အောက်တိုဘာ (၁၉)ရက် ညမှာ ကန်မယ့် နေးရှင်းလိဒ် ပွဲစဉ်ကောင်း များဖြစ်တဲ့
- စပါး [Vs] ဝက်စ်ဟမ်း – Premier League
[မြန်မာစံတော်ချိန် ညနေ ၀၆း၀၀ နာရီ ၊ အောက်တိုဘာ ၁၉] - မန်ယူ [Vs] ဘရန့်ဖို့ဒ် – Premier League
[မြန်မာစံတော်ချိန် နံနက် ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၁၉] - ဖူဟမ် [Vs] အက်စတွန်ဗီလာ – Premier League
[မြန်မာစံတော်ချိန် နံနက် ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၁၉] - နယူးကာဆယ် [Vs] ဘရိုက်တန် – Premier League
[မြန်မာစံတော်ချိန် နံနက် ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၁၉] - အစ်စွစ် [Vs] အဲဗာတန် – Premier League
[မြန်မာစံတော်ချိန် နံနက် ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၁၉] - ဆောက်သမ်တန် [Vs] လက်စ္စတာ – Premier League
[မြန်မာစံတော်ချိန် နံနက် ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၁၉]. - ဘုန်းမောက် [Vs] အာဆင်နယ် – Premier League
[မြန်မာစံတော်ချိန် နံနက် ၁၁း၀၀ နာရီ ၊ အောက်တိုဘာ ၁၉]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
စပါး [Vs] ဝက်စ်ဟမ်း
[မြန်မာစံတော်ချိန် ညနေ ၀၆း၀၀ နာရီ ၊ အောက်တိုဘာ ၁၉]
ခြေစွမ်းမတည်ငြိမ်တဲ့ စပါးဟာ တိုက်စစ်ဂိုးသွင်းအားရှိတဲ့ အသင်းတွေနဲ့ဆို ခံစစ် စိတ်မချရတဲ့ အနေအထားပါ။ တိုက်စစ်မှာ ဆွန်၊ ရစ်ချာလီဆန်တို့ ဒဏ်ရာရနေပေမဲ့ ဂျွန်ဆန်၊ ဆိုလန်ကီ တို့ ဂိုးသွင်းပေးနေပါတယ်။
မျှော်လင့်ထားသလောက် မဖြစ်လာတဲ့ တူတပ်သားတွေဟာ ကြားဖြတ်နိုင်ငံပွဲမတိုင်ခင် အစ်စွစ်ကို ဂိုးမိုးရွာနိုင်ပွဲရခဲ့လို့ ပြိုင်ပွဲစုံ (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပြီး အဝေးကွင်း မရှုံးနိမ့်ထားသလို ပြီးခဲ့တဲ့ ရာသီက နိုင်ပွဲရထားခဲ့ပေမဲ့ လက်ရှိစပါးတိုက်စစ်ကို ခုခံကစားဖို့ မလွယ်ပါဘူး။လန်ဒန်ကြက်ဖတွေ အိမ်ကွင်းမှာ တူထုနိုင်စွမ်းမရှိနိုင်ပါဘူး။
မန်ယူ [Vs] ဘရန့်ဖို့ဒ်
[မြန်မာစံတော်ချိန် နံနက် ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၁၉]
ပရီးမီးယားလိဒ်မှာ (၂)ပွဲသာနိုင်သေးပြီး ဇယားအောက်ပိုင်းက အသင်းတွေလောက်ကို ဂိုးသွင်းအားမရှိတဲ့ တိုက်စစ်နဲ့ အမှတ်ပေးဇယားအဆင့် (၁၄)အထိ ရောက်နေသလို သူတို့ရဲ့ ပရီးမီးယားလိဒ် နောက်ဆုံး (၃)ပွဲမှာလည်း ဂိုးမသွင်းထားပါဘူး။
အိမ်ကွင်းရှုံးပွဲမရှိ ရပ်တည်ထားတဲ့ ဘရန့်ဖိုဒ့်ဟာ အဝေးကွင်းပွဲတိုင်း အသင်းကြီးတွေ အိမ်ကွင်းမှာ ကစားခဲ့ရပြီး (၃)ပွဲလုံး ရှုံးပွဲတွေ့ထားတဲ့ ပျားတပ်သားတွေအနေနဲ့ သရဲနီအိမ်ကွင်းမှာ ဆက်လက်ရုန်းကန်ရမယ်။ ဖိအားများနေတဲ့ တန်ဟက်ကလည်း ဒဏ်ရာရ ကစားသမားတွေများနေခဲ့တာမို့ ပျားတပ်သားတွေကို နှိမ်နင်းနိုင်ပါ့မလားဆိုတာ ကြည့်ရမှာပါ။ အိုးထရက်ဖို့ဒ်က သရဲနီတွေကို ပျားတုပ်နိုင်ဖို့ မရှိပါဘူး။
ဖူဟမ် [Vs] အက်စတွန်ဗီလာ
[မြန်မာစံတော်ချိန် နံနက် ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၁၉]
ဖူဟမ်အသင်းကလည်း နိုင်ငံပွဲမတိုင်ခင် မန်စီးတီးအိမ်ကွင်းမှာ (၂)ဂိုးထိ ပြန်သွင်းထားနိုင်ခဲ့သလို မာကိုဆေးလ်ဗားတပ်သားတွေ အသင်းကြီး (၂)သင်းကိုသာ အဝေးကွင်း ရှုံးနိမ့်ထားပြီး အိမ်ကွင်းမှာ ငှက်ကျားတွေကိုတောင် ဂိုးပြတ်နိုင်ထားခဲ့တာပါ။
အသင်းကြီးတွေနဲ့ အပြိုင် ခြေစွမ်းပြနေတဲ့ ဗီလာအသင်းကလည်း ဖလား (၃)လုံးလမ်းကြောင်းမှာ ပုံစံကောင်းပြ ကစားနေသလို အာဆင်နယ်ကို ရှုံးနိမ့်ထားတဲ့ (၁)ပွဲသာရှိသေးတဲ့ အူနိုင်းအမ်မရီတို့ ဖူဟမ်ကို နောက်ပိုင်းပွဲတွေမှာ အနိုင်ကစားထားပါတယ်။ တိုက်စစ်ကစားပုံကောင်းပြီး အဝေးကွင်းဂိုးပေးနေရတဲ့ ဗီလာဟာ ဖူလ်ဟမ်ကို ဂိုးပေးရနိုင်လို့ ဂိုးပေါ်ကိုသာ ရွေးချယ်ထားသင့်တယ်။
နယူးကာဆယ် [Vs] ဘရိုက်တန်
[မြန်မာစံတော်ချိန် နံနက် ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၁၉]
စိန့်ဂျိမ်းပါ့ခါက ငှက်ကျားတွေ အိမ်ကွင်းပွဲတွေမှာ အားရစရာကောင်းပေမဲ့ အဝေးကွင်းရုန်းကန်နေရပြီး အိမ်ကွင်းမာတဲ့ အသင်းတွေနဲ့ဆို ဂိုးရဖို့ အတော်လေးရုန်းကန်နေရတဲ့ နယူးကာဆယ်တို့ ရမှတ်တူအပေါ်အောက်ရပ်တည်နေတဲ့ ဇင်ယော်တွေနဲ့ ယှဉ်ဖိုက်ရမှာပါ။
ဘရိုက်တန်ဟာ အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ အာဆင်နယ်၊ ချဲလ်ဆီး၊ စပါးတို့နဲ့ ကစားထားခဲ့ရပြီး ချဲလ်ဆီးတစ်သင်းကိုသာ ရှုံးနိမ့်ထားတဲ့ ဇင်ယော်တွေရဲ့ ပျံသန်းမှုအားမြင့်မားနေသလို တစ်ပွဲ (၂)ဂိုးနဲ့အထက် ဂိုးမြူးနေတဲ့ တိုက်စစ်ကလည်း အာရစရာကောင်းပေမဲ့ ခံစစ်ပွင့်နေတဲ့ ဇင်ယော်တပ်သားတွေဟာ ငှက်ကျားတွေအရပ်မှာ ရုန်းကန်လာရတယ်။ စိန့်ဂျိမ်းပါ့ခ်မှာ အပြန်အလှန်ဂိုးသွင်းနိုင်တာမို့ ဂိုးမိုးရွာရန် ရာနှုန်း ၈၀ အထိ ရှိပါတယ်။
အစ်စွစ် [Vs] အဲဗာတန်
[မြန်မာစံတော်ချိန် နံနက် ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၁၉]
နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲဆက် သရေကစားနိုင်ခဲ့တဲ့ အစ်စွစ်ဟာ တူတပ်သားတွေအရပ်မှာ ဂိုးပြတ်ဆုံး မခံခဲ့ရသလို တိုက်စစ်ဂိုးသွင်းနေပေမဲ့ ခံစစ်စိတ်မချရပါဘူး။ တန်းတက်အသင်းအနေနဲ့ လက်ရှိချိန်ထိ နိုင်ပွဲပျောက်ဆုံးနေတာမို့ ဖိအားများနေပါတယ်။
လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းစပြုလာတဲ့ ရှောင်ဒိုင်ချီးတပ်သားတွေဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲဆက် မရှုံးနိမ့်ထားပဲ နိုင်ပွဲပါ ရှာတွေ့ထားခဲ့ပြီမို့ အင်အားပြည့် ခရီးထွက်လာတဲ့ အဲဗာတန်ဟာ ဒီရာသီအဝေးကွင်းနိုင်ပွဲပျောက်ဆုံးထားမှုကို အဆုံးသတ်နိုင်ဖို့ ကြိုးစားလာမှာပါ။ နိုင်ပွဲပျောက် အစ်စွစ်တို့ အိမ်ကွင်းနိုင်ပွဲရယူနိုင်ဖို့ ကြိုးစားလာနိုင်ပေမဲ့ သရေဆိုရင် ပြားစွန်းစားရမဲ့ အဲဗာတန်နဲ့ရပ်တည်မယ်။
ဆောက်သမ်တန် [Vs] လက်စ္စတာစီးတီး
[မြန်မာစံတော်ချိန် နံနက် ၀၈း၃၀ နာရီ ၊ အောက်တိုဘာ ၁၉]
တန်းတက်ဆောက်သမ်တန်အတွက် လွယ်ကူတဲ့ ပွဲစဉ်တွေမဖြစ်ထားသလို တန်းဆင်းဇုန်ထဲ ရောက်နေပြီး တိုက်စစ်ဖွင့်ကစားလာပေမဲ့ ခံစစ်ကလည်း ပေးဂိုးများလာတဲ့ ဆောက်သမ်တန်ဟာ နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်မှာမဟုတ်သေးပါဘူး။
နိုင်ငံတကာကြားဖြတ်မတိုင်ခင် ဘုန်းမောက်ကို ဧည့်ခံကစားခဲ့တဲ့ ပွဲမှာ နိုင်ပွဲရခဲ့တာမို့ မြေခွေးတပ်သားတွေ ပရီးမီးယားလိဒ်နိုင်ပွဲကို မြင်တွေ့ခွင့်ရခဲ့သလို ပြီးခဲ့တဲ့ ချန်ပီယ့ရှစ် (၂)ကျော့ လုံး ဂိုးပြတ်နိုင်ထားတဲ့ ဂျိမ်းဗာဒီတို့ နိုင်ပွဲဆက်နိုင်ပါတယ်။
ဘုန်းမောက် [Vs] အာဆင်နယ်
[မြန်မာစံတော်ချိန် နံနက် ၁၁း၀၀ နာရီ ၊ အောက်တိုဘာ ၁၉]
ဒီရာသီမှာလည်း ဘုန်းမောက်ရဲ့ခြေစွမ်းတိုးတက်ပြောင်းလဲလာတာမရှိသလို တိုက်စစ်ပိုင်းအားနည်းသွားတဲ့ ဘုန်းမောက်အတွက် အသင်းတိုင်းခက်ခက်ခဲခဲ ကစားနေရပြီး ရလဒ်ပေါင်းစုံထွက်နေတဲ့ ချယ်ရီတွေအမှားပြင်ဆင်ဖို့ လိုအပ်နေပါတယ်။
ဒဏ်ရာရကစားသမားများလာတဲ့ အာတိတာအတွက် အတော်လေးအကျပ်ရိုက်စရာဖြစ်သွားပြီး အဓိကကစားသမားတွေ မပါဝင်နိုင်သလို အမှတ်ပေးဇယားမှာ အဆင့်(၃)နေရာရောက်နေတဲ့ ဆင်ပျံကြီးအတွက် ဒဏ်ရာရ ကစားသမားများနေလို့ ခက်ခဲတဲ့ ပွဲတိုင်းကို ဖြတ်ကျော်ရမှာပါ။အမှားခ့မှာမဟုတ်တဲ့ လန်ဒန်အမြှောက်တွေ ချယ်ရီမြေအရပ်မှာ မြေခရဖို့ မရှိပါဘူး။