အောက်တိုဘာ ၂၅ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ (၂၅)ရက် ညမှာ ကန်မယ့် နိုင်ငံတကာဘောလုံးပွဲစဉ်များထဲမှ ပွဲစဉ်ကောင်း များဖြစ်တဲ့

  • အူဒီးနီးစ် [Vs] ကတ်ဂလာရီ – Italy Serie A
    [မြန်မာစံတော်ချိန် ည ၁၁း၃၀ နာရီ ၊ အောက်တိုဘာ ၂၅]
  • လက်စ္စတာစီးတီး [Vs] နော်တင်ဟမ် – Premier League
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]
  • အက်စ်ပန်ညို [Vs] ဆီဗီလား – Spain LaLiga
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]
  • တိုရီနို [Vs] ကိုမို – Italy Serie A
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၂၆]
  • မိန့်ဇ် [Vs] မိုချန်ဂလာဘတ် – Bundesliga
    [မြန်မာစံတော်ချိန် နံနက် ၀၁း၀၀ နာရီ ၊ အောက်တိုဘာ ၂၆]
  • ရင်းနက်စ် [Vs] လီဟာဗက် – Ligue 1
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၂၆] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Udinese [Vs] Cagliari

[မြန်မာစံတော်ချိန် ည ၁၁း၃၀ နာရီ ၊ အောက်တိုဘာ ၂၅]

အသင်းကြီးတွေနဲ့ (၃)ပွဲအရှုံးဟာ အမှတ်ပေးဇယား အဆင့် (၈)နေရာ ရောက်သွားတဲ့ အူဒီးနီးစ် တို့ရဲ့ ခြေမညံ့ခဲ့သလို အစွမ်းကုန်ကြိုးစားထားတဲ့ သူတို့အသင်းကို ချီးကျူးသင့်ပါတယ်။ အခက်အခဲတွေကြားက ရလဒ်ကောင်းကို မြင်ရတော့မှာပါ။

ကတ်ဂလာရီရဲ့ နောက်ဆုံး (၃)ပွဲမှာ (၂)ပွဲနိုင်ခဲ့လို့ တန်းဆင်းဇုန်အရပ်က ထွက်ခွာလာနိုင်ခဲ့ပြီး တိုက်စစ်ဂိုးသွင်းအားကောင်းလာသလို ဂျူဗင်ကို သရေကစားပြီး တိုရီနိုကို အနိုင်ကစားထားနိုင်ခဲ့တဲ့အထိ ခြေစွာလာပါတယ်။ ကတ်ဂလာရီအသင်းခြေစွာလာပေမဲ့ အိမ်ရှင် အရိပ်အောက်ကိုသာ ခိုလှုံထားချင်တယ်။

Leicester City [Vs] Nottingham Forest

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]

လက်စ္စတာတို့ နိုင်ပွဲ အရှိန်ဆက်လာမှုနဲ့အတူ တိုက်စစ်သွင်းဂိုးတွေ မြူးလာတာမို့ ပရီးမီးယားလိဒ် (၂)ပွဲဆက် အနိုင်နဲ့ တန်းဆင်းဇုန်ကို လတ်တလောကျောခိုင်းထားတဲ့ မြေခွေးတပ်သားတွေ ယုံကြည်မှု ပြန်ရလာတယ်။

အိမ်ကွင်းနိုင်ပွဲထက် အဝေးကွင်းခြေစွာနေတဲ့ နော်တင်ဟမ်အသင်းဟာ အဝေးကွင်းရှုံးပွဲမရှိ ကစားထားသလို လီဗာပူးလ်ကို အနိုင်ယူပြီး ချဲလ်ဆီးကို သရေကစားထားတဲ့သစ်တောတွေ ရဲ့ အဝေးကွင်းခြေဟာ နိုင်ပွဲရနေတဲ့ လက်စ္စတာစီးတီးကို ဒုက္ခပေးလာနိုင်ပေမဲ့ ခံစစ်အားပြိုင်လာမှုမှာ ဂိုးအောက်ကိုသာရွေးချယ်ပါမယ်။

Espanyol [Vs] Sevilla

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၂၆]

အက်စ်ပန်ညိုရဲ့ နောက်ဆုံး (၄)ပွဲမှာ (၁)ပွဲသာနိုင်ပွဲရခဲ့တာမို့ တန်းဆင်းဇုန်နားပြန်ကပ်လာသလို ခံစစ်အတော်လေးညံ့ဖျင်းလာတဲ့ သူတို့ဟာ အိမ်ကွင်းပွဲတွေမှာ အစွမ်းကုန် ရုန်းကန်နေရပါတယ်။

အိမ်ကွင်းနိုင်ပွဲပြန်ရလာပေမဲ့ အဝေးကွင်းအားနည်းသွားတဲ့ ဆီဗီးလားဟာ အဝေးကွင်းနိုင်ပွဲ ပျောက်ဆုံးထားမှုကို တန်းတက် အက်စ်ပန်ညိုအရပ်မှာ အဆုံးသတ် တိုက်ပွဲဝင်လာနိုင်ဖို့ အားကုန်ရုန်းကန်လာမှာပါ။ ဆီဗီလားဟာ အက်စ်ပန်ညိုနဲ့ နောက်ဆုံးတွေ့ဆုံထားတဲ့ (၉)ပွဲဆက် မရှုံးခဲ့ပါဘူး။

Torino [Vs] Como 1907

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၂၆]

တန်းဆင်းဇုန်နားက ကတ်ဂလာရီအသင်းကိုပါ ဒူးထောက်ခဲ့ရတဲ့ တိုရီနိုတို့ ပြိုင်ပွဲစုံ (၄)ပွဲဆက် ရှုံးပွဲဆက်နေပေမဲ့ သူတို့ရဲ့ တိုက်စစ်ကတော့ ခပ်မာမာ ဂိုးသွင်းထားသလောက် ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ ခံစစ်ကြောင့် အသင်းစုဖွဲ့မှုအားပါ ကျဆင်းသွားနိုင်ပါတယ်။

အိမ်ကွင်း ရှုံးပွဲမရှိကစားထားတဲ့ တန်းတက် ကိုမိုဟာ အဝေးကွင်းနိုင်ပွဲ (၁)ပွဲသာရှိသေးပြီး ခံစစ်အတော်လေးညံ့ဖျင်းနေတဲ့ သူတို့အသင်းတိုက်စစ်ဟာ ဂိုးသွင်းလာပေမဲ့ တိုရီနိုကို ဖိအားပေးကစားလာနိုင်လောက်တဲ့ ခြေစွမ်းမျိုး မရှိသေးပါဘူး။

Mainz 05 [Vs] Borussia M'gladbach

[မြန်မာစံတော်ချိန် နံနက် ၀၁း၀၀ နာရီ ၊ အောက်တိုဘာ ၂၆]

ဘွန်ဒတ်လီဂါမှာ အိမ်ကွင်းနိုင်ပျောက်ဆုံးထားတဲ့ မိန့်ဇ်ဟာ ခံစစ်အတော်လေးညံ့ဖျင်းနေပြီး တိုက်စစ်သွင်းဂိုးပါပျောက်ဆုံးလာတဲ့ မိန့်ဇ်ဟာ အမှတ်ပေးဇယားအထက်အောက် ရပ်တည်နေတဲ့ ဂလာဘတ်နဲ့ ပွဲမှာတော့ နိုင်ပွဲ ရှာဖွေလောက်ပါတယ်။

အမှတ်ပေးဇယားအလယ်နား ပြန်ရောက်လာတဲ့ ဂလာဘတ်ဟာ အိမ်ကွင်းနိုင်ပွဲဆက်လာပေမဲ့ အဝေးကွင်းရှုံးပွဲဆက်နေပါတယ်။ လက်ရှိချိန်ထိ သရေပွဲမရှိ ကစားထားတဲ့ ဂလာဘတ်ဟာ အိမ်ရှင် မိန့်ဇ်ကို အနိုင်ရဖို့ ဖောင်ဖျက်တိုက်ပွဲဝင်လာမှာပါ။ နိုင်ပွဲလိုအပ်နေတဲ့ (၂)သင်းဖြစ်တာကြောင့် ဂိုးပေါ်ကတော့ အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ။

Rennes [Vs] Le Havre

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၂၆]

အဝေးကွင်းပွဲတိုင်းရှုံးထားတဲ့ ရင်းနက်စ်ဟာ အိမ်ကွင်းရှုံးပွဲ (၁)ပွဲသာ ရှိသေးပြီး ဒီရာသီ လီဂူးမှာ ဂိုးမသွင်းထားတဲ့ ပွဲ (၁)ပွဲမှ မရှိသေးတဲ့အထိ ဂိုးသွင်းအားရှိတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားတဲ့ ရင်းနက်စ်ဟာ တန်းဆင်းဇုန်ထဲက လီဟာဗက်စ်ကို ဧည့်ခံရမှာပါ။

(၅)ပွဲဆက် အရှုံးကြောင့် တန်းဆင်းဇုန်ထဲရောက်သွားတဲ့ လီဟာဗက်စ်ဟာ ခြေစွမ်းအတော်လေးညံ့ဖျင်းပြီး အဲ့ (၅)ပွဲမှာ ခံစစ်ပေးဂိုး (၁၄)ဂိုးအထိ ခွင့်ပြုထားရတဲ့ ခံစစ်နဲ့ (၁)ဂိုးသာ ရှာဖွေထားနိုင်တဲ့ တိုက်စစ်ကြောင့် ဖိအားများနေပါတယ်။ ပွဲတိုင်းဂိုးသွင်းထားတဲ့ ရင်းနက်စ်ဟာ လီဟာဗက်စ်နဲ့တွေ့ဆုံတိုင်း (၂)ဂိုးပြတ် နိုင်ပွဲမရထားတဲ့ စံချိန်ကို တစ်လုံးသရေပေးထားတဲ့ အိမ်ရှင်အသင်း ဂိုးပြတ်နိုင် မနိုင်သာကြည့်ရမယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *