အောက်တိုဘာ ၆ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ (၆)ရက် ညမှာ ကန်မယ့် ဘောလုံးပွဲစဉ်များထဲမှ ပွဲစဉ်ကောင်း များဖြစ်တဲ့

  • အက်စတွန်ဗီလာ – မန်ယူ
    England Premier League
    [မြန်မာစံတော်ချိန် ၀၇း၃၀ နာရီ ၊ အောက်တိုဘာ ၆]
  • ချဲလ်ဆီး – နော်တင်ဟမ်
    England Premier League
    [မြန်မာစံတော်ချိန် ၀၇း၃၀ နာရီ ၊ အောက်တိုဘာ ၆]
  • ဘရိုက်တန် – စပါး
    England Premier League
    [မြန်မာစံတော်ချိန် ၁၀း၀၀ နာရီ ၊ အောက်တိုဘာ ၆]
  • အလာဗက်စ် – ဘာစီလိုနာ
    Spain LaLiga
    [မြန်မာစံတော်ချိန် ၀၈း၄၅ နာရီ၊ အောက်တိုဘာ ၆]
  • ဖရန့်ဖတ် – ဘိုင်ယန်
    Germany Bundesliga
    [မြန်မာစံတော်ချိန် ၁၀း၀၀ နာရီ ၊ အောက်တိုဘာ ၆]
  • ဆိုဆီဒက် – အက်သလက်တီကို
    Spain LaLiga
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၇]
  • နိုက်စ် – ပီအက်စ်ဂျီ
    France Ligue 1
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၇] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Aston Villa [Vs] Mancheseter United

[မြန်မာစံတော်ချိန် ၀၇း၃၀ နာရီ ၊ အောက်တိုဘာ ၆]

ချန်ပီယံလိဒ်အမှတ်ပေးဇယားမှာ နိုင်ပွဲရနေတဲ့ ဗီလာဟာ ပေးဂိုးမဲ့ စံချိန်ကို ကျင့်သုံးထားပြီး ဒိတ်ဒိတ်ကျဲ ဘိုင်ယန်ကို အိမ်ကွင်းခေါ်ပြီး ဆုံးမထားခဲ့တဲ့ အူနိုင်းအမ်မရီတပ်သားတွေရဲ့ စိတ်ဓါတ်ပိုင်းဟာ အမြင့်ဆုံးကို ရောက်နေမှာပါ။

သရဲနီတွေကတော့ ယူရိုပါလိဒ် (၂)ပွဲလုံး သရေကျထားလို့ ရလဒ်ဆိုးရွားနေသလို ပြိုင်ပွဲစုံ (၄)ပွဲဆက် နိုင်ပွဲပျောက် နေတဲ့ နည်းပြ တန်ဟက်အတွက် အခုပွဲက ဖိအားပေးလာမှာပါ။ ဗီလာနဲ့ တွေ့ဆုံတိုင်း ဂိုးပြန်ပေးနေရသို အိမ်ကွင်းမာကျောမှုနဲ့ ကစားအားကောင်းနေတဲ့ အူနိုင်းအမ်မရီတပ်သားတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာပါ။ ဒီညတော့ ဗီလာပါ့ခ်မှာ ဂိုးပေါ်ကိုသာ ရွေးချယ်မယ်။

Chelsea [Vs] Nottingham Forest

[မြန်မာစံတော်ချိန် ၀၇း၃၀ နာရီ ၊ အောက်တိုဘာ ၆]

ပြိုင်ပွဲစုံ (၅)ပွဲဆက် နိုင်ပွဲရနေပြီး အိမ်ကွင်း (၃)ပွဲဆက် (၄)ဂိုးနဲ့ အထက်ဂိုးမြူးလာတဲ့ ခြင်္သေ့ပြာတပ်သားတွေရဲ့ ခြေစွမ်းဟာ ယုံကြည်ချင်စရာအနေအထားကို ရောက်လာပြီး အသင်းစုဖွဲ့မှုအား အတော်လေး ကျစ်လစ် လာပါတယ်။

ပြီးခဲ့တဲ့ အပတ်ကမှ ရှုံးပွဲတွေ့ခဲ့တဲ့ နော်တင်ဟမ်ဟာ ခြေစွမ်းထက်အသင်းကြီးတွေဆို ဒုက္ခပေးလေ့ရှိပြီး ဂိုးပြတ်နိုင်ပွဲရနေတဲ့ လီဗာပူးလ်အိမ်ကွင်းမှာတောင် တက်အနိုင်ယူပြထားပါတယ်။ ချဲလ်ဆီး နဲ့တွေ့ဆုံထားတဲ့ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲဆက် ဒုက္ခပေးထားတာမို့ ပုံမှန်ခြေစွမ်းပြန်ရနေတဲ့ နည်းပြ မာရက်စ်ကာ အနေနဲ့ အမှားခံမှာ မဟုတ်ပါဘူး။

Brighton [Vs] Tottenham Hotspur

[မြန်မာစံတော်ချိန် ၁၀း၀၀ နာရီ ၊ အောက်တိုဘာ ၆]

အမြင့်ပျံဇင်ယော်တွေရဲ့ ရှုံးပွဲမရှိစံချိန်ဟာ ခြင်္သေ့ပြာ တပ်သားတွေ အိမ်ကွင်းမှာ စွန့်လွှတ်ခဲ့ရသလို တိုက်စစ်ကောင်းပေမဲ့ ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ ခံစစ်ဟာ ဘရိုက်တန်အသင်းကို ရှုံးပွဲတွေ့စေခဲ့ပါတယ်။ နည်းပြသစ် ဟာဇီလာရဲ့ နည်းဗျူဟာပိုင်းကောင်းသလို အိမ်ကွင်းရှုံးပွဲမရှိ ကစားထားပါတယ်။

ပုံစံကောင်းပြန်ရနေတဲ့ လန်ဒန်ကြက်ဖတွေဟာ ပြိုင်ပွဲအရပ်ရပ် (၅)ပွဲဆက်နိုင်ပွဲရနေပေမဲ့ အဝေးကွင်းပွဲတွေမှာ ရုန်းကန်နေရသလို ပရီးမီးယားလိဒ်အဝေးကွင်း (၃)ပွဲမှာ မန်ယူကို ဂိုးပြတ်နိုင်ခဲ့တာကလွဲရင် ရလဒ်ပေါင်းစုံ ထွက်နေပါတယ်။ အိမ်ကွင်းမရှုံးနိုင်သေးတဲ့ ဇင်ယော်တွေနဲ့ အမြင့်ပျံသန်းထားဦးမယ်။

Deportivo Alaves [Vs] Barcelona

[မြန်မာစံတော်ချိန် ၀၈း၄၅ နာရီ၊ အောက်တိုဘာ ၆]

ဇယားအလယ်က အလာဗက်စ်ဟာ နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲထိ ရှုံးခဲ့ပေမဲ့ အဝေးကွင်းပွဲတွေဖြစ်သလို ဒီရာသီအိမ်ကွင်းရှုံးပွဲမရှိရပ်တည်ထားနိုင်တဲ့ အသင်းတွေထဲမှာပါပြီး အိမ်ကွင်းခြေစွမ်းပြ ကစားထားပေမဲ့ အမှတ်ပေးဇယား ဦးဆောင်နေတဲ့ ဘာစီလိုနာ နဲ့ထိပ်တိုက်တွေ့ဆုံရမှာပါ။

(၃)မှတ်ဖြတ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ အပတ်က ဗီလာရီးရဲလ် အိမ်ကွင်းမှာ ရှုံးပွဲစတွေ့ခဲ့ပေမဲ့ ကြားရက် ချန်ပီယံလိဒ်မှာတော့ ဂိုးပြတ် ပြန်ိုင်ထားခဲ့တဲ့ ဘာစီလိုနာဟာ ဒဏ်ရာရ ကစားသမားတွေများနေပေမဲ့ ယာမယ်လ်လာ၊ လီဝန်ဒေါစကီးကို ရှိတဲ့ တိုက်စစ်ဟာ အလာဗက်စ်ကို ဂိုးသွင်းနိုင်မှာပါ။

Eintracht Frankfurt [Vs] Bayern Munich

[မြန်မာစံတော်ချိန် ၁၀း၀၀ နာရီ ၊ အောက်တိုဘာ ၆]

အမှတ်ပေးဇယား ထိပ်သီးအဆင့် (၂)သင်း အားပြိုင်မှု ဖြစ်ပြီး ဘိုင်ယန်ကို (၁)မှတ်အကွာ လိုက်နေတဲ့ ဖရန့်ဖတ်ဟာ လိဒ်(၅) ပွဲကစားအပြီး (၄)ပွဲအထိ နိုင်ပွဲ ရထားတဲ့ အိမ်ရှင်ဟာ ပြီးခဲ့တဲ့ ရာသီက ဘိုင်ယန်ကို အိမ်ကွင်းမှာ (၅)ဂိုးသွင်ထားနိုင်ခဲ့တာပါ။

နိုင်ပွဲဆက် ဘိုင်ယန်ဟာ လေဗာကူဆင်ကို သရေကျပြီး ပရီးမီးယားလိဒ်အသင်း ဗီလာကို ချန်ပီယံလိဒ်တွေ့ဆုံမှုမှာ ရှုံးနိမ့်ခဲ့တာမို့ ရှုံးပွဲမရှိ စံချိန်ရပ်တန့်သွားခဲ့တဲ့ ဘိုင်ယန်ဟာ ဗီလာကို ဂိုးမသွင်းနိုင်ခဲ့သလို ဟာရီကိန်းလည်း EPL ကအသင်းတွေဆို ဂိုးပေါက်ပျောက်ဆုံး နေပါတယ်။ (၂)ပွဲဆက် ရလဒ်ဆိုးက ရုန်းကန်လာနိုင်ပေမဲ့ ဖရန့်ဖတ်ခြေကိုလည်း မေ့ထားလို့ မရလိုတာမို့ အပြန်အလှန် သွင်းဂိုးတွေရေတက်ရမှာပါ။

Real Sociedad [Vs] Atletico Madrid

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၇]

ကူဘိုကယ်မှ စိုပြေနေတဲ့ ဆိုဆီဒက်အသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၈)ပွဲမှာ (၁)ပွဲသာ နိုင်ခဲ့သလို ခံစစ်အတော်လေးညံ့ဖျင်းနေပြီး ကြားရက် ယူရိုပါလိဒ်ကစားထားကာ အိမ်ကွင်းရှုံးပွဲတွေ့ခဲ့တဲ့ ဆိုဆီဒက် ခြေစွမ်းတည်ငြိမ်မှု ကင်းမဲ့နေပါတယ်။

အိမ်ကွင်းအဆိပ်ပြင်းသလောက် အဝေးကွင်းပွဲတွေမှာ (၁)ဂိုးရဖို့ အံကြိတ်ရုန်းနေရတဲ့ တီကို အသင်းးကလည်း ကြားရက် ချန်ပီယံလိဒ်ကစားထားခဲ့ပြီး ဘင်ဖီကာကို ဂိုးမသွင်းနိုင်ကာ (၄)ဂိုးပြတ်ကို အရေးနိမ့်ခဲ့ပါတယ်။ (၂)သင်းလုံးရဲ့ လက်ရှိခြေစွမ်းဟာ လိမ်ဖယ်လိမ်ဖယ် အဆင့်ဖြစ်ပြီး ဂိုးအောက်သန်တဲ့ (၂)သင်းယှဉ်ပြိုင်မှုမှာ ဂိုးအောက် ကိုသာရွေးချယ်မယ်။

Nice [Vs] PSG

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၇]

ကြားရက်မှာလည်း ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ နိုက်စ်ခံစစ်ဟာ အရင်လိုမာကျော်မှု မရှိတော့တာ အမှန်ပါ။ တန်းတက်အသင်းတွေကိုသာ ဂိုးပြတ်ပေါက်ကွဲထားနိုင်ခဲ့တဲ့ နိုက်စ်အသင်းဟာ ခြေရည်တူအသင်းတွေကိုတောင် ခံကစားဖို့ မလွယ်တော့ပါဘူး။

ရှုံးပွဲမရှိ ရှေ့ဆက်နေတဲ့ ပီအက်စ်ဂျီအသင်းဟာ ကြားရက် ချန်ပီယံလိဒ်မှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာမို့ ပထမဆုံး ရှုံးပွဲတွေ့ခဲ့တဲ့ သူတို့ အသင်းဟာ ခံစစ်လျော့ရဲလာတဲ့ နိုက်စ် ကို ဂိုးပြတ်နိုင်ဖို့ မခက်ပါဘူး။ အစဉ်အလာအရသာတဲ့ ပီအက်စ်ဂျီအသင်း က အရှုံးကနေပြန်ရုန်းထ လာမှာပါ။

Start a Conversation

Your email address will not be published. Required fields are marked *