အောက်တိုဘာ (၃၀)ရက် ညမှာ ကန်မယ့် ပွဲစဉ်ကောင်း များဖြစ်တဲ့
- ဘရိုက်တန် [Vs] လီဗာပူးလ် – EFL Carabao Cup
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ အောက်တိုဘာ ၃၁] - မန်ယူ [Vs] လက်စ္စတာစီးတီး – EFL Carabao Cup
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁] - နယူးကာဆယ် [Vs] ချဲလ်ဆီး – EFL Carabao Cup
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁] - ပရစ်တန် [Vs] အာဆင်နယ် – EFL Carabao Cup
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁] - အက်စတွန်ဗီလာ [Vs] ခရစ္စတယ်ပဲလေ့စ် – EFL Carabao Cup
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁] - စပါး [Vs] မန်စီးတီး – EFL Carabao Cup
[မြန်မာစံတော်ချိန် နံနက် ၀၂း၄၅ နာရီ ၊ အောက်တိုဘာ ၃၁] - အမ်ပိုလီ [Vs] အင်တာမီလန် – Italy Serie A
[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ အောက်တိုဘာ ၃၁] - ဗင်နီဇီယာ [Vs] အူဒီးနီးစ် – Italy Serie A
[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ အောက်တိုဘာ ၃၁] - ဂျူဗင်တပ်စ် [Vs] ပါးမား – Italy Serie A
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁] - အတ္တလန်တာ [Vs] မွန်ဇာ – Italy Serie A
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
Brighton [Vs] Liverpool
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ အောက်တိုဘာ ၃၁]
တန်းဆင်းဇုန်ထဲက ဝုဗ်ကို အိမ်ကွင်းမှာ သရေကျခဲ့တာမို့ အမှတ်ခွဲပေးလိုက်ရတဲ့ ဇင်ယော်တွေအတွက် နစ်နာခဲ့သလို လီဗာပူးလ်အသင်းနဲ့ ကာရာဘောင်၊ EPL (၂)ပွဲဆက် ဖြတ်သန်းပြီး မန်စီးတီးအသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်လို့ ပွဲကြပ်တွေကြားမှာ လဲ မကျရေးကစားရမှာပါ။
အမ်းမရိတ်မှာ သရေကစားနိုင်ခဲ့တဲ့ အာနီစလော့ရဲ့ မှတ်တမ်းသစ်တွေနဲ့ လီဗာပူးလ်အသင်းကို အကောင်းဆုံးပုံစံ ဆက်လက်မြင်တွေ့နေရပြီး ကွင်းမရွေး ဂိုးမြူးနေသလို တိုက်စစ်မှူးဆာလာဟာ အထူးခြေစွမ်းပြ ဂိုးသွင်းနေပါတယ်။ ဇင်ယော်တွေအရပ်မှာ ကြိုးကြာတောင်ပံခတ်သံတွေ ရပ်တန့်ဦးမှာ မဟုတ်ပါဘူး။
Manchester United [Vs] Leicester City
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁]
ဝက်စ်ဟမ်းကို ရှုံးနိမ့်အပြီးမှာ တန်းဆင်းဇုန်အရပ်ကို ခြေပြန်လှည့်လာတဲ့ အခြေအနေဆိုးကို ဖြေရှင်းနိုင်ဖို့အတွက် နည်းပြ တန်ဟက်ကို ထုတ်ပယ်ခဲ့ပြီမို့ သရဲနီဖန်တွေ အတွက် အပျော်ကြီး ပျော်စရာပါ။ လက်ထောက်နည်းပြနဲ့ ပွဲထွက်လာမဲ့ မန်ယူရဲ့ အိမ်ကွင်းရလဒ်ကို ကြည့်ရမှာပါ။
ပရီးမီးယားလိဒ် (၂)ပွဲ ဆက်နိုင်ပွဲရထားတဲ့ လက်စ္စတာကို နော်တင်ဟမ်တပ်သားတွေရဲ့ အကောင်းဆုံး တိုက်စစ်အောက်မှာ မြေခွေးတွေ ရှုံးပွဲ ပြန်တွေ့ခဲ့ပါတယ်။ နည်းပြသစ်လက်ထက်မှာ ဂျိမ်းဗာဒီတို့ တစ်သိုက် ဂိုးသွင်းခြေတွေ့နေပေမဲ့ အသင်းကောင်းတွေနဲ့ဆို ခံစစ် စိတ်မချရပါဘူး။ အိုးထရက်ဖို့ဒ်မှာ အပျော်ကြီး ပျော်ရမဲ့ သရဲနီတပ်သားတို့ရဲ့ ဂိုးပြတ်နိုင်ပွဲကို ရင်ခုန်စွာ ကြည့်ရမယ်။
New Castle [Vs] Chelsea
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁]
စတမ်းဖို့ဒ်ဘရေ့မှာ အကောင်းဆုံး ပျံသန်းထားခဲ့ပေမဲ့ တိုးတက်လာတဲ့ ချဲလ်ဆီးတိုက်စစ်ကို ကာကွယ်ထားနိုင်ခဲ့ခြင်း မရှိတဲ့ ငှက်ကျားတွေဟာ ရာသီတိုင်း ဒဏ်ရာ ရကစားသမားတွေ နှိပ်စက်ထားသလို ပြိုင်ပွဲ စုံနောက်ဆုံး (၆)ပွဲမှာလည်း (၁)ပွဲသာ နိုင်ထားပါတယ်။
အပြာရောင်စစ်သည်တော်တွေ အင်အားပြည့်ကစားလာတာမို့ ပြိုင်ပွဲအရပ်ရပ်မှာ ခြေစွမ်းပြ ကစားနေပြီး ပြိုင်ပွဲ (၂)ရက် စာ လုံလောက်တဲ့ လူအင်အားနဲ့ အရွေ့တစ်ခုကို ရွေ့နေတဲ့ ခြင်္သေ့ပြာ တပ်သားတွေဟာ ပါမား၊ ဂျက်ဆင်တို့ တစ်သိုက်နဲ့ အနိုင်ယူထားခဲ့တဲ့ ငှက်ကျားတွေကို ဂျိုဖီးလစ်၊ မူဒရစ်တို့ရဲ့ မတူညီတဲ့ ပုံစံနဲ့ ကစားလာမှာဖြစ်လို့ အိမ်ရှင် တို့ မှန်းရခက်ခဲမှာပါ။ စိန့်ဂျိမ်းပေါ့ခ်မှာလည်း ဂိုးသွင်းပွဲတော် တရပ် ဆက်လက်ကျင်းပမယ်။
Preston North End [Vs] Arsenal
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁]
ပရစ်တန်ဟာ အဝေးကွင်းရုန်းကန်နေရတဲ့ အသင်းဆိုပေမဲ့ အိမ်ကွင်းရှုံးပွဲ (၁)ပွဲသာ ရှိသေးသလို ကာရာဘောင် ဖလားမှာ ဆန်းဒါးလန်း၊ ဖူလ်ဟမ်အသင်းတွေကို အနိုင်ယူပြီးးတက်လှမ်းလာခဲ့ပေမဲ့ ပရီးမီးယားလိဒ်က ဖလားနဲ့ ဝေးကွာနေတဲ့ ဆင်ပျံကြီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။
လီဗာပူးလ်နဲ့တွေ့ဆုံမှုမှာ သရေကျခဲ့လို့ မန်စီးတီးအသင်းနဲ့ (၅)မှတ်ပြတ် အနေထားထိ ရောက်သွားတဲ့ ဂန်းနားတွေ ပြိုင်ပွဲစုံ အာရုံစိုက် ကစားဖို့လိုအပ်နေချိန်မှာ ဒဏ်ရာရကစားသမားတိုးလာသလို အာတီတာတို့ရဲ့ ရှေ့ပွဲစဉ်တွေကလည်း ဆူးခင်းလမ်းတွေစောင့်နေပြီး အိမ်ကွင်းခြေလျော့တွက်လို့မရတဲ့ ပရစ်တန်အရပ်မှာ ခက်ခဲနိုင်ပါတယ်။ အဝေးကွင်းနိုင်ပွဲ သိမ်းပိုက်နိုင်ပေမဲ့ ဂိုးအောက်ကို ပိုအကြိုက်တွေ့မိပါတယ်။
Aston Villa [Vs] Crystal Palace
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁]
ယုံကြည်မှုအမြင့်ဆုံးနဲ့ ခရီးထွက်နေတဲ့ ဗီလာဟာ ဘုန်းမောက်ကို (၃)မှတ်အပြည့်ရပြီးမှ နော်ကဆုံး စက္ကန့်မှာ ခွင့်ပြုလိုက်ရတဲ့ ပေးဂိုးဟာ လူကပ်ညံ့ခဲ့သလို အူနိုင်းအမ်မရီတပ်သားတွေရဲ့ ပေါ့ဆမှုကြောင့် လို့သာ ပြောရမှာပါ။
EPL (၈)ပွဲဆက် နိုင်ပွဲပျော်ကဆုံးထားမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ လင်းယုန်တပ်သားတွေဟာ တန်းဆင်းဇုန်အရပ်က ထွက်ခွာနိုင်ခဲ့လို အောင်ပွဲခံနေပေမယ့် ဗီလာပါခ့်မှာ ကာရာဘောင်းဖလားအတွက် တိုက်ပွဲဝင်ရမဲ့ အိုလီဗာဂလက်စ်နာရဲ့ အောင်ပွဲဟာ (၃)ရက် ခံ အဆင့်ပါ။ အရပ်မျက်နှာအစုံ ကို ဖွင့်တိုက်နေရတဲ့ အူနိုင်းအမ်မရီတပ်သားတွေနဲ့သာ ဆက်မိုက်ကြည့်မယ်။
Tottenham Hotsupr [Vs] Manchester City
[မြန်မာစံတော်ချိန် နံနက် ၀၂း၄၅ နာရီ ၊ အောက်တိုဘာ ၃၁]
ပရီးမီးယားလိဒ်မှာ နိုင်ပွဲမရထားသလို ၂၀၂၁ နောက်ပိုင်းတွေ့ဆုံပွဲတွေမှာလည်း ဂိုးပြတ်နိုင်ပွဲတွေ ရယူထားတဲ့ ပဲလေ့စ်ကို (၁-၀)နဲ့ ကပ်အရေးနိမ့်ခဲ့တဲ့ ပိုစတယ် ဂလူးဟာ စပါးပရိတ်သတ်တွေရဲ့ အမုန်းဒဏ်ကို ခံနေရပြီး ရလဒ် ဆိုးရွားလာသလို အမှတ်ပေးဇယားမှာလည်း အတော်လေး ကျဆင်းလာတဲ့ စပါးဟာ ကာရာဘောင် ဖလားမှာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။
အိမ်ကွင်းမှာ ဂိုးသွင်းလေ့ကျင့်ဖို့ ပြင်ဆင်ခဲ့တဲ့ ဟာလန်းတို့ အစောဆုံး သွင်းဂိုးနဲ့သာ ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့ပေမဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ပြန်ရခဲ့သလို ပြီးခဲ့တဲ့ ရာသီ FA ဖလားတွေ့ဆုံမှုမှာလည်း စပါးကို ကပ်နိုင်ခဲ့ပါတယ်။ စပါးခံစစ်ဟာ တိုက်စစ်ထက် အသင်းတွေအောက်မှာ အလုပ်မဖြစ်သေးသလို ဂွါဒီယိုလာ တိုက်စစ်ကိုလည်း ခုခံနိုင်ဖို့ မလွယ်ပါဘူး။ မြောက်လန်ဒန်မှာ မိုးပြာရောင်တပ်သားတွေ လွှမ်းမိုးဖို့ ကြိုးစားလာမှာပါ။
Empoli [Vs] Inter Milan
[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ အောက်တိုဘာ ၃၁]
ဇယားအလယ်က အမ်ပိုလီဟာ အိမ်ကွင်းနောက်ဆုံး ကစားထားတဲ့ နာပိုလီတစ်သင်းကို သာ ကပ်ရှုံးထားခဲ့တဲ့ ပွဲမှာ သူတို့ရဲ့ အိမ်ကွင်း ပထမဆုံး ပေးဂိုးကို ခွင့်ပြုထားရတဲ့အထိ အိမ်ကွင်းစွာနေပေမဲ့ နိုင်ပွဲမရထားသလို ရဂိုးလည်း မရှိသေးပါဘူး။
လက်ရှိချန်ပီယံအင်တာဟာ ဂျူဗင်နဲ့ ဆက်လက်သရေကျထားခဲ့တာမို့ အဆင့်(၁)က နာပိုလီနဲ့ (၄)မှတ် ပြတ်ကျန်နေခဲ့သလို အိမ်ကွင်းခြေစွမ်းပြ ကစားလေ့ရှိတဲ့ အမ်ပိုလီအရပ်မှာ အင်တာအသင်းရုန်းကန်ရလေ့ ရှိပါတယ်။
Venezia [Vs] Udinese
[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ အောက်တိုဘာ ၃၁]
တန်းတက် ဗင်နီဇီယာအတွက် စီးရီးအေမှာ နေရာမရှိတဲ့ အသင်းဖြစ်ပြီး တန်းဆင်းဇုန်ထဲ ရောက်နေသလို ဂျီနိုအာ တစ်သင်းကိုသာ နိုင်ပွဲရထားတဲ့ သူတို့ဟာ နောက်ဆုံး ကစားထားတဲ့ မွန်ဇာ အိမ်ကွင်းမှာတော့ သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။
ခြေစွမ်းပြ အသင်းကြီးတွေကလွဲရင် မရှုံးနိမ့်ထားတဲ့ အူဒီးနီးစ်အသင်းကလည်း ဂျာမနီသား ကိုင်တွယ်ထားတဲ့ နည်းပြသစ်လက်ထက်မှာ အဆင့်(၇)နေရာ ထိ စွမ်းဆောင်ပေးထားပါတယ်။ ဂိုးအောက်အများဆုံး ကစားနေတဲ့ (၂)သင်းမှာ ဒဲ့အနေအထားပေါက်တဲ့ စျေးတန်းအရ အူဒီးနီးစ် နိုင်၊ မနိုင်ကြည့်ရင်း ဂိုးအောက်နဲ့ စွန့်စားမယ်။
Juventus [Vs] PARMA
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁]
ဂျူဗင်တို့ အင်တာအိမ်ကွင်းမှာ သရေ တစ်မှတ်ခွဲယူထားနိုင်ခဲ့ပြီး အရှုံးမပေးကာ အပြန်အလှန် ဂိုးသွင်းထားနိုင်ခဲ့တဲ့အတထိ အိုလေဒီတို့ တိုက်စစ် အရှုံးမပေးခဲ့သလလို စီးရီးအေ ရှုံးပွဲမရှိ ကစားထားပေမဲ့ နိုင်ပွဲ (၄)ပွဲသာ ရသေးပြီး (၅)ပွဲ အထိ သရေကျထားပါတယ်။
နောက်ဆုံး (၇)ပွဲဆက် နိုင်ပွဲပျောက် ပါမားဟာ (၃)ပွဲဆက် သရေကျထားတာမို့ တန်းဆင်းဇုန်နဲ့ (၂)မှတ်သာ ကွာတော့သလို ခံစစ်အသားပေးကစားထားပေမဲ့ အားကိုးစရာမရှိတဲ့ တိုက်စစ်ကြောင့် ဂျူဗင်တပ် အသင်းကို ခံစစ်အားပြု ကစားဖို့ မလွယ်ပါဘူး၊၊
Atalanta [Vs] Monza
[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ အောက်တိုဘာ ၃၁]
နိုင်ပွဲဆက် အတ္တလန်တာဟာ ဗီရိုနာကို (၆)ဂိုးပြတ် နိုင်ပွဲနဲ့ အတူ အဆင့် (၅)နေရာထိ တက်လှမ်းလာခဲ့ပါပြီ။ ဒီရာသီ စီးရီးအေမှာ သွင်းဂိုး အများဆုံး သွင်းထားတဲ့ အတ္တလန်တာရဲ့ တိုက်စစ်ဟာ ရပ်တန့်လို့ မရအောင် ဂိုးမြူးနေပါတယ်။
တန်းဆင်းဇုန်ရပ်ဝန်းမှာမို့ မွန်ဇာတို့ ဖိရုန်းနေကာ နောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲမရှိ ကစားထားပေမဲ့ အတ္တလန်တာ အိမ်ကွင်းမှာတော့ ဒူးထောက် အညံ့ခံရဖို့ရှိပါတယ်။ ဒါ့အပြင် အတ္တလန်တာ အသင်းနဲ့ နောက်ဆုံးတွေ့ဆုံမှု (၅)ပွဲမှာ (၄)ပွဲဆက် ရှုံးထားတဲ့ မွန်ဇာကို အိမ်ရှင်တို့က နိုင်ပွဲဆက်ဦးမယ့် အနေအထားပါ။