စက်တင်ဘာ (၁) ပွဲကြိုသုံးသပ်ချက်များ

စက်တင်ဘာ (၁) ပရီးမီးယားလိဒ် ပွဲစဉ်များ

ယနေ့ညမှ ကန်မယ့် ပရီးမီးယားလိဒ် ပွဲစဉ်ကောင်း (၃)ပွဲဖြစ်တဲ့

  • ချဲလ်ဆီး Vs ခရစ္စတယ်ပဲလေ့စ်
    [မြန်မာစံတော်ချိန် ည ၀၇း၀၀၊ စက်တင်ဘာ ၁ရက်]
  • နယူးကာဆယ် Vs စပါး
    [မြန်မာစံတော်ချိန် ည ၀၇း၀၀၊ စက်တင်ဘာ ၁ရက်]
  • မန်ယူ Vs လီပါပူးလ်
    [မြန်မာစံတော်ချိန် ည ၀၉း၃၀၊ စက်တင်ဘာ ၁ ရက်]

တို့ကိုပွဲကြိုသုံးသပ်ပေးထားပါတယ်။

ချဲလ်ဆီး Vs ခရစ္စတယ်ပဲလေ့စ်

[မြန်မာစံတော်ချိန် ည ၀၇း၀၀၊ စက်တင်ဘာ ၁ရက်]
ချဲလ်ဆီး Vs ခရစ္စတယ်ပဲလေ့စ်

ယုံကြည်မှုရခါနီးဆို ယောင်းမမြင်းစီးထွက်တတ်တဲ့ ချဲလ်ဆီးရဲ့ လက်ရှိခြေစွမ်းဟာ မှန်းရခက်ခဲ့ပြီး အသင်းကြီးခြေစွမ်းပျောက်ဆုံးနေပါတယ်။အသင်းအနေနဲ့လည်း စည်းလုံးမှုအား နည်းပါးလာသလို ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာပါ။ပရီးမီးယားလိဂ်မှာ တာထွက်ဆိုးနေတဲ့ ပဲလေ့စ်ဟာ ကြားရက် ကာရာဘောင်းဖလားနဲ့ ပထမဆုံး နိုင်ပွဲကို စရခဲ့ပါတယ်။ အမှတ်ပေးဇယားကို အာရုံစိုက်ကစားဖို့ လိုနေတဲ့ လင်းယုန်တွေဟာ ခြင်္သေ့ပြာ တပ်သားတွေရဲ့ ငယ်နိုင်လိုကိုဖြစ်နေပြီး ထိပ်တိုက်တွေ့ဆုံထားတဲ့ နောက်ဆုံး (၁၄)ပွဲလုံး ရှုံးနိမ့်ထားပါတယ်။ ကွန့်ဖရန့်လိဂ်အဝေးကွင်းမှာ ကံကောင်းလို့ မပြုတ်ခဲ့တဲ့ ခြင်္သေ့ပြာတပ်သားတွေ စတမ်းဖို့ဒ်ဘရေ့မှာတော့ ပျော်ရွှင်မှုအပြည့်ပေးမှာပါ။

ရွေးချယ်မှု - ချဲလ်ဆီး

နယူးကာဆယ် Vs စပါး

[မြန်မာစံတော်ချိန် ည ၀၇း၀၀၊ စက်တင်ဘာ ၁ရက်]
နယူးကာဆယ် Vs စပါး

ဒဏ်ရာရ ကစားသမားတွေ နှိပ်စက်နေတဲ့ ငှက်ကျားတွေဟာ ခြေစွမ်းတည်လို့မရသလို တိုက်စစ်ကလည်း (၁)ပွဲ (၁)ဂိုးထက်ကို ဂိုးမသွင်းနိုင်ဖြစ်နေပြီး ဆောက်သမ်တန်ကို ဧည့်ခံကစားထားတဲ့ အိမ်ကွင်းအဖွင့်ပွဲဟာ (၁-၀) ဆိုတဲ့ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

စပါးဟာ အိမ်ကွင်းမာတာ မှန်ပေမယ့် အဝေးကွင်းခံစစ်ညံ့ဖျင်းနေပါတယ်။ ဆွန်၊ မက်ဒီဆင်၊ တီမိုဝါနာ တို့ ရုန်းထွက်ပြဖို့ လိုအပ်နေသို အဝေးကွင်းအားလို့မရတဲ့ ခြေစွမ်းကို နည်းပြပိုစတယ်ဂလူး သေချာပေါက်ပြင်ဆင်လာမှာပါ။ စိမ့်ဂျိမ်းပါ့ခ်မှာ ရုန်းကန်မှု တစ်ရပ်ဖြစ်နေပေမဲ့ တိုက်စစ်စွမ်းဆောင် ရည်ကျဆင်းနေတဲ့ ငှက်ကျားတွေကို ဒဲ့အနေအထားမှာ ဆွန်ဟောင်မင်းတို့ ပြန်လာသင့်ပါပြီ။

ရွေးချယ်မှု - ချဲလ်ဆီး

မန်ယူ Vs လီပါပူးလ်

[မြန်မာစံတော်ချိန် ည ၀၉း၃၀၊ စက်တင်ဘာ ၁ ရက်]
မန်ယူ Vs လီပါပူးလ်

ပြီးခဲ့တဲ့ အပတ်က ဇင်ယော်တပ်သားတွေအရှုံးက ရုန်းထဖို့လိုအပ်နေတဲ့ သရဲနီတို့ ဒဏ်ရာရကစားသမားတွေများနေသလို အားကိုးရတဲ့ ကစားသမားမရှိတဲ့ တန်ဟက် အသင်းခြေကျနေပေမဲ့ ကြိုးကြာနီတို့ကို ဧည့်ခံကစားထားတဲ့နောက်ဆုံး (၃) ပွဲဆက် မရှုံးနိမ့်ထားပါဘူး။
မိုဟာမက်ဆာလာ ခြေစွမ်းပြမှုနဲ့ နည်းပြသစ် အာနီးစလော့တို့ ပေါင်းစပ်အပြီးမှာ မန်စီးတီးအသင်းကို ယှဉ်ကစားနိုင်ဖို့အထိ အင်အားပြည့်၀မှု၊ ယုံကြည်မှုတွေရနေတဲ့ ကြိုးကြာနီတို့ အိုးထရက်ဖို့ဒ် ရဲ့ ခံစစ်တံတိုင်းကို ၂၀၂၂ နောက်ပိုင်း ဖြိုချမထားနိုင်ခဲ့ပါဘူး။သရဲနီတပ်သားတွေ အဝေးကွင်း ညံ့ပေမဲ့ အိမ်ကွင်းမှာတော့ ပြိုင်ဘက် အသင်းကို အရှုံးမပေးရရေး တိုက်ပွဲဝင်လာမှာပါ။

ရွေးချယ်မှု - လီပါပူးလ်

ဘော်ဒီ-မောင်း ဝါသနာပါတဲ့ ညိုကီတို့အတွက် ၂၄နာရီ အချိန်ပြည့် ဘော်ဒီ-မောင်းကစားနိုင်တဲ့ ဂိမ်းဆိုဒ်ကြီးတွေနဲ့ မိတ်ဆက်ပေးပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *