အောက်တိုဘာ ၂၀ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ (၂၀)ရက် ညမှာ ကန်မယ့် နေးရှင်းလိဒ် ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ဝုဗ် [Vs] မန်စီးတီး – England Premier League
    [မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ အောက်တိုဘာ ၂၀]
  • လီဗာပူးလ် [Vs] ချဲလ်ဆီး – England Premier League
    [မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ အောက်တိုဘာ ၂၀]
  • မာလော့ကာ [Vs] ဗယ်လီနို – Spain LaLiga
    [မြန်မာစံတော်ချိန် ည ၀၆း၃၀ နာရီ ၊ အောက်တိုဘာ ၂၀]
  • အက်တလက်တီကို [Vs] လီဂါနက်စ် – Spain LaLiga
    [မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ ၊ အောက်တိုဘာ ၂၀]
  • ဗီလာရီးရဲလ် [Vs] ဂီတာဖေး – Spain LaLiga
    [မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ အောက်တိုဘာ ၂၀]
  • ဘာစီလိုနာ [Vs] ဆီဗီလာ – Spain LaLiga
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၂၁] တို့ရဲ့ ပွဲကြိုသုံးသပ်ချက် ကို ဖော်ပြပေးထားပါတယ်။

Wolve [Vs] Manchester City

[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ အောက်တိုဘာ ၂၀]

အမဲလိုက်ရမဲ့ ဝံပုလွေတပ်သားတွေဟာ အသင်းတိုင်းရဲ့ အစာပြန်ဖြစ်နေပြီး ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ ခံစစ်ညံ့အသင်းဖြစ်သလို လက်ရှိချိန်ထိ နိုင်ပွဲပျောက်ကာ အမှတ်ပေးဇယား အောက်ဆုံးမှာ ရမှတ်တစ်မှတ်နဲ့ ရပ်တည်နေပါတယ်။

အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပေမဲ့ တိုက်စစ်မှာ ဟာလန်းဦးဆောင်နေတာ ဖြစ်လို့ ဂိုးမရမှာ မပူရသလို ခံစစ်ဂိုးပေးထားရသလောက် တိုက်စစ်သွင်းဂိုးတွေနဲ့ ဖုံးလွမ်းထားတဲ့ မန်စီးတီးအသင်းဟာ ဒီဘရိုင်းနားမပါနိုင်ပေမဲ့ ပြီးခဲ့တဲ့ ရာသီအဝေးကွင်းရှုံးနိမ့်ထားခဲ့မှုကို ပြန်ဆပ်လာဖို့ရှိပြီး ဂရေအိုနေးတပ်သားတွေကို ဟာလန်းတို့ ဂိုးမိုးရွာမှာပါ။

Liverpool [Vs] Chelsea

[မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ အောက်တိုဘာ ၂၀]

ပရီးမီးယားလိဒ်ကောင်းကင်ထက်မှာ ကြိုးကြာနီတပ်သားတွေ ကြီးစိုးလာနေပြီး ပြိုင်ပွဲ အရပ်ရပ်မှာ နော်တင်ဟမ်ကို မထင်မှတ်ပဲရှုံးပွဲတွေ့ထားခဲ့တဲ့ တစ်ပွဲသာ ရှိသေးတဲ့ လီဗာပူးလ်ဟာ အာနီစလော့ လက်ထက် အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်ထားမှုကိုလည်း မြင်တွေ့လာရတယ်။

EPLမှာ ဂတုံးနည်းပြတွေကိုင်တွယ်ထားတဲ့ အသင်းတိုင်းလိုလို ခြေစွမ်းပြကစားနေပြီး အမှတ်ပေးဇယား အဆင့် (၄)နေရာအထိ တက်လှမ်းလာတဲ့ ခြင်္သေ့ပြာတပ်သားတွေ ပြိုင်ပွဲစုံ နောက်ဆုံး (၇)ပွဲဆက် ရှုံးပွဲမရှိ ကစားထားပါတယ်။ အဓိက ဂိုးသမား ဒဏ်ရာရနေတဲ့ ကြိုးကြာနီတို့အတွက် တိုက်စစ်ဂိုးမြူးလာတဲ့ ခြင်္သေ့ပြာတွေကို ဂိုးပေးရမှာပါ။ တိုက်စစ်အားပြိုင်လာမဲ့ အန်ဖီးလ်မှာ အနိမ့်ဆုံး သရေရနိုင်တဲ့ ချဲလ်ဆီးနဲ့ ရပ်တည်မယ်။

Mallorca [Vs] Rayo Vallecano

[မြန်မာစံတော်ချိန် ည ၀၆း၃၀ နာရီ ၊ အောက်တိုဘာ ၂၀]

လာလီဂါ အမှတ်ပေးဇယား အဆင့်(၇)နေရာက မာလော့ကာဟာ အိမ်ကွင်းနိုင်ပွဲထက် အဝေးကွင်းနိုင်ပွဲ ပိုရနေပြီး အိမ်ကွင်း (၄)ပွဲမှာ (၁)ပွဲနိုင် ၊ (၂)ပွဲသရေ ၊ (၁)ပွဲရှုံးထားပါတယ်။ အိမ်ကွင်းရဂိုး (၃)ဂိုးသာ ရှိသေးပေမဲ့ ခံစစ်ကလည်း (၃)ဂိုးသာ ခွင့်ပြုထားရတယ်။

ဗယ််လီကာနိုဟာ မာလော့ကာနဲ့ (၁)မှတ်အကွာ ကပ်လိုက်နေပြီး နောက်ဆုံး (၅)ပွဲဆက် မရှုံးထားသလို ခြေစွမ်းပြကစားနေကာ ဘာစီလိုနာ၊ အက်စ်ပန်ညို (၂)သင်းကိုသာ ရှုံးပွဲတွေ့ထားတယ်။ မာလော့ကာ ကို နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲမရထားတဲ့ ဗယ်လီကာနိုတို့ အဝေးကွင်း ဒူးထောက်ရဖို့ မရှိတာမို့ အနိမ့်ဆုံး သရေရနိုင်တဲ့ ဧည့်သည် အရိပ်အောက်မှာ ခိုလှုံမယ်။

Atletico Madrid [Vs] Leganes

[မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ ၊ အောက်တိုဘာ ၂၀]

မိုရာတာ ထွက်ခွာသွားပြီးနောက် ကစားသမားအသစ်တွေ ခေါ်ယူထားပေမဲ့ ရလဒ်မတည်ငြိမ်သလို ခြေစွမ်းပါကျဆင်းသွားတဲ့ တီကိုဟာ ရှုံးပွဲမရှိရပ်တည်ထားပေမဲ့ နိုင်ပွဲထက် သရေရလဒ်တွေ ပိုများနေပါတယ်။

တန်းတက်လီဂါနက်စ်ဟာ ခြေစွမ်းမဆိုးသလို ရုန်းအားကောင်းတဲ့ အသင်းမျိုးဖြစ်ပြီး နောက်ဆုံး (၃)ပွဲဆက် သရေကစားထားပါတယ်။ သူတို့အနေနဲ့ တီကို အသင်းကို ၂၀၂၀ နောက်ပိုင်း တွေ့ဆုံထားမှု မရှိပေမဲ့ အဲ့အရင်နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲသာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ ခံကစားအားကောင်းတဲ့ လီဂါနက်စ်ကြောင့် တီကို ဘော်ဒီပါးပါးရွေးပြီး ဂိုးအောက်ပိုကြိုက်မိတယ်။

Villarreal [Vs] Getafe

[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ အောက်တိုဘာ ၂၀]

ဗီလာရီးရဲဟာ ဘာစီ၊ ရီးရဲလ်ကိုသာ ရှုံးနိမ့်ထားပြီး ခြေစွမ်းပြ ကစားနေပါတယ်။ ဒဏ်ရာရကစားသမားများလာတဲ့ ဗီလာရီးရဲတို့ အတော်လေး ဂရုစိုက်ကစားလာသလို ခြေစွမ်းပိုင်းလည်း အတော်လေးတိုးတက်လာပါတယ်။

ဂီတာဖေးဟာ အိမ်ကွင်းကစားအား မဆိုးသလို ရှုံးပွဲမရှိ ကစားထားပေမဲ့ ဒီရာသီနိုင်ပွဲ တစ်ပွဲသာ ရှိသေးတယ်။ အိမ်ကွင်းမာပြီး အဝေးကွင်း (၃)ပွဲဆက် နိုင်ပွဲပျောက်မှုနဲ့ နိုင်ပွဲမရထားတဲ့သူတို့ရဲ့ အဝေးကွင်းကို ဂရုစိုက်ကစားနေပေမဲ့ ရှုံးပွဲတွေသာ ဆက်နေတယ်။

Barcelona [Vs] Sevilla

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ အောက်တိုဘာ ၂၁]

ပြိုင်ပွဲစုံ အဝေးကွင်း ရှုံးပွဲ (၂)ပွဲသာ ရှိသေးတဲ့ ဘာစီလိုနာဟာ အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲ ဆက်နေပြီး အမှတ်ပေးဇယားကို (၃)မှတ်ဖြတ် ဦးဆောင်ထားသလို ဒီပွဲပြီးရင် ချန်ပီယံလိဒ် ဘိုင်ယန်နဲ့ ကစားရဖို့ရှိတဲ့ ဘာစီလိုနာတို့ အိမ်ကွင်းမှာ အာရုံစိုက် ကစားလာမှာပါ။

ဆီဗီလာကလည်း အိမ်ကွင်း (၃)ပွဲဆက် နိုင်ပွဲ ပြန်ရနေပေမဲ့ အဝေးကွင်းနိုင်ပွဲပျောက်ဆုံးထားပါတယ်။ ဥရောပ ပွဲကစားဖို့ မရှိတဲ့ ဆီဗီလာအသင်းဟာ ချန်ပီယံလိဒ်ကစားရဖို့ရှိတဲ့ ဘာစီလိုနာကို ဒုက္ခပေးနိုင်ဖို့ အကောင်းဆုံး အချိန်ပဲဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *