အောက်တိုဘာ ၂၇ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ ၂၇ ပွဲကြိုသုံးသပ်ချက် ပွဲစဉ်များ

အောက်တိုဘာ (၂၇)ရက် ညမှာ ကန်မယ့် ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ချဲလ်ဆီး [Vs] နယူးကာဆယ် – Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၇]
  • ခရစ္စတယ်ပဲလေ့စ် [Vs] စပါး – Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၇]
  • ဝက်စ်ဟမ်း [Vs] မန်ယူ – Premier League
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၇]
  • အာဆင်နယ် [Vs] လီဗာပူးလ် – Premier League
    [မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ အောက်တိုဘာ ၂၇]
  • လီဂါနက်စ် [Vs] ဆဲလ်တာဗီဂိုး – Spain LaLiga
    [မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ အောက်တိုဘာ ၂၇]
  • ဂီတာဖေး [Vs] ဗယ်လင်စီယာ – Spain LaLiga
    [မြန်မာစံတော်ချိန် ည ၀၉း၄၅ နာရီ ၊ အောက်တိုဘာ ၂၇]
  • ဘက်တစ် [Vs] အက်သလက်တီကို – Spain LaLiga
    [မြန်မာစံတော်ချိန် နံနက် ၀၀း၀၀ နာရီ ၊ အောက်တိုဘာ ၂၈]
  • ဆိုဆီဒက် [Vs] အိုဆာဆူနာ – Spain LaLiga
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ အောက်တိုဘာ ၂၈]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Chelsea [Vs] Newcastle United

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၇]

EPL (၂)ပွဲဆက် အရှုံးက အဆင့် (၇)နေရာအထိ ဆင်းပေးထားရတဲ့ ခြင်္သေ့ပြာ တပ်သားတွေဟာ ကြားရက် ကွန်ဖရန့်လိဒ်မှာတော့ ဂိုးပြတ်နိုင်ပွဲယူကာ ပြန်လာနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ ငှက်ကျားတွေကို ပရီးမီးယားလိဒ်မှာ ဧည့်ခံပြီး ကာရာဘောင်းဖလား အဝေးကွင်းမှာ ဆက်လက်တွေ့ဆုံ ရမှာဖြစ်လို့ အိမ်ကွင်းမှာ နှိမ်နင်းထားမှာပါ။

ပြိုင်ပွဲစုံ နောက်ဆုံး (၅)ပွဲမှာ ပရီးမီးယားလိဒ် (၄)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ငှက်ကျားတွေရဲ့ တိုက်စစ်ဟာ (၂)ပွဲဆက် ဂိုးမဲ့ဇုန်ဖြစ်ခဲ့သလို ဘရိုက်တန်ကို ဧည့်ခံမှုမှာ အရေးနိမ့်ခဲ့တဲ့ အထိ ခြေကျလာတဲ့ နယူးကာဆယ်ဟာ ချဲလ်ဆီးအိမ်ကွင်းသွားကစားထားတဲ့ နောက်ဆုံး (၁၀)ပွဲလုံး မနိုင်ခဲ့သလို (၉)ပွဲ ရှုံးထားပါတယ်။

Crystal Palace [Vs] Tottenham Hotspur

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၇]

လန်ဒန်ကလပ် (၂)သင်းတွေ့ဆုံမှုဆိုပေမဲ့ လင်းယုန်တွေဟာ ဖွဲ့စည်းပုံပျက်နေပြီး ပရီးမီးယားလိဒ်နိုင်ပွဲမရကာ တန်းဆင်းဇုန်ထဲရောက်နေပါတယ်။ ခံစစ်အတော်လေးညံ့ဖျင်းလာသလို အားရစရာမရှိတဲ့ တိုက်စစ်ကလည်း ဂိုးရရေး ရုန်းကန်နေရတယ်။

ကြားရက်ယူရိုပါလိဒ်မှာ ကပ်နိုင်ထားခဲ့တယ်ဆိုပေမဲ့ နိုင်ပွဲဆက် စပါးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၈)ပွဲမှာ ဘရိုက်တန်တစ်သင်းကိုသာ ရှုံးနိမ့်ထားသလို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေတဲ့ သူတို့အသင်းဟာ ပရီးမီးယားလိဒ်မှာ ဂိုးသွင်းမုန်တိုင်းထန်နေပါတယ်။ လန်ဒန် ဒါဘီတွေ့ဆုံပွဲမှာ တိုက်ကြက်ဖတွေရဲ့ နှိမ်နင်းမှုအောက်မှာပဲ လင်းယုန်တွေရှိဦးမယ်။

West Ham [Vs] Manchester United

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၂၇]

နိုင်ငံတကာ ကြားဖြတ်မတိုင်ခင် နိုင်ခဲ့တဲ့ (၁)ပွဲသာ ရှိသေးတဲ့ ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ အပတ်က စပါးအိမ်ကွင်းမှာ ဂိုးပြတ် ပြန်ရှုံးနိမ့်ခဲ့သလို အန်တိုနီ၊ ဘိုဝင်တို့ ရှိတဲ့ တိုက်စစ်ကလည်း မှန်းထားသလို မဖြစ်ပဲ သူတို့ရဲ့ ခံစစ်ဟာ ညံ့ဖျင်းနေလို့ အဆင့် (၁၅)ကို ရောက်နေတယ်။

အခြေမလှကာ ဝေဒနာတွေသာ ပေးနေတဲ့ သရဲနီတပ်သားတွေကလည်း ယူရို (၃)ပွဲဆက် သရေကစားထားကာ ဗစ်တိုးရီးယားပယ်လ်ဇန်ပြီးရင် သရဲနီအသင်းသာ ဖြစ်တယ်။ ပရီးမီးယားလိဒ်မှာ အဆင့် (၁၂)နေရာနဲ့ ယူရိုမှာ R-ကွက် ရိုက်ထားတဲ့ (၂၁) နေရာကို သိမ်းပိုက်ထားပါတယ်။ တည်ငြိမ်မှု ကင်းမဲ့ နေသလို လန်ဒန်အိမ်ကွင်းသွားကစားထားတဲ့ နောက်ဆုံး (၂)ပွဲဆက် ဂိုးမသွင်းနိုင်ကာ ရှုံးနိမ့်ထားတာဖြစ်ပြီး အဝေးကွင်း နိုင်ပွဲပျောက်ဆုံးထားမှုကို သရဲနီတွေ အဆုံးသတ်နိုင်ပေမဲ့ အိမ်ကွင်း တူထုနိုင်ဖို့ ကြိုးစားလာမဲ့ ဝက်စ်ဟမ်းကြောင့် ဂိုးမိုးရွာရန် ရာနှုန်း ၈၀ အထိ ရှိနေပါတယ်။။

Arsenal [Vs] Liverpool

[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ အောက်တိုဘာ ၂၇]

ပရီးမီးယားလိဒ်ဒိုင်တွေရဲ့ အမုန်းဒဏ်ခံနေရတဲ့ အာဆင်နယ်ဟာ ပွဲပယ်နဲ့အတူ ဒဏ်ရာ ရကစားသမားများလာတာမို့ အာတီတာတို့ အတော်လေး အကျပ်ရိုက်နေပြီး ဒီရာသီပထမဆုံး ရှုံးပွဲတွေ့ခဲ့ရတဲ့ ဆင်ပျံကြီး တပ်သားတွေ ကြားရက်မှာလည်း ရှက်တာဒိုးနတ်အသင်းရဲ့ Own Goal ကြောင့်သာ နိုင်ပွဲရခဲ့တာပါ။

ကွင်းမရွေးနိုင်ပွဲဆက်နေတဲ့ ကြိုးကြာနီတို့ကလည်း အာနီစလော့ လက်ထက်မှာ တာထွက် အကောင်းဆုံး မှတ်တမ်းကို ဆိုက်ထူထားနိုင်ခဲ့သလို အခုလို ပွဲကြီးမျိုးတွေမှာ ခြေစွမ်းပြရုန်းထွက်နိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားလာမှာပါ။ အိုဒီဂတ်စ်၊ ဆာကာမပါနိုင်တဲ့ အမ်းမရိတ်မှာ ကြိုးကြာနီတပ်သားတွေ မြေခရဖို့ မရှိပါဘူး။

Leganes [Vs] Celta Vigo

[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ အောက်တိုဘာ ၂၇]

(၁)ပွဲနိုင်၊ (၅)ပွဲ သရေကျထားတဲ့ လီဂါနက်စ်ဟာ နောက်ပိုင်းပွဲတွေမှာ ရုန်းကန်ကစားလာမှု မြင်ရပြီး ပြီးခဲ့တဲ့ အပတ်က တီကို အိမ်ကွင်းမှာ ရှုံးပွဲ ပြန်တွေ့ထားခဲ့ကာ အဲ့ အရင် (၃) ပွဲဆက် သရေ ကစားထားပါတယ်။

လာလီဂါ နောက်ဆုံး (၃)ပွဲဆက် ဂိုးသွင်းထားတဲ့ ဆဲလ်တာဗီဂိုးဟာ ရီးရဲလ်တစ်သင်းကိုသာ ရှုံးခဲ့ပေမဲ့ ဂိုးသွင်းပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဝေးကွင်းနိုင်ပွဲ (၁)ပွဲ သာရထားသေးတဲ့ ဆဲလ်တာ ဟာ အဝေးကွင်းပွဲတိုင်း ဂိုးသွင်းထားနိုင်တာဖြစ်လို့ တန်းဆင်းဇုန်နားက လီဂါနက်စ် ကို အနိုင်ကစားလာမှာပါ။

Getafe [Vs] Valencia

[မြန်မာစံတော်ချိန် ည ၀၉း၄၅ နာရီ ၊ အောက်တိုဘာ ၂၇]

တန်းဆင်းဇုန်ခြေရာနင်းနေတာမို့ ဂီတာဖေးအသင်း ရုန်းထွက်ပြနေတယ်။ လာလီဂါ နောက်ဆုံး (၅)ပွဲမှာ ဘာစီလိုနာကွင်းမှာ ကပ်ရှုံးနိမ့်ထားခဲ့တာက လွဲရင် ခြေစွမ်းပြလာပေမဲ့ မတက် မကျ ခြေစွမ်းတွေနဲ့ ကစားနေပါတယ်။

တန်းဆင်းဇုန်အောက်ဆုံးက ဗယ်လင်စီယာတို့ အိမ်ကွင်းပွဲတွေမှာ ဖိရုန်းလာနေပေမဲ့ အဝေးကွင်းပွဲတွေမှာ မထူးခြားတဲ့ ခြေစွမ်းတွေသာ ပိုင်ဆိုင်ထားသလို နောက်ဆုံး အဝေးကွင်းမှာ လီဂါနက်စ် ကိုသရေကျထားခဲ့တဲ့ တစ်ပွဲသာ ရှိသေးပြီး ရလဒ်အတော်လေး ဆိုးနေတဲ့ အနေအထားမို့ ဂိုးအောက်ကသာ သေချာပါမယ်။

Real Betis [Vs] Atletico Madrid

[မြန်မာစံတော်ချိန် နံနက် ၀၀း၀၀ နာရီ ၊ အောက်တိုဘာ ၂၈]

ခြေစွမ်းအတက်အကျ ကြမ်းနေတဲ့ ဘက်တစ်ဟာ မှန်းဆရ ခက်ခဲတဲ့ ခြေစွမ်းမျိုးဖြစ်ပြီး ကာလရှည် ဒဏ်ရာရနေတဲ့ အစ္စကို မပြန်လာသေးတဲ့ အသင်းဟာ ရလဒ်ပေါင်းစုံနဲ့ ခရီးဆက်နေသလို ပွဲတိုင်းနီးပါး ဂိုးပေးနေရတဲ့ ခံစစ်ညံ့ခြေစွမ်းပါ။

အဝေးကွင်း နိုင်ပွဲပျောက်ဆုံးထားမှုကို အဆုံးသတ်ဖို့လိုနေပြီး ဂိုးသွင်းနှုန်း အတော်လေးကျသွားတဲ့ တီကိုဟာ ကြားရက်သိူတု့ရဲ့ အိမ်ကွင်းမှာ လိုင်လီရဲ့ ဂိုးပြတ်အနိုင်ပွဲကို ခွင့်ပြုပေးခဲ့ရတာဖြစ်လို့ ပေါက်ကွဲမှု တစ်ရပ်တော့မြင်ရဖို့ ရှိပါတယ်။

Real Sociedad [Vs] Osasuna

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ အောက်တိုဘာ ၂၈]

နိုင်ပွဲ အရှိန်ဆက်လာပြီး တည်ငြိမ်စပြုလာတဲ့ ဆိုဆီဒက်ဟာ တီကိုအသင်းကို သရေကစားနိုင်ခဲ့သလို ဂျီနိုအသင်းကိုလည်း အနိုင်ကစားခဲ့ပါတယ်။ ကြားရက်မှာ ယူရိုပါလိဒ် ခြေစွမ်းပြမှုနဲ့ နိုင်ပွဲရထားခဲ့တာမို့ ယုံကြည်မှု ပြန်လည်ပြည့်၀လာပါပြီ။

လာလီဂါနောက်ဆုံး (၃)ပွဲဆက် ဂိုးသွင်းထားတဲ့ အိုဆာဆူနာဟာ ရလဒ်ပေါင်းစုံ ထွက်နေတဲ့ အသင်းဖြစ်ပြီး အဝေးကွင်းနိုင်ပွဲမရထားတဲ့ အိုဆာဟာ ခံစစ်အသားပေးကစားနေပေမဲ့ ဆိုဆီဒက်ရဲ့ အိမ်ကွင်းဖိအားပေးကစားလာမှုကို ခံရမှာပါ။ လက်ရှိကောင်းမွန်နေတဲ့ ခြေစွမ်းနဲ့ဆို အိမ်ရှင်အရိပ်အောက်ကိုသာ ခိုလှုံမယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *