စက်တင်ဘာ ၂၀ ပွဲကြိုသုံးသပ်ချက်

 စတင်ဘာ ၂၀ မှာ ကန်မယ့် ပွဲကောင်း (၅)ပွဲဖြစ်တဲ့

  • Cagliari [Vs] Empoli
    [မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ၊ စက်တင်ဘာ ၂၀]
  • Deportivo Alaves [Vs] Sevilla
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ စက်တင်ဘာ ၂၁]
  • Augsburg [Vs] Mainz 
    [မြန်မာစံတော်ချိန် နံနက် ၀၁း၀၀ နာရီ၊ စက်တင်ဘာ ၂၁]
  • Hellas Verona [Vs] Torino
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၂၁]
  • Stoke City [Vs] Hull City
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ စက်တင်ဘာ ၂၁] တို့ရဲ့ ပွဲကြိုသုံးသပ်ချက် ။

Cagliari [Vs] Empoli

[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ၊ စက်တင်ဘာ ၂၀]

စီးရီးအေ (၄)ပွဲ ကစားအပြီးမှာ ရဂိုး (၁)ဂိုးသာ ရှိသေးပြီး နိုင်ပွဲပျောက် ကတ်ဂလာရီဟာ တန်းတက်အသင်းတွေနဲ့ အတူ တန်းးဆင်းဇုန်ထဲရောက်နေပါတယ်။ အိမ်ကွင်း(၃)ပွဲအထိ ကစားထားတဲ့ ကတ်ဂလာရီဟာ ပြီးခဲ့တဲ့ အပတ်က နာပိုလီတစ်သင်းကိုသာ ဂိုးပြတ်ရှုံးနိမ့်ထားတာပါ။

တန်းဆင်းဇုန် တံခါး၀ကို ရောက်ခဲ့တဲ့ အမ်ပိုလီဟာ ဒီရာသီခြေစွမ်းပြနိုင်မှုနဲ့ ရိုးမားကို အနိုင်ကစားပြီး ဘိုလော့ဂ်နာ၊ ဂျူဗင်တပ်စ် အသင်းတို့ကို သရေကစားထားနိုင်ခဲ့တဲ့ အထိ ခြေစွမ်းပြကာ ရှုံးပွဲမရှိ ရပ်တည်နေတဲ့ အမ်ပိုလီကို ကတ်ဂလာရီက အိမ်ကွင်းမှာ နိုင်အောင်ကန်မယ်လို့မြင်မိပါတယ်။

ရွေးချယ်မှု - ဂိုးအောက်

Deportivo Alaves [Vs] Sevilla

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ စက်တင်ဘာ ၂၁]

အာလာဗက်စ်ရဲ့ ရုန်းကန်နိုင်စွမ်းဟာ အိမ်ရှင် အက်စ်ပန်ညိုအသင်းရဲ့ နိုင်လိုစိတ်ကို မတားဆီးနိုင်ခဲ့လို့ အဝေးကွင်းမှာ (3-2) ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့တဲ့ အလာဗက်စ်တို့ အိမ်ကွင်း (၂)ပွဲကစားအပြီးမှာ ပေးဂိုးမရှိ (၁)ပွဲသရေ (၁)ပွဲနိုင်ထားပါတယ်။

ဆီးဗီးလားဟာ အဓိက ကစာသမားတွေ ဆုံးရှုံးထားပြီးနောက် နိုင်ပွဲရဖို့ အတော်လေးကြိုးစားနေရသလို နောက်ဆုံးကစားထားတဲ့ပွဲမှာလည်း နိုင်ပွဲပျောက်ဂီတာဖေးအသင်းကို အနိုင်ရယုံသာ ကပ်နိုင်ထားခဲ့လို့ လာလီဂါပထမဆုံးနိုင်ပွဲကို တွေ့ရှိခဲ့ပေမဲ့ စုဖွဲ့အားကောင်းနေတဲ့ အလာဗက်စ်ကို ပြီးခဲ့တဲ့ ရာသီမှာလည်း မနိုင်ခဲ့ပါဘူး။

ရွေးချယ်မှု - ဂိုးအောက်

Augsburg [Vs] Mainz

[မြန်မာစံတော်ချိန် နံနက် ၀၁း၀၀ နာရီ၊ စက်တင်ဘာ ၂၁]

ပထမဆုံးနိုင်ပွဲနဲ့အတူ အိမ်ကွင်းရှုံးပွဲမရှိကစားထားတဲ့ အော့စ်ဘတ်တို့ နည်းပြသစ် ဂျီစ်သောအပ် လက်ထက်မှာ ရလဒ်ပေါင်းစုံထွက်နေပေမဲ့ အော့စ်ဘတ်ရဲ့ ရလဒ်ဆိုးတွေကို အကောင်းဆုံးပြင်ဆင်နိုင်ဖို့ ကြိုးစားနေပါတယ်။

မိန့်ဇ်တို့ ဘွန်ဒတ်လီဂါ (၃)ပွဲ ကစားအပြီးမှာ နိုင်ပွဲမရသေးပေမဲ့ အထိုက်အလျောက်ရုန်းကန်ကစားနေသလို ဘွန်ဒတ်လီဂါအသင်းပီပီ တိုက်စစ်ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ (၃)ပွဲမှာ (၂)ပွဲဆက် ဂိုးပေါ်ခဲ့သလို အော့စ်ဘတ်နဲ့ ထိပ်တိုက်တွေ့ဆုံးထားတဲ့ နောက်ဆုံး (၆)ပွဲမှာ (၂)ဖက်သွင်းဂိုး (၃)ဂိုးနဲ့အထက် (၅)ပွဲအထိ ရှိခဲ့ပါတယ်။

ရွေးချယ်မှု - ဂိုးပေါ်

Hellas Verona [Vs] Torino

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၂၁]

တစ်ပွဲနိုင် တစ်ပွဲရှုံး ရစ်သမ်မှန်နေတဲ့ ဗီရိုနာဟာ ရမှတ် (၆)မှတ်နဲ့ အမှတ်ပေးဇယား အဆင့် (၇)နေရာမှာ ရပ်တည်ထားပြီး သူ့အပေါ်က ရှုံးပွဲမရှိ ကစားနေတဲ့ တိုရီနို အသင်းကို လက်ခံကစားရမှာပါ။

ကျဆင်းလာတဲ့ တိုရီနိုရဲ့ တိုက်စစ်အားဟာ လက်ချီကို ဧည့်ခံကစားထားခဲ့မှုမှာ ဂိုးပေါက်တစ်ကြိမ်တောင် မတည့်ထားခဲ့တဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ အေစီ၊ အတ္တလန်တာ တို့ကို ခြေစွမ်းပြကစားနိုင်ခဲ့သလို ရှုံးပွဲမရှီ ရပ်တည်ထားတဲ့ သူတို့အသင်းအနေနဲ့ ဗီရိုနာကို နောက်ဆုံး (၁၀)ပွဲဆက် မရှုံးနိမ့်ထားပါဘူး။

ရွေးချယ်မှု - တိုရီနို

Stoke City [Vs] Hull City

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ စက်တင်ဘာ ၂၁]

ကြားရက်ကာရာဘောင်းဖလားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ နိုင်ပွဲရထားတဲ့ စတုတ်အသင်းရဲ့ ပြည်တွင်းလိဒ်ခြေစွမ်းဟာ (၂)ပွဲနိုင် (၃)ပွဲရှုံးနိမ့်ထားသလို ခြေစွမ်းပိုင်းအရလည်း တည်ငြိမ်မှုမရှိသေးပါဘူး။

ရာသီပိတ်ပွဲတွေနဲ့ ချစ်ကြည်ရေးပွဲတွေမှာပါ နိုင်ပွဲပျောက်ဆုံးထားတဲ့ ဟူးစီးတီးဟာ ရာသီသစ် (၅)ပွဲကစားအပြီးမှာလည်း နိုင်ပွဲမရထားသေးတဲ့ အသင်းစာရင်းဝင်နေသလို နောက်ဆုံး (၃)ပွဲဆက် တိုက်စစ်ကလည်း ဂိုးပေါက်ပျောက်ဆုံးနေပါတယ်။ ခြေညံခြင်းဆိုပေမဲ့ ဂိုးသွင်းအားရှိတဲ့ စတုတ်ဟာ အိမ်ကွင်းမှာ အကောင်းဆုံး ခြေစွမ်းပြသွားမှာပါ။

ရွေးချယ်မှု - စတုတ်စီးတီး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *