အောက်တိုဘာ ၄ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ (၄)ရက် ညမှာ ကန်မယ့် ပွဲများထဲမှ ပွဲစဉ်ကောင်း များဖြစ်တဲ့

  • နာပိုလီ – ကိုမို
    [မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ၊ အောက်တိုဘာ ၄]
  • လီဂါနက်စ် – ဗင်လင်စီယာ
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ အောက်တိုဘာ ၅]
  • အော့စ်ဘတ် – မိုချန်ဂလာဘတ်
    [မြန်မာစံတော်ချိန် နံနက် ၀၁း၀၀ နာရီ၊ အောက်တိုဘာ ၅]
  • ဗီရိုနာ – ဗင်နီဇီယာ
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ အောက်တိုဘာ ၅]
  • မာဆေးလ် – အန်းဂါးစ်
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ အောက်တိုဘာ ၅]
  • ဆန်းဒါးလန်း – လိဒ်
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ အောက်တိုဘာ ၅] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Napoli [Vs] Como

[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ၊ အောက်တိုဘာ ၄]

ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ကစားသမားကောင်းတွေနဲ့အတူ ခြေပြန်စွာလာတဲ့ နာပိုလီတိုက်စစ်မှာ ကာဗာစကီလီယာလည်း ဂိုးသွင်းခြေတွေ့လာသလို ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲ ဆက် ခံစစ်ပေးဂိုးမရှိ နာပိုလီအသင်း စုဖွဲ့မှုအားကောင်းနေပါတယ်။

စီးရီးအေကို ရာစုနှစ် (၂)ခုကြာမှ ပြန်တက်လာခဲ့တဲ့ ကိုမိုအသင်းဟာ အသင်းငယ်ဆိုပေမဲ့ ရုန်းကန်မှု အားကောင်းနေပြီး ဂျူဗင်၊ အူဒီးနီးစ် (၂)သင်းကိုသာ ရှုံးနိမ့်ထားတဲ့ ကိုမိုဟာ နောက်ဆုံး (၃)ပွဲမှာ ခြေစွမ်းပြနိုင်မှုနဲ့ ဘိုလော့ဂ်နာကို သရေကစားကာ အတ္တလန်တာ၊ ဗီရိုနာအသင်းတွေကို (၃-၂) ရလဒ်တွေနဲ့ အနိုင်ကစားထားပါတယ်။

Leganes [Vs] Valencia

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ အောက်တိုဘာ ၅]

နိုင်ငံတစ်ကာကြားဖြတ် အပြီးမှာ (၂)ပွဲရှုံး၊ (၂)ပွဲသရေ နဲ့ နိုင်ပွဲပျောက်ဆုံးထားတဲ့ လီဂါနက်စ် အသင်းဟာ နောက်ဆုံး (၂)ပွဲဆက် ရှုံးလည်းမရှုံး နိုင်လည်းမနိုင်ခဲ့ပေမဲ့ အကောင်းဆုံးခြေစွမ်းပြကစားကာ သရေတစ်မှတ် ရှာဖွေစုဆောင်းထားနိုင်ခဲ့ပါတယ်။

ဗယ်လင်စီယာအသင်းဟာ ကစားသမားအချို့ကို ခေါ်ယူအားဖြည့်ထားပေမဲ့ နိုင်ပွဲတစ်ပွဲသာ ရသေးပြီး လာလီဂါ အဝေးကွင်း (၄)ပွဲစလုံး နိုင်ပွဲမရထားသလို ရဂိုး (၁)ဂိုးနဲ့ ပေးဂိုး (၁၀)ဂိုးအထိ ခွင့်ပြုထားရတယ်။သူတို့ နှစ်သင်းထိပ်တိုက်တွေ့ဆုံထားတဲ့ နောက်ဆုံး (၅)ပွဲမှာ (၂)ဂိုးထက်ပိုပြီး ဂိုးမသွင်းထားကြလို့ ဂိုးအောက်ကသာ ပိုကောင်းမှာပါ။

Augsburg [Vs] Borussia M'gladbach

[မြန်မာစံတော်ချိန် နံနက် ၀၁း၀၀ နာရီ၊ အောက်တိုဘာ ၅]

အဝေးကွင်း ဂိုးပြတ်အရှုံးတွေနဲ့ ဘဲဥမကွဲထားတဲ့ အော့စ်ဘတ်ဟာ အိမ်ကွင်း (၃)ပွဲမှာ ရလဒ်ပေါင်းစုံ ထွက်နေပေမဲ့ (၂)ဂိုးနဲ့အထက် ဂိုးမြူးနေတဲ့ အိမ်ကွင်းတိုက်စစ်ဟာ အားရစရာကောင်းပေမဲ့ ခံစစ်ပိုင်းပြင်ဆင်ရမှာပါ။

ဘွန်ဒတ်လီဂါ (၅)ပွဲ ကစားအပြီးမှာ (၂)ပွဲနိုင်၊ (၃)ပွဲရှုံးထားတဲ့ ဂလာဘတ်ဟာ သရေပွဲမရှိကစားထားသလို ဖရန့်ဖတ်၊ စတုဂတ်၊ လေဗာကူဆင်တို့နဲ့ တွေ့ဆုံထားလို့ ရှုံးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က ရှုံးပွဲမရှိ ယူနီယံဘာလင်ကို အနိုင်ကစားထားပေမဲ့ အော့စ်ဘတ်အိမ်ကွင်းခြေကိုလည်း လျော့တွက်လို့မရတာမို့ အပြန်အလှန်သွင်းဂိုးတွေ ရေတွက်ရမှာပါ။

Hellas Verona [Vs] Venezia

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ အောက်တိုဘာ ၅]

ဗီရိုနာရဲ့ နောက်ဆုံး ရှုံးပွဲ (၃)ပွဲမှာ (၂)ပွဲဆက်က တစ်ယောက်လျော့ထားခဲလို့ ရှုံးနိမ့်ခဲ့ပေမဲ့ ဂိုးတွေပြန်သွင်းနိုင်ခဲ့သလို ကပ်သာအရေးနိမ့်ခဲ့ရတဲ့ ဗီရိုနာတိုက်စစ် စီးရီးအေမှာ ဂျူဗင်တပ်စ်အသင်းကိုသာ ဂိုးမသွင်းနိုင်ခဲ့တာပါ။

တန်းတက်အသင်း ဗင်နီဇီယာဟာ စီးရီးအေမှာ နေရာတစ်ခုရနိုင်ဖို့ ကြိုးစားနေပေမဲ့ (၆)ပွဲမှာ (၅)ပွဲအထိ ခြေစွမ်းထက်အသင်းတွေနဲ့ ရင်ဆိုင်ထားခဲ့ရလို့ ရှုံးနိမ့်ခဲ့သလို အဝေးကွင်းခြေစွမ်းအားရစရာမရှိလို့ သူတို့နှစ်သင်းထိပ်တိုက်တွေ့ဆုံထားမှုမှာလည်း ဗီရိုနာအသင်းက အသာစီကစားထားပါတယ်။

Marseille [Vs] Angers

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ၊ အောက်တိုဘာ ၅]

ပြီးခဲ့တဲ့ အပတ်က ရှုံးပွဲတွေ့ခဲ့တဲ့ မာဆေးလ်ရဲ့ နိုင်ပွဲဆက်နေမှုရပ်တန့်သွားခဲ့သလို ထိထိရောက်ရောက် ဂိုးပေါက်ခြိမ်းခြောက်မှုမလုပ်နိုင်ခဲ့တဲ့ ဒီဇာဘီတပ်သားတွေ အိမ်ကွင်းမှာ အကောင်းဆုံးပြင်ဆင်ကာ ပွဲထွက်လာမှာပါ။

အန်းဂါးစ်ဟာ နိုင်ပွဲပျောက်ဆုံးမှုနဲ့ ဇယားအောက်ခြေရောက်နေပြီး ခံစစ်ညံ့ဖျင်းလွန်းတာမို့ လီဂူးမှာ အဖြည့်ခံအသင့်သာရှိသေးတဲ့ ဧည့်သည်အသင်း ရုန်းကန်တိုက်ပွဲဝင်ရဦးမှာပါ။ စထရာဘော့ အရှုံးက ဂိုးပြတ်နိုင်ပွဲနဲ့ ပြန်လာမဲ့ ဒီဇာဘီတပ်သားတွေရဲ့ ဘော်ဒီကို အပိုင်ရွေးမယ်။

Sunderland [Vs] Leeds United

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ၊ အောက်တိုဘာ ၅]

တစ်ပွဲနိုင် တစ်ပွဲရှုံးဖြစ်နေတဲ့ ဆန်းဒါးလန်းဟာ နည်းပြသစ်လက်ထက်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေသလို အိမ်ကွင်း (၄)ပွဲကစားထားပြီး ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ ဆန်းဒါးလန်းရဲ့ အိမ်ကွင်းခံစစ်ဟာ ပေးဂိုးမရှိရပ်တည်ထားပါတယ်။

တာထွက်မကောင်းသလို ရာသီသိမ်းပွဲတွေလည်း ချူချာတက်တဲ့ လိဒ်ဟာ ဘန်လေကို ရှုံးနိမ့်ထားပြီး (၃)ပွဲထိ သရေကျထားခဲ့လို့ အဆင့်(၁)က ဆန်းဒါးလန်းနဲ့ (၃)မှတ်အကွာ အဆင့် (၅)အထိ ရောက်နေတဲ့ လိဒ်ရဲ့ ခြေစွမ်းဟာ မှန်းဆရ ခက်ခဲပါတယ်။ အိမ်ကွင်းစုဖွဲ့မှု အားကောင်းနေတဲ့ ဆန်းဒါးလန်းအသင်းကို လိဒ်ရဲ့ အဝေးကွင်းခြေစွမ်းဟာ ယုံကြည်လို့မရသေးတာမို့ ဂိုးအောက်ကသာ ရွေးထားမယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *