အောက်တိုဘာ ၂ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ ၂ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ (၂) ညမှာ ကန်မယ့် ချန်ပီယံလိဒ် ပွဲစဉ်များဖြစ်တဲ့

  • Girona [Vs] Feyenoord
    [မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ အောက်တိုဘာ ၂]
  • Sharkhtar Donetsk [Vs] Atalanta
    [မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ အောက်တိုဘာ ၂]
  • Liverpool [Vs] Bologna
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]
  • Aston Villa [Vs] Bayern Munich
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]
  • Lille [Vs] Real Madrid
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]
  • Benfica [Vs] Atletico Madrid
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]
  • RB Leipzig [Vs] Juventus
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]
  • Dinamo Zagreb [Vs] Monaco
    [မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်။

Girona [Vs] Feyenoord

[မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ အောက်တိုဘာ ၂]

ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ထားပြီးနောက် ဂျီရိုနာတို့ ခြေစွမ်းပျောက်ဆုံးထားခဲ့ပြီး ပြိုင်ပွဲစုံ (၅)ပွဲမှာ (၃)ပွဲအထိ ရှုံးကာ (၂)ပွဲဆက် သရေကျထားပါတယ်။ အဲ့ (၅)ပွဲမှာလည်း (၂)ဂိုးသာ ရှာဖွေနိုင်ခဲ့ပြီး ခြေစွမ်းမတည်မငြိမ်ဖြစ်နေပါတယ်။

နည်းပြသစ် လက်ထက်မှာ ပြည်တွင်း ရှုံးပွဲမရှိ ကစားထားပေမဲ့ ချန်ပီယံလိဒ် အဖွင့်ပွဲကိုတော့ လေဗာကူဆင်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ (၁)ပွဲသာ ရှိသေးပေမဲ့ သရေရလဒ်တွေကစားနေတဲ့ ဖီရင်နု အသင်းဟာ နည်းပြ အာနီစလော့လောက် ခြေစွမ်းမထက်တော့တာမို့ အိမ်ရှင် ဂျီရိုနာတို့ နိုင်ပွဲရှာဖွေမှာပါ။

Sharkhtar Donetsk [Vs] Atalanta

[မြန်မာစံတော်ချိန် ည ၁၁း၁၅ ၊ အောက်တိုဘာ ၂]

သရေကျထားတဲ့ (၂)သင်းမှာ ရှက်တာဒိုးနတ်ဟာ အိမ်ကွင်း အားသာချက် မရှိသလို ဂျာမနီမြေမှာ လက်ခံကစားရမှာဖြစ်ပြီး ဒီရာသီရုန်းကန်နေရတဲ့ ရှက်တာဒိုးနတ်တို့ ချန်ပီယံလိဒ်မှာ နိုင်ပွဲရှာဖွေထားဖို့ လိုအပ်နေပြီမို့ ဖောင်ဖျက်တိုက်ပွဲဝင်လာမှာပါ။

ရလဒ်ပေါင်းစုံထွက်နေတဲ့ အတ္တလန်တာဟာ အသင်းစုဖွဲ့မှုအား ပြန်လည်တည်ဆောက်နေရချိန်မှာခြေစွမ်းထက် အသင်းတွေဆို ခံစစ်အားပြုကစားနေရပြီး တိုက်စစ်ကစားပုံလည်း အားမရတာမို့ ဂျာမနီမြေမှာ လက်ခံကစားမဲ့ အိမ်ရှင်အသင်းက သရေရယူထားနိုင်မှာပါ။

Liverpool [Vs] Bologna

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]

ကြိုးကြာနီတို့ရဲ့ သက်လုံအားဟာ အတော်လေးကောင်းနေပြီး ပြိုင်ပွဲစုံ ဂိုးပြတ်နိုင်ပွဲတွေနဲ့အတူ ပရီးမီးယားလလိဒ် အမှတ်ပေးဇယားကိုလည်း ဦးဆောင်နေသလလို ချန်ပီယံလိဒ် အဖွင့်ပွဲဟာလည်း အေစီအသင်းကို ဂိုးပြတ်နိုင်ထားပါတယ်။

ခြေကျ ဘိုလော့ဂ်နာအနေနဲ့ အသင်းမရှုံးနိမ့်ရေး ခံစစ်ပိတ်ကစားနေရသလို ပြိုင်ပွဲစုံ (၇)ပွဲ ကစားအပြီးမှာ မွန်ဇာကို နိုင်ခဲ့တဲ့ တစ်ပွဲသာ ရှိသေးတဲ့ ဧည့်သည်အသင်းဟာ ကြိုးကြာနီတို့နဲ့ တစ်ရက်ထဲ (၂)ကြိမ်ထိ ခြေစမ်းထားခဲ့ဖူးပြီး ရှုံးနိမ့်ထားခဲ့သလို လက်ရှိ အန်နီစလော့ တပ်သားတွေကိုလည်း ယှဉ်ကစားနိုင်စွမ်းမှရိပါဘူး။

Aston Villa [Vs] Bayern Munich

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]

ဒီရာသီ အာဆင်နယ်ကိုရှုံးနိမ့်ထားခဲ့တဲ့ တစ်ပွဲသာ ရှိသေးတတဲ့ ဗီလာဟာ နောက်ဆုံးကစားထားတဲ့ ပွဲမှာတော့ အစ်စွစ်ကို သရေကျထားခဲ့ပါတယ်။ အူနိုင်းအမ်မရီ တပ်သားတွေ တိုက်စစ်ထက်ပေမဲ့ ခံစစ်အတော်လေး ညံ့ဖျင်းနေပါတယ်။

ပြိုင်ပွဲစုံ ဂိုးပြတ်နိုင်ပွဲ ဆက်နေတဲ့ ဘိုင်ယန်ဟာ လေဗာကူဆင်ကို ဧည့်ခံကစားမှုမှာ သရေ ရလဒ်ထွက်ပေါ်ထားခဲ့သလလို တိုက်စစ်မှာ ဟာရီကိန်းဒဏ်ရာ ရသွားတဲ့ ကွန်ပနီအနေနဲ့ ဆာနေးနဲ့ ပွဲထွက်လလလာမှာပါ။ သူတို့ (၂)သင်း ထိပ်တိုက် တွေ့ဆုံထားခဲ့တာကလည်း ရာစုနှစ်အတော်လေးကို ကြာမြင့်နေပါပြီ။ လက်ရှိခြေစွမ်းအရ ဂျာမနီဘီလူးကြီးတို့ ဂိုးပြတ်နိုင် မနိုင်သာ ကြည့်ရမယ်။

Lille [Vs] Real Madrid

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]

လိုင်လီကလည်း စနေနေ့ညကမှ နိုင်ပွဲ ပြန်တွေ့ထားခဲ့တဲ့ အသင်းဆိုပေမဲ့ ပြိုင်ပွဲစုံ နောက်ဆုံး (၆)ပွဲမှာ (၄)ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ခြေစွမ်းထက် အသင်းကြီးတွေနဲ့ဆို ရုန်းကန်နေရစဲ လိုင်လီဟာ ချန်ပီယံလိဒ် ဒုတိယမြောက်ပွဲစဉ်ကို ရီးရဲလ်နဲ့ ရင်ဆိုင်ရမှာပါ။

အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ရှုံးပွဲမရှိ ကစားထားတဲ့ ရီးရဲလ်ဟာ ထူးထူးခြားခြား အဝေးကွင်း ရုန်းကန်နေရပြီး လာလီဂါအဝေးကွင်း (၄)ပွဲမှာ (၃)ပွဲအထိ သရေကျထားကာ (၁)ပွဲသာ နိုင်ပွဲတွေ့ထားသေးပါတယ်။ တီကိုနဲ့ ပွဲမှာ အမ်ဘာပေး မပါနိုင်ခဲ့ပေမဲ့ လိုင်လီနဲ့ ပွဲမှာ ပြန်ပါလာနိုင်သလို ချန်ပီယံလိဒ် ဘိုးအေကြီး ရီးရဲလ်ကသာ ပျော်ရွှင်မှု အပြည့်ပေးမှာပါ။

Benfica [Vs] Atletico Madrid

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]

တိုက်စစ်ထက်တဲ့ ဘင်ဖီကာဟာ ဝါရင့် ကစားသမား ဒီမာရီယာ ခြေစွမ်းပြကစားလာသလို ပြီးခဲ့တဲ့ ရာသီကလည်း (၁၃)ကြိမ် ဖန်တီးပေးထားပြီး (၁၇)ဂိုးထိ ဂိုးသွင်းပေးထားပါတယ်။ အိမ်ကွင်း အဆိပ်ရှိ အသင်းဆိုလဲလည်း မမှားပါဘူး။

ရီးရဲလ်နဲ့ ကစားထားခဲ့ရတဲ့ တီကိုဟာ နောက်ဆုံး မိနစ်ဂိုး ပြန်ရခဲ့လို့ အိမ်ကွင်းမာကျောမှု ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ သူတို့ဟာ အဝေးကွင်းပွဲတွေမှာ ကစားပုံကောင်းလာပေမဲ့ အရမ်းကြီးယုံကြည်လို့ မရသေးပါဘူး။ သရေ (၃၀) ခပ်ပါးပါးအကျော ပေးထားတဲ့ တီကိုထက် အနိမ့်ဆုံး သရေရနိုင်တဲ့ အိမ်ရှင်နဲ့ ဖြတ်သန်းမယ်။

RB Leipzig [Vs] Juventus

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]

ပြိုင်ပွဲစုံ (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားမှုကို စနေနေ့ညက အော့စ်ဘတ်အသင်းကို ပေါက်ကွဲထားခဲ့ပြီး ချန်ပီယံလိဒ်အရှုံးကနေ ပြန်လာနိုင်ဖို့ ကြိုးစားရမဲ့ လိုက်ပ်ဇစ်ဟာ အသင်းကြီးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရမှာပါ။

ဂျူဗင်တပ်စ်ရဲ့ ဒီရာသီခံစစ်မာကျောမှုအား အတော်လေးကောင်းနေပြီး ပြည်တွင်းလိဒ်မှာ ရိုးမား၊ နာပိုလီတို့နဲ့ ဖြတ်သန်းထားပြီးချိန်ထိ စီးရီးအေ ပေးဂိုးမရှိ တစ်သင်းတည်း ရပ်တည်နေသလို ချန်ပီယံလိဒ်မှာလည်း ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ နောက်ကျမိနစ် (၁)ဂိုးသာ ခွင့်ပြုထားခဲ့ရတာပါ။

Dinamo Zagreb [Vs] Monaco

[မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ ၊ အောက်တိုဘာ ၃]

ခရိုအေးရှားကလပ်အသင်း ဒိုင်နမိုဇာဂရတ်ဟာ ပြည်တွင်းအမှတ်ပေးဇယား (၇)နှစ်ဆက်တိုက် သိမ်းပိုက်ထားနိုင်ခဲ့တဲ့ လက်ရှိခြေစွမ်းဟာ ဘိုင်ယန်ကို (၉)ဂိုးပြတ်ရှုံးပြီး နိုင်ပွဲပျောက် ဇယားအောက်ဆုံးကအသင်းကို (၄)ဂိုးပြတ်ရှုံးနိမ့်ထားခဲ့တာပါ။

ခြေစွမ်းပြကစားသမားတွေနဲ့ နိုင်ပွဲဆက်နေတဲ့ မိုနာကိုဟာ ပြည်တွင်း လိဒ်မှာလည်း ပီအက်စ်ဂျီကို ရမှတ်တူ ဖိအားပေးကစားနေသလို အဖွင့်ပွဲမှာလည်း ဘာစီလိုနာကို နိုင်ပွဲရထားခဲ့တဲ့ မိုနာကို တပ်သားတွေဟာ အခုပြွမှာ ဂိုးပြတ် အနိုင်ယူထားမှာပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *