📌ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် ဘယ်လိုဖြတ်သန်းခဲ့လဲ
၂၇ရက် ဧပြီလ ၂၀၂၅ ရက်နေ့ မနေ့ညက ကန်သွားတဲ့ ပွဲစဉ် ၃၄ အပြီးမှာတော့ နည်းပြသစ် အာနီ စလော့ ဦးဆောင်တဲ့ ကြိုးကြာနီ တပ်သားတွေဟာ သူ့တို့ရဲ့ အန်းဖီးကွင်းမှာ ၁ရာသီလုံးလှပစွာရေးချယ်ခဲ့တဲ့ ပန်းချီကား ၁ ချပ်ကို နောက်ဆုံး စုတ်ချက်အနေနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကို ၅-၁ ရလဒ်နဲ့ ဂိုးမိုးရွာပြီး ပွဲကျန် ၄ ပွဲ မကစားရသေးခင်မှာပဲ ဒုတိယနေရာက အာဆင်နယ်အသင်းကို ၁၅ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို ထိုက်ထိုက်တန်တန် ရယူသွားနိုင်ခဲ့ပါတယ်။ မိနစ် ၉၀ အတွင်း လီဗာပူးလ်ဘက်က လူးဝစ်ဒီယက်ဇ် (၁၆ မိနစ်)၊ အယ်လစ္စတာ (၂၄ မိနစ်)၊ ကိုဒီဂက်ပို (၃၄ မိနစ်)၊ မိုဟာမက်ဆာလာ (၆၃ မိနစ်) နှင့် စပါးမှ အိုနိုက်ဒိုဂီ၏ ကိုယ့်ဂိုးကိုယ်သွင်း (၆၉ မိနစ်) နဲ့ ၅ဂိုးသွင်းယူနိုင်ခဲ့ပြီး ၊ စပါးဘက်က ပွဲချိန်စပြီး ၁၂ မိနစ်မှာ ၁ ဂိုးထဲသောသွင်းကို ဆိုလန်ကီး သွင်းယူသွားခဲ့ပါတယ်။

ဂျာဂင် ကလော့လ် ထွက်သွားပြီးတဲ့နောက်မှာ လီဗာပူးလ်အသင်းသားတွေရော ၊ ပရိတ်သတ်တွေပါ ဝမ်းနည်းစွာကျန်ခဲ့ရတဲ့အပြင် အသင်း ရဲ့ နည်းပြအသစ်နဲ့ စမဲ့ ရာသီမှာဘာလိုစွမ်းဆောင်မှုမျိုးတွေလုပ်နိုင်မလဲဆိုတာ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ နည်းပြသစ် အာနီ စလော့ ဟာ ပထမဆုံး သူရောက်လာတဲ့ ရာသီမှာ တခြား ဖလားတွေကနေ ထွက်ခဲ့ရတယ်ဆိုပေမဲ့ အဆင့်တခုရောက်အောင် စွမ်းဆောင်ပြနိုင်ခဲ့သလို ယနေ့မှာလဲ သူတို့အလိုချင်ဆုံး သမိုင်းတွင်မဲ့ အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို ကိုင်မြောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ။
၁ ရာသီလုံးကိုမှ ၂ ပွဲပဲရှုံးထားပြီး ၊ ၇ ပွဲသရေ နဲ့ ၂၅ ပွဲ အနိုင်ရတဲ့အထိ လီဗာပူးလ် အသင်းသားတွေဟာ ခြေစွမ်းပြ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသင်းရဲ့ နောက်တန်းကစားသမား ဗန်ဒိုက်ရဲ့ ခေါင်းဆောင်မှု နဲ့ အတူ အလွန်လျှင်မြန်အားကောင်းတဲ့ မိုဟာမက်ဆာလာ ၊ ဂတ်ပို ၊ လူးဝစ်ဒီယက်ဇ် ၊ နူးနပ် ၊ ဂျိုတာ တိုက်စစ်ဟာလဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ထိုက်တန်တဲ့ ခြေစွမ်းကို ၁ နှစ်အတွင်း ပြသခဲ့ကြပါတယ်။ အသင်းတွင်း ဒဏ်ရာရ ကစားသမား တွေရှိရင်တောင်မှ နောက်တန်း ၊ အလယ်တန်း ၊ရှေ့တန်း အားလုံးမှာ အစားထိုးအသုံးပြုနိုင်တဲ့ အရံကစားသမားတွေရှိနေခြင်းဟာလဲ ဆုဖလားကိုင်မြှောက်နိုင်ဖို့အတွက် အဓိကအချက်ဖြစ်ခဲ့တယ်လို့ဆိုရပါမယ်။
အဓိက အသင်းရဲ့ ကစားကွက်ဖြစ်တဲ့ 4-3-3 မှာဆိုရင် အဓိက ကစားသမားများအနေနဲ့
ဂိုးသမား

အလစ်ဆန် ဘက်ကာ
နောက်တန်း

ထရန့် အလက်ဇန်းဒါး-အာနိုးလ်
(Trent Alexander-Arnold, ညာနောက်ခံ)

ဗာဂျီးလ် ဗန်ဒိုက်ခ်
(Virgil van Dijk, ဗဟိုနောက်ခံ)

အာဘရာဟင်မာ ကိုနာတေး
(Ibrahima Konaté, ဗဟိုနောက်ခံ)

အန်ဒရူး ရော့ဘတ်ဆန်
(Andrew Robertson ,ဘယ်နောက်ခံ)
ကွင်းလယ်

အလက်ဇစ် မက်အလစ္စတာ
(Alexis Mac Allister, ခံစစ်ကွင်းလယ်)

ရိုင်ယန် ဂရာဗင်းဘာ့ခ်ျ
(Ryan Gravenberch)၊

ကာတစ် ဂျုန်းစ်
(Curtis Jones)
တိုက်စစ်

မိုဟာမက် ဆာလာ
(Mohamed Salah, ညာတောင်ပံ)

ဂတ်ပို
(Gakpo, ဘယ်တောင်ပံ)

လူးဝစ် ဒီယက်ဇ်
(Luis Díaz, ဗဟိုတိုက်စစ်မှူး)
တခါတလေ 4-3-3 ကနေ 3-4-3 ကစားကို ပြောင်းကစားတာ ၊ 4-2-3-1 ကစားကွက်နဲ့ ပုံဖော်ကစားတွေလဲရှိတဲ့ တိုက်စစ်အသားပေးကစားပုံတွေဟာ အမှန်တကယ် တိုက်စစ် ရုန်းအားကောင်းတဲ့သူတွေရှိတဲ့ သူတို့အသင်းနဲ့ အံဝင်ဂွင်ကျဖြစ်လို့ ပရီးမီးယားလိဂ် ချန်ပီယံ ကိုယူနိုင်ခဲ့တယ်လို့ ဆိုရပါမယ် ။ ရာသီနောက်ပိုင်းတွေမှာ နောက်တန်း အားနည်းမှုတွေ ၊ အလယ်တန်း ယိုယွင်းမှုတွေ ၊အသင်း Tempo ကျသွားတာတွေ အနည်းငယ်ရှိခဲ့တယ်ဆိုပေမဲ့ လိဂ်ဂိုး ၂၈ ဂိုးထိယခုရာသီမှာ ဂိုးသွင်းယူထားတဲ့ ဆာလာ ဦးဆောင်တဲ့ တိုက်စစ်ဟာ ရလဒ် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်ဆိုတာမျိုး မရှိလှပါဘူး။
လီဗာပူးလ်တို့ရဲ့ ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံ အရယူနိုင်မှုဟာ ရှိပြီးသား ကစားသမားတောင့်တင်းမှု တွေကြောင့်တင်မဟုတ်ပဲ နည်းပြ အာနီ စလော့ ရဲ့ ရှုံးနေတဲ့ အခြေနေမျိုးတွေမှာ နည်းဗျူဟာ အပြောင်းအလဲ လုပ်ပြီး ကစားနိုင်မှုတွေ ဟာ သရေ ရလဒ်လောက်တင်မဟုတ်ပဲ အနိုင်ရလဒ်တွေထိပါပြောင်းလဲနိုင်ခဲ့တာမျိုးလဲ တွေ့ခဲ့ရပါတယ်။ ကစားသမား ၁ ဦးခြင်းစီရဲ့ စိတ်အခြေအနေ နဲ့ စွမ်းဆောင်ရည် ၊ လုပ်ဆောင်နိုင်မှုကို ပွဲ ၁ ပွဲခြင်းစီအလိုက် နေရာချထားနိုင်မှုကောင်းခြင်း နဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ ၁ နှစ်အတွင်း အပတ်စဉ် ကစားရတဲ့ ခရီးရှည်ကို နောက်ဆုံးမှာ ပရီးမီးယားလိဂ် ချန်ပီယံ အောင်ပွဲဆင်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အချက်လက်တွေထဲက ၁ ခုဖြစ်တယ်လို့ ဆိုရပါလိမ့်မယ် ။
📌စံချိန်တွေ နဲ့ သမိုင်းပေးတာဝန်
ထိုက်တန်တဲ့ ကောင်းမွန်တဲ့ ဂိုးရလဒ်တွေ ၊ ကစားသမား စုဖွဲ့မှုတွေ ၊ နည်းဗျူဟာကောင်းတဲ့ အခင်းအကျင်းတွေ ကြောင့် ယနေ့မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဆု အကြိမ် ၂၀ မြောက် ဖလားဟာ လီဗာပူးလ်တို့အတွက်ဖြစ်လာခဲ့ပါပြီ။ ဒီစံချိန်ဟာ အင်္ဂလန် သမိုင်း တလျှောက်မှာ လက်ရှိအများဆုံး စံချိန်ဖြစ်ပြီး ယခု ပရီးမီးယားလိဂ် ချန်ပီယံ ဆုမရခင် ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အင်္ဂလန်ဒါဘီ လဲဖြစ် သူတို့ရဲ့ မဟာပြိုင်ဘက် မန်ချက်စတာယူနိုက်တက်(မန်ယူ) နဲ့ စံချိန်တူသွားခဲ့တာဖြစ်တဲ့အတွက် နောက်နှစ်တွေမှာလဲ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ် ဟာ ပိုလို့တောင်ကြည့်လို့ကောင်းလာမယ်ဆိုတာ ချွင်းချက်မရှိ အမှန်တရားတခုဖြစ်ပါတယ်။ တဖက်မှာလဲ မန်စီးတီးရဲ့ ၄ နှစ်ဆက် ချန်ပီယံ ရရှိနိုင်မှုကို တားဆီးနိုင်ခဲ့တာဖြစ်လို့ ချိုမြိန်တဲ့ အောင်မြင်မှုလို့ ဆိုရပါလိမ့်မယ်။

လီဗာပူးလ် ပရိတ်သတ်တွေ အနေ နဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ချန်ပီယံ (၂၀၁၉-၂၀၂၀) ရတုန်းက ကိုဗစ်ကာလဖြစ်တဲ့ အတွက် ကွင်းအတွင်းမှာ အောင်ပွဲခံခွင့်မရတာကို ဒီနှစ်မှာတော့ မီးကုန်ရမ်းကုန် အောင်ပွဲခွင့်ရခဲ့ပါပြီ။ လီဗာပူးလ် မြို့အနှံ့ အနီရောင်တွေလွှမ်းမိုးထားပြီး ပျော်ရွှင်စရာ ပုံရိပ်တွေနဲ့ မနေ့က တီဗီ ဖန်သားပြင်တွေပေါ်မှာ မြင်တွေ့ခဲ့ရတာကိုလဲ အလွန်ဝမ်းမြောက်မိပါတယ်။ နောက်နှစ်တွေမှာ ဒီလိုမျိုးထပ်ပြီး ဦးဆောင်နိုင်ဦးမလား ဘာတွေ ထပ်လုပ်ပြနိုင်ဦးမလဲ ဆိုတာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ဘယ်အသင်းက ဘယ်လို စံချိန်မျိုးတွေ တင်ပြီး ယူနိုင်မလဲဆိုတာကို အားလုံးပဲ စောင့်ကြည့်ရပါဦးမယ်။
Leave a Reply