စက်တင်ဘာ ၂၄ ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာကန်မယ့် ပွဲကောင်း (၄) ပွဲဖြစ်တဲ့

  • Sevilla (Vs) Real Valladolid
    [မြန်မာစံတော်ချိန် ည ၁၁း၃၀ ၊ စက်တင်ဘာ ၂၄]
  • Valencia (Vs) Osasuna
    [မြန်မာစံတော်ချိန် ည ၁၁း၃၀ ၊ စက်တင်ဘာ ၂၄]
  • Chelsea (Vs) Barrow
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ စက်တင်ဘာ ၂၅]
  • Manchester City (Vs) Watford
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ စက်တင်ဘာ ၂၅]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

Sevilla (Vs) Real Valladolid

[မြန်မာစံတော်ချိန် ည ၁၁း၃၀ ၊ စက်တင်ဘာ ၂၄]

ဒီရာသီမှာလည်း ခြေစွမ်းကျဆင်းမှုနဲ့အတူ အလာဗက်စ်အသင်းကိုတောင် မယှဉ်နိုင်တော့ ဆီဗီးလားအသင်းရဲ့ ခြေစွမ်းဟာ အတော်လေးဆိုးရွားနေခဲ့ပြီး ရမှတ်တူ တန်းတက်ဗယ်လာဒိုးလစ် အသင်းကိုတော့ နိုင်ပွဲရယူနိုင်ဖို့ ကြိုးစားရမှာပါ။

အိမ်ကွင်း မာကျောပေမဲ့ အဝေးကွင်း ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ဗယ်လာဒိုးလစ်ဟာ ရဂိုး (၂)ဂိုးသာရသေးပြီး ပေးဂိုး (၁၃)ဂိုးအထိ ခွင့်ပြုထားရပါတယ်။ ဆီဗီးလားနဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံး (၁၀)ပွဲလုံး မနိုင်ခဲ့သလို အိမ်ကွင်းသွားကစားထားတဲ့ (၃)ပွဲဆက် (၁-၁) ရလဒ်တွေချည်းကစားခဲ့ပါတယ်။ ဆီဗီးလားဘော်ဒီနဲ့အတူ ဂိုအောက်ကို ရွေးချယ်တာက အသင့်တော်ဆုံးပါ။

ရွေးချယ်မှု - ဂိုးအောက်

Valencia (Vs) Osasuna

[မြန်မာစံတော်ချိန် ည ၁၁း၃၀ ၊ စက်တင်ဘာ ၂၄]

စနေနေ့ညက ကစားထားခဲ့တဲ့ ပွဲမှာ ဂျီရိုနာအသင်းကို ဂိုးပြတ်နိုင်ခဲ့ပြီး ပထမဆုံးနိုင်ပွဲမှာ clean sheet ရခဲ့ကာ အိမ်ကွင်းမှာ အောင်ပွဲခံထားခဲ့တဲ့ ဗယ်လင်စီယာ တို့ဟာ နိုင်ပွဲ ဆက်ဖို့ ခွန်အားဖြစ်စေပါတယ်။

အိုဆာဆူနာရဲ့ အိမ်ကွင်းနိုင်ပွဲဆက်နေမှုဟာ အားရစရာကောင်းပေမဲ့ အဝေးကွင်း (၂)ပွဲလုံး ဂိုးပြတ်ရှုံးနိမ့်ထားပါတယ်။ နည်းပြသစ်လက်ထက်မှာ အဝေးကွင်းဂိုးပြတ် အရှုံးတွေသာ ကြုံတွေ့ထားပြီး ဗယ်လင်စီယာနဲ့ ပွဲမှာ သေချာပေါက်ပြင်ဆင်လာနိုင်လို့ ဂိုးအောက်ကသာ ပိုသေချာမှာပါ။

ရွေးချယ်မှု - ဂိုးအောက်

Chelsea (Vs) Barrow

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ စက်တင်ဘာ ၂၅]

(၂)ပွဲဆက် clean sheet နဲ့ နိုင်ပွဲပြန်ရနေတဲ့ ချဲလ်ဆီးဟာ တိုက်စစ်ကစားသမားတွေ အချိတ်အဆက်မိလာသလို ခံစစ်ကစားအားလည်း ကောင်းမွန်လာတဲ့ ခြင်္သေ့ပြာတပ်သားတွေရဲ့ အိမ်ကွင်းနိုင်ပွဲဟာ ကွန့်ဖရန့်လိဒ်ခြေစစ်ပွဲ ဆာဗက်တေးအသင်းကိုသာ နိုင်ပွဲရထားးခဲ့တာပါ။

လိဒ်(၂)မှာ ဘာရိုးအသင်းခြေစွမ်းပြ အမှတ်ပေးဇယားကို ဦးဆောင်နေပေမဲ့ ခြေစွမ်းအရမ်းကို ကွာတဲ့ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ခံစစ်ပိတ်ပွဲထွက်လာနိုင်ပေမဲ့ ပါမား၊ ဂျက်ဆင်၊ ဆန်ချိုတို့ရဲ့ တိုက်စစ်ကို မိနစ် (၉၀)အတွင်း ခုခံဖို့ မလွယ်ပါဘူး။

ရွေးချယ်မှု - ချဲလ်ဆီး

Manchester City (Vs) Watford

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ ၊ စက်တင်ဘာ ၂၅]

ခြေရည်တူအသင်းတွေနဲ့ ရုန်းကန်ရတာကလွဲရင် မန်စီးတီးတိုက်စစ် အတော်လေးစွာသလို ပြိုင်ပွဲ အရပ်ရပ်ကစားထားတဲ့ မန်စီးတီး အသင်းရှုံးပွဲမရှိကစားထားပေမဲ့ ပြည်တွင်းပွဲတွေသာ ရာနှုန်းပြည့်နိုင်ထားပြီး ဖလားပွဲတွေမှာ သရေကျထားပါတယ်။

ပရီးမီးယားလိဒ်က တန်းဆင်းသွားခဲ့ရတဲ့ ဝက်ဖို့ဒ်ဟာ ချန်ပီယံရှစ်မှာ (၃)နှစ်ဆက် ကျင်လည်ထားပေမဲ့ အလယ်အလတ်အဆင့်ထက် မပိုထားပါဘူး။ သူတို့ရဲ့ နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားသလို အဝေးကွင်း (၂)ပွဲဆက် ရှုံးနိမ့်ထားပါတယ်။

ရွေးချယ်မှု - မန်စီးတီး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *