့ စီးရီးအေ (၅)ပွဲလုံး ဂိုးသွင်းထားသလို လက်ချီကလွဲရင် ဇယားအထက်ပိုင်းက အသင်းတွေနဲ့ ကစားထားတဲ့ ပါးမားတိုက်စစ် ဂိုးသွင်းခြေ အတော်လေးထက်မြက်နေပါတယ်။

ဇယားအောက်ဆုံးက ကတ်ဂလာရီဟာ စီးရီးအေ နိုင်ပွဲမရထားမှုကို ကိုပါအီတလီဖလားမှာ ခရီးမိုးနီးစ်အသင်းကို အနိုင်ယူပြီး နိုင်ပွဲစွမ်းဆောင်ထားနိုင်ခဲ့ပေမဲ့ စီးရီးအေ ပါမားအိမ်ကွင်းမှာ ရုန်းကန်ရဦးမှာပါ။ အိမ်ရှင် ပါမားတို့က သေချာ်ပေါက်နိုင်ပွဲရမှာပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *