စက်တင်ဘာ ၁၇ ပွဲကြိုသုံးသပ်ချက်

ယနေ့ညမှာကန်မယ့် ပွဲစဉ်ကောင်းများဖြစ်တဲ့

  • Juventus Vs PSV Eindhoven
    [မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ စက်တင်ဘာ ၁၇]
  • Young Boys Vs Aston Villa
    [မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ စက်တင်ဘာ ၁၇]
  • Mallorca Vs Real Sociedad
    [မြန်မာစံတော်ချိန် ည ၁၁း၃၀ ၊ စက်တင်ဘာ ၁၇]
  • AC Milan Vs Liverpool
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၁၈]
  • Bayern Munich Vs Dinamoe Zagreb
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၁၈]
  • Real Madrid Vs VFB Stuttgart
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၁၈]
  • Sporting CP Vs Lille
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၁၈]
  • Manchester United Vs Barnsley
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၁၈]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်များ

Juventus Vs PSV Eindhoven

[မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ စက်တင်ဘာ ၁၇]

ဒီရာသီစီးရီးအေမှာ ခံစစ်ပေးဂိုးမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းဂျူဗင်တပ်ခံစစ်ဟာ အားရစရာကောင်းပေမဲ့ ဂိုးရဖို့ရုန်းကန်နေရတဲ့ တိုက်စစ်ဟာ ပြည်တွင်းလိဒ် (၂)ပွဲဆက် ဂိုးမရှိ သရေကျထားပါတယ်။
နယ်သာလန်ကလပ်အသင်း အိမ့်ဟိုဗန်ဟာ လိဒ် (၅)ပွဲ ကစားအပြီးမှာ (၁)ပွဲ (၂)ဂိုးနှုန်းအထက် ရှုံးပွဲမရှိသေးသလို ရဂိုး (၂၀)ထိဂိုးသွင်းထားတဲ့ တိုက်စစ်ဟာ အတော်လေး အားရစရာကောင်းနေပြီး ထိပ်တိုက်တွေ့ဆုံမှုမရှိသေးတဲ့ (၂)သင်းမှာ ဧည့်သည်အသင်း အိမ့်ဟိုဗန်တို့ အမှားခံဖို့မရှိသလို အိမ်ကွင်းခံစစ်မာတဲ့ ဂျူဗင်ကြောင့် ဂိုးအောက်ကိုသာ ရွေးချင်ပါတယ်။

ရွေးချယ်မှု - ဂိုးအောက်

Young Boys Vs Aston Villa

[မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ စက်တင်ဘာ ၁၇]

ဒီရာသီမှာ ထူးထူးခြားခြား ယန်းဘွိုင်းတို့ ပြည်တွင်းလိဒ် နိုင်ပွဲမရှိ အမှတ်ပေးဇယားအောက်ဆုံးနေရာ ရောက်နေပြီး ဂါလာတာရေးကို ခြေစစ်ပွဲမှာ အနိုင်ယူပြီး တက်လှမ်းလာခဲ့ပေမဲ့ ယန်းဘွိုင်းခံစစ်မှာ အမှားများနေပါသေးတယ်။
အာဆင်နယ်အသင်းကို ရှုံးနိမ့်ထားခဲ့တာက လွဲရင် ဗီလာခြေစွမ်းပိုင်းအားရစရာ ကောင်းနေပေမဲ့ (၄)ပွဲကစားအပြီးမှာ ဂိုးမပေးထားခဲ့ရတဲ့ ပွဲမရှိပါဘူး။ ချန်ပီယံလိဒ်အဖွင့်ပွဲ အတွက် အူနိုင်းအမ်မရီတပ်သားတွေ အားထည့်ကစားလာမှာဖြစ်လို့ ဧည့်သည်အသင်းနဲ့ ဂိုးပေါ် စုံရွေးထားမယ်။

ရွေးချယ်မှု - ဂိုးပေါ်

Mallorca Vs Real Sociedad

[မြန်မာစံတော်ချိန် ည ၁၁း၃၀ ၊ စက်တင်ဘာ ၁၇]

ပွဲစဉ်(၇)ကို ကြိုကစားထားရမဲ့ မာလော့ကာနဲ့ ဆိုဆီဒက်ရဲ့ ပွဲစဉ်မှာ (၄)ပွဲဆက် ဂိုးအောက် ကစားထားခဲ့တဲ့ မာလော့ကာဟာ ဗီလာရီးရဲနဲ့ ပွဲမှာတော့ အပြန်အလှန်ဂိုးသွင်းခဲ့သလို တစ်ယောက်လျော့သွားခဲ့လို့ ရှုံးပွဲတွေ့ခဲ့တယ်။
တစ်ပွဲစီ နိုင်ပွဲရထားပေမဲ့ ဆိုဆီဒက်ဟာ ရှုံးပွဲ (၃)ပွဲထိရှိထားပြီး တိုက်စစ်မှာ ပုံမှန်ဂိုးသွင်းနိုင်တဲ့ ကစားသမားမရှိတာမို့ ခံစစ်အသားပေးကစားနေရတယ်။ သူတို့နှစ်သင်းတွေ့ဆုံထားတဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲမှာ (၈)ပွဲအထိ ဂိုးအောက် ကစားထားပါတယ်။ ကူဘိုလည်းမကယ်နိုင်ဖြစ်နေတဲ့ ဆိုဆီဒက်တိုက်စစ်နဲ့ တစ်ပွဲ (၁)ဂိုးထက် မမြင်ရတဲ့ မာလော့ကာတိုက်စစ်မှာ ဂိုးအောက်ကိုပဲရွေးချယ်ပါမယ်။

ရွေးချယ်မှု - ဂိုးအောက်

AC Milan Vs Liverpool

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၁၈ ]

အေစီကလည်း သူတို့ရဲ့ ပထမဆုံးနိုင်ပွဲကို ဂိုးမိုးရွာကာ clean sheet ရယူထားခဲ့တဲ့ အသင်းဟာ အမှတ်ပေးဇယားအောက်ဆုံးက တန်းတက် ဗင်နီဇီယာဖြစ်လို့ အရမ်းကြီး အထင်ကြီးလို့မရသေးပါဘူး။
(၃)ပွဲဆက် ပေးဂိုးမရှိ နိုင်ပွဲရယူထားခဲ့တဲ့ စံချိန်ဟဟာ အသင်းကြီးတွေကို အမြဲဒုက္ခပေးလေ့ရှိတဲ့ နော်တင်ဟမ်ကို အန်ဖီးလ်မှာ ရှုံးနိမ့်ထားခဲ့ရတဲ့ ကြိုးကြာနီတို့ရဲ့ ပထမဆုံးရှုံးပွဲဟာ မခံချင့်မခံသာ ဖြစ်ခဲ့ရတာမို့ နည်းပြ အာနီစလော့ အတွက် ထိုးနှက်ချက် ဖြစ်ခဲ့တယ်။အေစီနဲ့တွေ့ဆုံထားတဲ့ နောက်ဆုံး (၅)ပွဲလုံး အနိုင်ရထားတဲ့ လီဗာပူးလ်ရဲ့ ပြင်ဆင်လာမှုနဲ့ အတူ သွင်းဂိုးတွေလည်း ပြန်လည်မြင်တွေ့ ရနိုင်လို့ မီလန်နိုမှာ ကြိုးကြာတောင်ပံခတ်သံတွေ ပြန်ကြားလာနိုင်ပါတယ်။

ရွေးချယ်မှု - လီပါပူးလ်

Bayern Munich Vs Dinamoe Zagreb

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၁၈ ]

ကွန်ပနီလက်ထက်နိုင်ပွဲတွေနဲ့ ပြန်လည်စတင်နေတဲ့ ဘိုင်ယန်အသင်းဟာ ဂိုးမုန်တိုင်း တွေထန်နေသလို အဝေးကွင်း (၂)ပွဲလုံး ဂိုးပေးထားရပေမဲ့ အိမ်ကွင်းမှာ ပေးဂိုးမရှိ ကစားထားပါတယ်။ အသင်းငယ် ဒိုင်နမိုဇာဂရတ်ကို ဧည့်ခံကစားရမှာပါ။
ဒိုင်နမိုဇာဂရတ်ဟာ ဘိုင်ယန်နဲ့ မတွေ့ခင် သောကြာနေ့ည ကစားခဲ့တဲ့ ပွဲမှာ ရှုံးပွဲစတွေ့ခဲ့သလို ခြေစွမ်းကွာတဲ့ ဂျာမန်ဘီလူးကြီး အိမ်ကွင်းမှာ ခံကစားဖို့ မလွယ်သလို ၂၀၁၅တွေ့ဆုံမှုမှာ ဂိုးပြတ်ရှုံးနိမ့်ထားပါတယ်။ ချန်ပီယံလိဒ်မှာ မူလာတို့ရဲ့ သွင်းဂိုးတွေကို ဆက်လက်ရေတွက်ရမှာပါ။

ရွေးချယ်မှု - ဘိုင်ယန်မြူးနစ်

Real Madrid Vs VFB Stuttgart

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၁၈ ]


လာလီဂါအဝေးကွင်း (၂)ပွဲဆက် သရေကျထားခဲ့မှုကို ဗင်နီဇီးယက်၊ အမ်ဘာပေတို့ရဲ့ ပင်နယ်တီဂိုးတွေနဲ့သာ နိုင်ပွဲရထားခဲ့တာမို့ အားရကျေနပ်စရာမရှိခဲ့ပါဘူး။လက်ရှိ တိုက်စစ်အစွမ်းနဲ့ ဘာနေဗျူးမှာတော့ ခြင်္သေ့တစ်ကောင်ပါပဲ။
ဂိုရာစီကို ရောင်းချထားပြီး ခေါ်ယူအားဖြည့်ထားတဲ့ တိုက်စစ်မှူးတွေ ခြေစွမ်းပြဂိုးမြူးနေသလို ချန်ပီယံလိဒ်ကို ၂၀၁၀ နောက်ပိုင်းမှ ပြန်ကစားခွင့်ရထားတဲ့ စတုဂတ်တို့ အဖွင့်ပွဲကို ခြေစွမ်းထက် ရီးရဲလ်အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး ပထမဆုံးတွေ့ဆုံပွဲမှာ ဧည့်သည်အသင်း မျက်နှာပန်းလှဖို့မလွယ်ပါဘူး။လက်ရှိ ချန်ပီယံ ရီးရဲလ်ကသာ ပျော်ရွှင်မှု အပြည့်ပေးနိုင်မှာပါ။

ရွေးချယ််မှု - ရီးရဲလ်မက်ဒရစ်

Sporting CP Vs Lille

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၁၈ ]

လမ်းကြောင်းမှန်နဲ့အတူ နိုင်ပွဲရနေတဲ့ စပို့တင်းဟာ လိုင်လီနဲ့ ယူရိုပါလိဒ်တွေ့ဆုံထားခဲ့တဲ့ (၂)ကျော့လုံး အနိုင်ကစားထားနိုင်ခဲ့သလို ခြေစွမ်းပိုင်းမှာလည်းး အတက်ဘက်ကို ရောက်နေပြီး တိုက်စစ်ဂိုးသွင်းအားရှိတဲ့ ခြေစွမ်းမျိုးပါ။
ဆလာဗီးယားနဲ့ ဒုတိယအကျော့ ချန်ပီယံလိဒ်ခြေစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် လိုင်လီတို့ နိုင်ပွဲပျောက်ဆုံးနေပြီး တန်းတက်အသင်း စိန့်အီတီယန်အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ အထိ ခြေစွမ်းကျဆင်းနေတဲ့ ဧည့်သည်အသင်းရဲ့ လက်ရှိခြေစွမ်းအရ ပေါ်တူဂီမြေ စပို့တင်းအိမ်ကွင်းမှာ ရုန်းကန်ရမှာပါ။

ရွေးချယ်မှု - ဂိုးပေါ်

Manchester United Vs Barnsley

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ စက်တင်ဘာ ၁၈ ]

ရှုံးပွဲဆက်နေခဲ့တဲ့ သရဲနီတွေ အိမ်ရှင်ရဲ့ ဖိအားပေးမှုနဲ့အတူ အိုနာနာရဲ့ ပင်နယ်တီကာကွယ်ထားနိုင်မှုကြောင့် နိုင်ပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီး ခံစစ်မှူး ဒီလစ်ရဲ့ ပထမဆုံးပွဲထွက်ခွင့်မှာ အကောင်းဆုံးကာကွယ်ပေးခဲ့သလို ဦးဆောင်ဂိုးစွမ်းဆောင်ပေးနိုင်ခဲ့လို့ သရဲနီတွေအတွက် အားတက်စရာဖြစ်ကာ ဂိုးပြတ်နိုင်ပွဲရခဲ့တယ်။
လိဒ်ဝမ်းက ဘန်စလေဟာ ခြေညံ့အသင်းဖြစ်ပြီး ၂၀၀၉ ကာရာဘောင်းဖလား တွေ့ဆုံမှုမှာ ရှုံးနိမ့်ထားပြီးနောက် တွေ့ဆုံထားမှုမရှိခဲ့သလို လက်ရှိခြေစွမ်းပိုင်းနဲ့ ယှဉ်ကစားနိုင်ဖို့ မရှိတာမို့ သခင်ကြီး မန်ယူရဲ့ အိမ်ကွင်းနိုင်ပွဲပါပဲ။

ရွေးချယ်မှု - မန်ယူ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *