ဘာလွန်ဒေါ ဆုကိုအသင်းဖော် ရိုဒရီသာ ဆွတ်ခူးသင့်တယ်လို့ ရူဘင်ဒီးယက်စ်ဆို

ဒီကနေ့မှာပဲ ချီးမြှင့်သွားတော့မယ့် ၂၀၂၄ ဘာလွန်းဒေါ ဆုအတွက် အထိုက်တန်ဆုံး ကစားသမားဟာ သူ့ရဲ့ မန်ချက်စတာစီးတီး အသင်းဖော် စပိန် ကွင်းလယ်ကစားသမား ရိုဒရီသာ ဖြစ်သင့်တယ်လို့ မန်စီးတီး နောက်ခံကစားသမား ရူဘင် ဒီးယက်စ်က မှတ်ချက် ပြု ပြောဆိုသွားခဲ့ပါတယ်။

၂၀၂၄ ဘာလွန်းဒေါဆု ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ရီးယဲလ် မက်ဒရစ် ကစားသမားတွေဖြစ်တဲ့ ဗင်နီစီယပ်စ် နဲ့ ဘယ်လင်ဂမ် မန်စီးတီး ကွင်းလယ်ကစားသမား ရိုဒရီတို့က အပြိုင်ရေပန်းစားနေကြတာဖြစ်ပြီး ဒီကစားသမား (၃) ဦးထဲမှာဆိုရင်လဲ ဘရာဇီးလ်ကြယ်ပွင့် ဗင်နီစီယပ်စ်က ရေပန်းအစားဆုံးဖြစ်နေပါတယ်။

လက်ရှိမှာဆိုရင်လည်း ရိုဒရီက ACL ဒဏ်ရာဆိုးကြီးပါ ရရှိခံစားနေရပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းကတော့ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဒ်ဖလားအပြင် စပိန်အသင်းနဲ့အတူ ၂၀၂၄ ယူရိုပါ ဖလားကြီးကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီး ဒါဟာ ရီးယဲလ်နဲ့သာ ဖလားတွေရယူထားနိုင်တဲ့ ဗင်နီစီယပ်စ် ဘယ်လင်ဂမ်တို့ထက် ပိုသာလွန်နေပါတယ်။လတ်တလော ရေပန်းစားနေတဲ့ အတိုင်း ရီးယဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သာ ၂၀၂၄ ဘာလွန်းဒေါဆုရှင် ဖြစ်လာနိုင်ဖို့ အခြေအနေ အများဆုံးဖြစ်နေပါတယ်။

ဒါပေမယ့် မန်စီးတီး ခံစစ်မှူး ဒီးယက်စ်ကတော့ အသင်းဖော် ရိုဒရီနဲ့ ပါတ်သက်ပြီး “ရိုဒရီကသာ ဘာလွန်းဒေါဆုကို ဆွတ်ခူးသင့်ပါတယ်။ သူက အထင်ကြီးလောက်စရာကောင်းတဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရတာပါ။ ဖလားကိုမှ တစ်ခုတည်း ရခဲ့တာမဟုတ်ပါဘူး။ တစ်ရာသီအတွင်းမှာပဲ ဖလား အများကြီးရခဲ့တာပါ။”

 

“သူက ယူရိုဖလားကိုလည်း ဆွတ်ခူးခဲ့သေးတာ။ဒါမျိုးက ဘောလုံးမျိုးဆက်တိုင်းမှာ မြင်တွေ့ရတာမျိုးမဟုတ်တဲ့ အောင်မြင်မှုမျိုးပါ။ နောက်ပြီးတော့ သူဟာ အထူး စပါယ်ရှယ် ကစားသမားတစ်ဦးဖြစ်ဖြစ်တယ်ဆိုတာကို လည်း လုံး၀ သံသယ မရှိပါဘူး။” လို့ မှတ်ချက် ပြု ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ရိုဒရီက သူ့ရဲ့ ACL ဒဏ်ရာဆိုးကြောင့် အခု ဘောလုံးရာသီ တစ်လျှောက်လုံး မန်စီးတီးနဲ့ စပိန်ပွဲစဉ်တွေကို လွှဲချော်ရတော့ မှာဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *