အောက်တိုဘာ ၃ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ (၃) ညမှာ ကန်မယ့် ယူရိုပါလိဒ် ပွဲစဉ်များဖြစ်တဲ့

  • ဖီရန်ဗားရို့စ် – စပါး
    [မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ အောက်တိုဘာ ၃]
  • လာဇီယို – နိုက်စ်
    [မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ အောက်တိုဘာ ၃ ]
  • ချဲလ်ဆီး – ဂျန့်
    [မြန်မာစံတော်ချိန် မနက် ၀၁း၃၀ ၊ အောက်တိုဘာ ၄]
  • အယ်ဘော့ – ရိုးမား
    [မြန်မာစံတော်ချိန် မနက် ၀၁း၃၀ ၊ အောက်တိုဘာ ၄ ]
  • ဘီလ်ဘာအို – အယ်ခမာ
    [မြန်မာစံတော်ချိန် မနက် ၀၁း၃၀ ၊ အောက်တိုဘာ ၄ ]
  • ပေါ်တို – မန်ယူ
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၄]
    တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

Ferencvaros [Vs] Tottenham Hotspur

[မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ အောက်တိုဘာ ၃]

ချန်ပီယံလိဒ်က ပြုတ်ခဲ့ပြီး ယူရိုပါလိဒ်ရောက်လာတဲ့ ဖီရန်ဗားရို့စ်အသင်းဟာ ပြည်တွင်းလိဒ်မှာသာ ခြေစွာနေပြီး ယူရိုပါလိဒ်အဖွင့်ပွဲကို ရှုံးနိမ့်ထားခဲ့ပါတယ်။ထိပ်တိုက် မတွေ့ထားသလို ခြေစွမ်းလည်းကွာတာမို့ ပေးဂိုးမများဖို့သာ ဆုတောင်းရမှာပါ။

နယူးကာဆယ်၊ အာဆင်နယ်အရှုံးက ရုန်းထနိုင်ခဲ့တဲ့ စပါးဟာ ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲရနေပြီး (၃)ပွဲဆက် (၃)ဂိုးနှုန်း ဂိုးသွင်းနေသလို ၂၀၂၀ နောက်ပိုင်း မန်ယူအိမ်ကွင်းမှာ ဂိုးပြတ် ပြန်နိုင်ခဲ့တာပါ။ ဒါကြောင့် ရလဒ်ကောင်းပိုင်ဆိုင်လာမဲ့ လန်ဒန်ကြက်ဖတွေနဲ့သာ ရပ်တည်မယ်။

Lazio [Vs] Nice

[မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ အောက်တိုဘာ ၃]

ရလဒ်ပိုင်းတည်ငြိမ်မှု မရှိသေးပေမဲ့ လာဇီယိုတိုက်စစ် ကွင်းမရွေးဂိုးသွင်းနေပါတယ်။ အိမ်ကွင်းရှုံးပွဲမရှိ ကစားထားသလို ယူရိုပါလိဒ်အဖွင့်လည်း ဂိုးပြတ်နိုင်ထားတဲ့ လာဇီယိုဟာ နောက်တစ်ဆင့်အတွက် အလားအလာရှိပါတယ်။

ခြေစွမ်းထက် အသင်းကောင်းတွေနဲ့ဆို ထိန်းချုပ်ကစားမှုအားကောင်းပေမဲ့ တိုက်စစ်အားလျော့နည်းတတ်သလို ခံစစ်အသားပေး ကစားလေ့ရှိပါတယ်။ နိုက်စ်အနေနဲ့ လာဇီယိုအသင်းကို ထိန်းကစားနိုင်ရင် နောက်တဆင့်တွက် အခြေအနေကောင်းမှာပါ။

Elfsborg [Vs] Roma

[မြန်မာစံတော်ချိန် မနက် ၀၁း၃၀ ၊ အောက်တိုဘာ ၄]

အယ်လ်ဘော့တို့ အကောင်းဆုံးခြေစွမ်းပြ ကစားလာနေသလို အသင်းငယ်ဆိုပေမဲ့ အယ်ခမာ အိမ်ကွင်းမှာ အပြန်အလှန်ဂိုးသွင်းကာ ဒုက္ခပေးနိုင်ခဲ့တဲ့ အထိ ဂိုးသွင်းခြေ အသင့်အတင့်ရှိတဲ့ အသင်းပါ။

နည်းပြသစ်နဲ့ အကောင်းဆုံး ပြန်လည်ဖွဲ့စည်းလာတဲ့ ရိုးမားမှာ ခြေစွမ်းပြနိုင်လို့ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးလာတဲ့ ဒိုဘာလလာဟာ နေရာတစ်ခုပြန်ရဖို့ လိုအပ်နေပြီး တိုက်စစ်မှူး Dovbyk တို့ ဂိုးသွင်းခြေတွေ့လာပါတယ်။ ဘီလ်ဘာအိုနဲ့ သရေကျထားခဲ့တာမို့ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ဆို ရိုးမားတို့ ရုန်းကန်ရမှာပါ။

Athletic Club [Vs] AZ Alkmaar

[မြန်မာစံတော်ချိန် မနက် ၀၁း၃၀ ၊ အောက်တိုဘာ ၄]

လာလီဂါ အမှတ်ပေးဇယား အဆင့် (၅)နေရာအထိ ပြန်ရောက်လာတဲ့ ဘီလ်ဘာအိုဟာ တီကို၊ ဘာစီလိုနာတို့ကိုသာ ရှုံးနိမ့်ထားပြီး ယူရိုပါလိဒ်အဖွင့်ပွဲကိုလည်း ရိုးမား အိမ်ကွင်းမှာ အမှတ်ခွဲယူထားနိုင်ခဲ့တဲ့ ဘီလ်ဘာအိုတို့ အိမ်ကွင်းနိုင်ပွဲရယူဖို့ ကြိုးစားလာမှာပါ။

တနင်္ဂနွေနေ့ညက ရှုံးပွဲတွေ့ထားခဲ့တဲ့ AZ အယ်ခမာ အသင်းဟာ တိုက်စစ်ထက်အသင်းဖြစ်ပြီး ဒီရာသီရှုံးပွဲ (၁)ပွဲသာ ရှိသေးပါတယ်။ ခံစစ်စိတ်မချရပေမဲ့ ဂိုးသွင်းနိုင်စွမ်းရှိတဲ့ ကစားသမားတွေရှိလို့ အဖွင့်ပွဲမှာ အယ်လ်ဘော့ကို အနိုင်ရရှိထားပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ရှိပေမဲ့ နိုင်ပွဲအရယူမဲ့ အိမ်ရှင် ဘီလ်ဘာအို အသင်းကို အကြိုက်တွေ့မိပါတယ်။

FC Porto [Vs] Manchester United

[မြန်မာစံတော်ချိန် မနက် ၀၁း၃၀ ၊ အောက်တိုဘာ ၄]

ပေါ်တူဂီကလပ်အသင်းပေါ်တိုဟာ ခြေစွမ်းထက် စပို့တင်း၊ ဘင်ဇီကာအသင်းတို့နဲ့ အမှတ်ပေးဖလား ချန်ပီယံကို အပြိုင်လုနေရသလို တစ်ယောက်လျော့ ဘိုဒိုဂလင့်ကို အရေးနိမ့်ထားခဲ့တဲ့ ပေါ်တို တို့ အဝေးကွင်းပွဲတွေဖြစ်တာမို့ အိမ်ကွင်းစံချိန်ကို ထိန်းသိမ်းလာမှာပါ။

အသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်း ဂိုးပြတ်အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့အထိ မန်ယူအသင်း အတော်လေး အခြေအနေဆိုးနေကာ အသင်းကြီး ခြေစွမ်းမရှိတော့ဘူးလားလို့ မေးခွန်းထုတ်ရတော့မှာပါ။ ပြိုင်ပွဲစုံနောက်ဆုံး (၃)ပွဲမှာဆိုရင်လည်း (၁)ဂိုးသာ သွင်းထားနိုင်တဲ့ မန်ယူ တိုက်စစ်ဟာ ပေါ်တိုကိုဘယ်လိုယှဉ်ပြိုင်လာမလဲဆိုတာကို စောင့်ကြည့်ရပါမယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *