စက်တင်ဘာ ၂၇ ပွဲကြိုသုံးသပ်ချက်

စက်တင်ဘာ (၂၇)ညမှာ ကန်မယ့် ပွဲတွေထဲက ပွဲကောင်း (၄)ပွဲဖြစ်တဲ့

  • အေစီမီလန် – လက်ချီ
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ စက်တင်ဘာ ၂၈]
  • ဗယ်လာဒိုးလစ် – မာလော့ကာ
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၂၈]
  • ဒေါ့မွန် – ဘိုချမ်
    [မြန်မာစံတော်ချိန် နံနက် ၀၁း၀၀ ၊ စက်တင်ဘာ ၂၈]
  • ပီအက်စ်ဂျီ – ရင်းနက်စ်
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ စက်တင်ဘာ ၂၈] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

AC Milan Vs Lecce

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ စက်တင်ဘာ ၂၈]

မီလန်ဒါဘီတွေ့ဆုံမှုမှာ လက်ရှိချန်ပီယံ အင်တာနဲ့ ပြိုင်ပွဲစုံ (၆)ပွဲဆက် ရှုံးပွဲတွေ့ထားခဲ့မှုကို နည်းပြသစ်လက်ထက်မှာ နိုင်ပွဲယူပြနိုင်ခဲ့ပေမဲ့ ရလဒ်ပေါင်းစုံထွက်နေတဲ့ အေစီရဲ့ ခံစစ်ကို ပြင်ဆင်ဖို့လိုအပ်နေပါတယ်။ အခုပွဲပြီးရင် လေဗာကူဆင်အိမ်ကွင်းမှာ ချန်ပီယံလိဒ်ကစားရမှာပါ။

အမှတ်ပေးဇယားမှာ ရလဒ်မကောင်းသလို ကြားရက်ကိုပါ အီတလီဖလားလည်း ရှုံးပွဲနဲ့ တိုက်ပွဲဝင်ခဲ့ရတဲ့ လက်ချီဟာ ပြည်တွင်းလိဒ်ကိုသာ အာရုံစိုက်ကစားမှုနဲ့ တန်းမဆန်းရရေးကစားလာနိုင်တဲ့ လက်ချီဟာ အေစီနဲ့ ထိပ်တိုက်တွေ့ဆုံထားတဲ့ (၁၀)ပွဲလုံး မနိုင်ထားပေမဲ့ ဂိုးပြတ်မရှုံးနိုင်တာမို့ ဂိုးပေါ်ကိုသာ ရွေးချယ်မယ်။

ရွေးချယ်မှု - ဂိုးပေါ်

Real Valladolid Vs Mallorca

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၂၈]

တန်းတက်တူ တစ်သင်းကိုသာ နိုင်ပွဲရထားပြီး (၆)ပွဲဆက် သရေ၊ ရှုံးရလဒ်တွေသာ ပိုင်ဆိုင်ထားတဲ့ ဗယ်လာဒိုးလစ်ဟာ တန်းပြန်ဆင်းရမဲ့ အသင်းမျိုးဖြစ်ပြီး လက်ရှိချိန်မှာလည်း တန်းဆင်းဇုန်ထဲကို ရောက်နေပါတယ်။

မာလော့ကာရဲ့ ဒီရာသီခြေစွမ်းအတော်လေးမာကျော ကျစ်လျစ်လာတာကို တွေ့ရပြီး ဂိုးသွင်းအားရှိလာတဲ့ တိုက်စစ်နဲ့ ခံစစ် ကစားပုံကောင်းမွန်လာပါတယ်။ လာလီဂါ (၇)ပွဲ ကစားအပြီးမှာ (၂)ပွဲသာ ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယား အဆင့် (၅)နေရာမှာ ရပ်တည်နေပါတယ်။ ဗယ်လာဒိုးလစ်အသင်းနဲ့ တွေ့ဆုံတိုင်း ရုန်းကန်ရလေ့ရှိပါတယ်။

ရွေးချယ်မှု - မာလော့ကာ

Bourssia Dortmund Vs VfL Bochum

[မြန်မာစံတော်ချိန် နံနက် ၀၁း၀၀ ၊ စက်တင်ဘာ ၂၈]

စတုဂတ် အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ဒေါ့မွန်ရဲ့ အခြေအနေအတော်လေး ဆိုးခဲ့ပြီး ပြိုင်ပွဲစုံ နိုင်ပွဲဆက်နေမှုဟာ အရှက်တကွဲ ဂိုးပြတ်အရှုံးနဲ့ ရပ်တန့်ခဲ့ရတဲ့ အဝါအရောင်တပ်သားတွေဟာ ချန်ပီယံလိဒ်ကိုလည်း ကစားရဖို့ရှိနေပါတယ်။

နိုင်ပွဲပျောက် ဘိုချမ်ဟာ ရမှတ်တစ်မှတ်တောင် နောက်ဆုံးဧည့်ခံကစားခဲ့တဲ့ တန်းတက်ဟော့ စတိန်းကို ခက်ခက်ခဲခြ ကစားခဲ့ရပြီး (၂)ဂိုးစီ သရေကျခဲ့လို့သာ ရမှတ်ဘဲဥကွဲထားတဲ့ ခြေစွမ်းညံ့ဘိုချမ် အနေနဲ့ ဒေါ့မွန်အသင်းကို ၂၀၂၂ခုနှစ် နောက်ပိုင်းကတည်းက အနိုင်မရတော့တာပါ။

ရွေးချယ်မှု - ဒေါ့မွန်

PSG Vs Rennes

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ စက်တင်ဘာ ၂၈]

တိုက်စစ်ကစားအား ကျဆင်းသွားမှုနဲ့အတူ ပီအက်စ်ဂျီတို့ ရီးမက်စ်အိမ်ကွင်းမှာ ပထမဆုံး သရေပွဲနဲ့ စတင် ရင်ဆိုင်ခဲ့ရပြီး ဒုတိယပိုင်း ဒမ်ဘီလီ ပါဝင်လာမှ ချေပဂိုး ပြန်လည်ရရှိထားခဲ့တာပါ။ တိုက်စစ်မှာ ဒမ်ဘီလီ မရှိရင် ဂိုးသွင်းပေးမဲ့ ကစားသမား လိုအပ်နေပါတယ်။

တိုက်စစ်မှာ ပုံမှန်ဂိုးသွင်းနိုင်စွမ်းရှိတဲ့ ကစားသမားတွေ ရှိပေမဲ့ အဝေးကွင်းပွဲတွေ ရှုုံးနိမ့်ထားတဲ့ ရင်းနက်စ်ဟာ ပီအက်စ်ဂျီအိမ်ကွင်းမှာ အဝေးကွင်းနိုင်ပွဲရှာဖွေနိုင်ဖို့ မလွယ်ပေမဲ့ အာဆင်နယ်အိမ်ကွင်းမှာ ချန်ပီယံလိဒ်ကစားရဖို့ ရှိနေတဲ့ ပီအက်စ်ဂျီအသင်းကို ဒုက္ခပေးလာဖို့တော့ရှိပါတယ်။

ရွေးချယ်မှု - ဂိုးပေါ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *