စက်တင်ဘာ ၂၉ ပွဲကြိုသုံးသပ်ချက်

စက်တင်ဘာ ၂၉ ပွဲကြိုသုံးသပ်ချက်

စက်တင်ဘာ ၂၉ ညမှာ ကန်မယ့် ဘောလုံးပွဲစဉ်ကောင်းများကို ရွေးချယ်ပြီး ပွဲကြိုသုံးသပ်ချက် ပေးထားပါတယ်။

  • Ipswich Town (Vs) Aston Villa
    [မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ စက်တင်ဘာ ၂၉]
  • Manchester United (Vs) Tottenham Hotspur
    [မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ စက်တင်ဘာ ၂၉]
  • Celta Vigo (Vs) Girona
    [မြန်မာစံတော်ချိန် ည ၀၆း၃၀ နာရီ ၊ စက်တင်ဘာ ၂၉]
  • Athletic Club (Vs) Sevilla
    [မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ ၊ စက်တင်ဘာ ၂၉]
  • Real Betis (Vs) Espanyol
    [မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ စက်တင်ဘာ ၂၉]
  • Atletico Madrid (Vs) Real Madrid
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ စက်တင်ဘာ ၃၀] 

Ipswich Town (Vs) Aston Villa

[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ စက်တင်ဘာ ၂၉]

သရေပွဲတွေချည်း ခံကစားထားတဲ့ အစ်စွစ်ဟာ နိုင်ပွဲမရထားပေမဲ့ (၃)ပွဲသရေကစားနိုင်ခဲ့လို့ (၃)မှတ်ရှာဖွေထားနိုင်ခဲ့ပြီး အဆင့် (၁၇) နေရာမှာ ရပ်တည်နေပေမဲ့ နိုင်ပွဲရှာဖွေနိုင်လောက်တဲ့ ခြေစွမ်းမျိုး မရှိသေးပါဘူး။

လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ပြိုင်ပွဲအရပ်ရပ် ကစားနေရတဲ့ ဗီလာဟာ ဒဏ်ရာရ ကစားသမားများလာတာ အူနိုင်းအမ်မရီအတွက် ခေါင်းခဲစရာပါ။ အစ်စွစ် နဲ့ ကစားပြီး ဘိုင်ယန်အသင်းကို ချန်ပီယံလိဒ်နဲ့ ပြည်တွင်းမှာ မန်ယူအသင်းတို့ကို ဧည့်ခံကစားရမှာပါ။ ပွဲကြပ်ရုန်းရဖို့ ရှိတဲ့ ဗီလာဟာ မပျော့လွန်းတာမို့ အစ်စွစ်ကို အနိုင်ရဖို့များပါတယ်။

Manchester United (Vs) Tottenham Hotspur

[မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ စက်တင်ဘာ ၂၉]

ကြားရက် ယူရိုပါလိဒ်မှာတော့ နယ်သာလန်ကလပ် တွမ်တီးအသင်းကို အိမ်ကွင်းမှာ သရေကျထားခဲ့တဲ့ သရဲနီတပ်သားတွေဟာ မှန်းဆလို့ မရတဲ့ ခြေစွမ်းတွေကို ပိုင်ဆိုင်ထားပြီး နောက်ဆုံး (၂)ပွဲဆက် သရေရလဒ်သာ ပိုင်ဆိုင်ထားပါတယ်။

စပါးတိုက်စစ် ပြန်လည်ကောင်းမွန်လာတာတွေ့ရပေမဲ့ အဝေးကွင်း အားနည်းနေသေးတာကို ပြင်ဆင်ဖို့ လိုအပ်နေပြီး ဆိုလန်ကီ ဂိုးသွင်းခြေတွေ့လာသလို သရဲနီတွေကိုလည်း အထိုက်အလျောက် ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ (၂)ပွဲဆက်သရေကြောင့် ပေါက်ကွဲလာနိုင်သလို စပါးတိုက်စစ်ကလည်း ဂိုးမြူးနေတာမို့ အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းပွဲတော်ကြီး ကျင်းပဖို့ ရှိနေပါတယ်။

Celta Vigo (Vs) Girona

[မြန်မာစံတော်ချိန် ည ၀၆း၃၀ နာရီ ၊ စက်တင်ဘာ ၂၉]

နောက်ဆုံး (၅)ပွဲမှာ နိုင်ပွဲ (၁)ပွဲသာ ရခဲ့တဲ့ ဆဲလ်တာဗီဂိုးဟာ အဝေးကွင်းပွဲနိုင်ပွဲမရှိ ရှုံးနိမ့်ထားပေမဲ့ အိမ်ကွင်းမှာ တီကို ကို ဧည့်ခံကစားထားခဲ့တဲ့ တစ်ပွဲသာ အိမ်ကွင်းရှုံးပွဲ ရင်ဆိုင်ထားခဲ့ရတဲ့ ဆဲလ်တာ တိုက်စစ်အတော်လေးထက်မြက်နေပါတယ်။

ဂျီရိုနာတို့ နိုင်ပွဲပျောက်ဆုံးလာမှုနဲ့အတူ တိုက်စစ်ဂိုးသွင်းနိုင်စွမ်းပါ မရှိတော့တဲ့ အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရပြီး ခံစစ်လည်း ညံ့ဖျင်းလာပါတယ်။ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းထက်ခဲ့တဲ့ ဂျီရိုနာကို မယှဉ်နိုင်ခဲ့ပေမဲ့ ဒီရာသီရုန်းကန်နေရတဲ့ ဂျီရိုနာကို ယှဉ်ကစားနိုင်မှာပါ။

Athletic Club (Vs) Sevilla

[မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ ၊ စက်တင်ဘာ ၂၉]

လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေတဲ့ ဘီလ်ဘာအိုဟာ နိုင်ပွဲတွေပြန်ရနေပြီး ဂိုးသွင်းစွမ်းရည်ပါ တိုးတက်လာတာမို့ လာလီဂါ (၃)ပွဲဆက် နိုင်ပွဲရရှိထားပါတယ်။ ကြားရက်မှာ ရိုးမှားနဲ့ ယူရိုပါလိဒ်မှာ အကြိတ်အနယ်ကစားခဲ့ရလို့ ပွဲပန်းနိုင်ပါတယ်။

ဆီးဗီးလားအသင်းဟာ ကစားသမားကောင်းတွေမရှိတော့တာမို့ ရုန်းကန်နေရတဲ့ အဆင့်သာ ရှိနေပြီး လက်ရှိ အချိန်ထိ အဝေးကွင်းနိုင်ပွဲမရထားသေးသလို ခံစစ်ညံ့အသင်းသာဖြစ်လို့ ဘီလ်ဘာအိုတို့ နိုင်ပွဲဆက်ဦးမှာပါ။

Real Betis (Vs) Espanyol

[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ စက်တင်ဘာ ၂၉]

ဘက်တစ်ရဲ့ ခြေစွမ်းဟာ အတက်အကျကြမ်းနေပြီး လာလီဂါ (၂)ပွဲဆက် နိုင်ပွဲမရထားသလို ဇယားအောက်ဆုံးက လက်စ်ပါးမက်စ် အိမ်ကွင်းမှာ ဘက်တစ်တို့ ချေပဂိုးပြန်ရခဲ့လို့သာ အမှတ်ခွဲယူထားနိုင်ခဲ့တာပါ။

တန်းတက် အက်စ်ပန်ညိုကလည်း မှန်းဆရခက်ခဲတဲ့ အသင်းဆိုပေမဲ့ ဇယားအထက်ပိုင်းက အသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ထားခဲ့ရပါတယ်။ အဝေးကွင်းအားနည်းပြီး နိုင်ပွဲမရသေးတဲ့ အက်စ်ပန်ညိုကို ငြင်းကာ နိုင်ပွဲပျောက်နေ့ရက်တွေကို အဆုံးသတ်လာမဲ့ ဘက်တစ်ဘက်ကိုသာ ရွေးချယ်မယ်။

Atletico Madrid (Vs) Real Madrid

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ စက်တင်ဘာ ၃၀]

ရှုံးပွဲမရှိသေးတဲ့ မက်ဒရစ်ဒါဘီပွဲကြီး ပွဲကောင်းကို ကြည့်ရမှာဖြစ်ပြီး အဝေးကွင်း ရလဒ်ဆိုးပေမဲ့ အိမ်ကွင်းအဆိပ်ပြင်းတဲ့ တီကိုဟာ အသင်းတိုင်းကို အိမ်ကွင်းမှာ ခေါ်ဆုံးမ လေ့ရှိပါတယ်။

အမ်ဘာပေ၊ ဗင်နီဇီးယက်တို့နဲ့ ဂိုးသွင်းမုန်တိုင်း ထန်နေတဲ့ ရီးရဲလ်ဟာ ခံစစ်အတော်လေး ပေါက်နေတာမို့ ပြိုင်ပွဲစုံ (၃)ပွဲဆက် ဂိုးပေးနေရသလို တီကိုနဲ့ တွေ့ဆုံထားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး (၇)ပွဲဆက် အပြန်အလှန်ဂိုးသွင်းထားပါတယ်။ တီကို အိမ်ကွင်း (၂)ပွဲဆက် ရှုံးနိမ့်ထားတဲ့ ရှုံးကြွေးကို အမ်ဘာပေ လက်ထက်မှာ ဆွဲတင်နိုင်မလား ကြည့်ရင်း မက်ဒရစ် ဒါဘီရဲ့ ဂိုးသွင်းပွဲတော်ကြီးကို ခံစားရမှာပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *