စက်တင်ဘာ (၁၆) ပွဲကြိုသုံးသပ်ချက်

စက်တင်ဘာ ၁၆ ပွဲကြိုသုံးသပ်ချက်

ယနေ့ညမှာ ကန်မယ့် ပွဲကောင်း (၃)ပွဲ ဖြစ်တဲ့

  • Parma Vs Udinese
    [မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ၊ စက်တင်ဘာ ၁၆ ရက်]
  • Lazio Vs Hellas Verona
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၁၇ ရက်]
  • Rayo Vallecano Vs Osasuna
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ စက်တင်ဘာ ၁၇ ရက်]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်များ

Parma Vs Udinese

[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ၊ စက်တင်ဘာ ၁၆ ရက်]

Parma Vs Udinese

နာပိုလီအိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် ပါမားအသင်း တစ်ယောက်လျော့သွားခဲ့လို့ဖြစ်ပြီး လူကာကူရဲ့ ခြေပဂိုးနဲ့ အတူ နိုင်ဂိုးကိုပါ မိနစ် (၉၀)ကျော်မှ ခွင့်ပြုပေးခဲ့ရလို့ နစ်နာခဲ့ရတဲ့ ပါမားဟာ အိမ်ကွင်းကစားထားမှု (၂)ပွဲမှာ ဖီအိုရင်တီးနားကို သရေကစားပြီး အေစီကို အနိုင်ကစားထားခဲ့ပါတယ်။

စီးရီးအေ (၃)ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိ (၇)မှတ်ရှာဖွေထားပြီး အဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ အူဒီးနီးစ်တိုက်စစ်ကလည်း ပွဲတိုင်းဂိုးသွင်းထားပေမဲ့ တိုက်စစ်ကောင်းတဲ့ အသင်းတွေနဲ့ဆို ခံစစ်ဂိုးပြန်ပေးရနှုန်းများနေပါတယ်။ လက်ရှိ (၂)သင်းလုံး ခြေစွမ်းဟာ အမြင့်ဆုံးအချိန်ကို ရောက်နေတာဖြစ်လို့ ပါမားအိမ်ကွင်းမှာ ဂိုးသွင်းပွဲတော်ကြီး ကျင်းပဖို့ရှိနေပါတယ်။

ရွေးချယ်မှု - ဂိုးပေါ်

Rayo Vallecano Vs Osasuna

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ စက်တင်ဘာ ၁၇ ရက်]

Rayo Vallecano Vs Osasuna

ရာသီဖွင့် (၂)ပွဲဆက် မရှုံးထားတဲ့ ဗယ်လီကာနိုဟာ နိုင်ငံတစ်ကာကြားဖြတ်မတိုင်ခင် ဘာစီလိုနာ၊ အက်စ်ပန်ညို အသင်းတို့ကို ခြေမညံ့ခဲ့တဲ့ ဗယ်လီကာနိုတို့ အစောဆုံး ဦးဆောင်ဂိုးတွေ သွင်းထားနိုင်ခဲ့ပေမဲ့ မိနစ် (၉၀)ထိတောင့်ခံ မထားနိုင်ခဲ့လို့ ရှုံးပွဲတွေ့ထားတယ်။

လာလီဂါ (၄)ပွဲ ကစားအပြီးမှာ အိုဆာဆူနာတို့ အိမ်ကွင်း (၃)ပွဲအထိ ကစားထားကာ မရှုံးနိမ့်ခဲ့ပေမဲ့ အဝေးကွင်းညံ့တဲ့ သူတို့အသင်းဟာ ဂျီရိုနာ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဗယ်လီကာနို အိမ်ကွင်းနောက်ဆုံး သွားကစားထားတဲ့ (၂)ပွဲဆက် (၂-၁) ရလဒ်တွေနဲ့ ရှုံးနိမ့်ထားတဲ့ အိုဆာဆူနာကို သရေရှုံးပေးထားတဲ့အတွက် အိမ်ရှင်ဘော်ဒီကိုသာ ရွေးချယ်သင့်ပါတယ်။

ရွေးချယ်မှု - ဂိုးပေါ်

Lazio Vs Hellas Verona

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ စက်တင်ဘာ ၁၇ ရက်]

Lazio Vs Hellas Verona

ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပိုင်းကျဆင်းထားခဲ့လို့ ကစားသမားတွေ ခေါ်ယူထားတဲ့ လာဇီယိုဟာ (၃)ပွဲ ကစားအပြီးမှာ ရလဒ်ပေါင်းစုံထွက်နေပေမဲ့ အိမ်ကွင်းမရှုံးနိမ့်ထားသလို ဗင်နီစီယာကို အနိုင်ရပြီး အေစီကို (၂)ဂိုးစီ သရေ ကစားထားနိုင်ခဲ့ပါတယ်။
နည်းပြသစ်လက်ထက်မှာ ဗီရိုနာခြေစွမ်းတိုးတက်လာသလို သူတို့ရဲ့ အိမ်ကွင်းပွဲတွေမှာ ရှုံးနိမ့်ထားသေးပေမဲ့ အဝေးကွင်း (၂)ပွဲဆက် ပေးဂိုးမရှိ ဂိုးပြတ်နိုင်ပွဲတွေ ရယူထားတဲ့ ဗီရိုနာဟာ အဝေးကွင်းစွာနေပါတယ်။သူတို့ နှစ်သင်းထိပ်တိုက်တွေ့ဆုံထားတဲ့ နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲသရေကျထားပြီး လာဇီယို အိမ်ကွင်း (၂)ပွဲဆက် ဂိုးမသွင်းကာ ရှုံးနိမ့်ထားပါတယ်။ အိမ်ကွင်းမာတဲ့ လာဇီယို အသင်းက ဂိုးပြတ်နိုင်မယ်လို့ ထင်မိပါတယ်။

ရွေးချယ်မှု - လာဇီယို

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *