အောက်တိုဘာ (၁၅)ရက် ညမှာ ကန်မယ့် နေးရှင်းလိဒ် ပွဲစဉ်ကောင်း များဖြစ်တဲ့
- ပိုလန် [Vs] ခရိုအေးရှား – UEFA Nation League
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၆] - စကော့တလန် [Vs] ပေါ်တူဂီ – UEFA Nation League
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၆] - စပိန် [Vs] ဆားဘီးယား – UEFA Nation League
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၆] - ဆွစ်ဇာလန် [Vs] ဒိန်းမတ် – UEFA Nation League
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၆] - ကိုလံဘီယာ [Vs] ချီလီ – World Cup Qualification
[မြန်မာစံတော်ချိန် နံနက် ၀၃း၀၀ နာရီ ၊ အောက်တိုဘာ ၁၆] - ပါရာဂွေး [Vs] ဗင်နီဇွဲလား – World Cup Qualification
[မြန်မာစံတော်ချိန် နံနက် ၀၅း၃၀ နာရီ ၊ အောက်တိုဘာ ၁၆] - အာဂျင်တီးနား [Vs] ဘိုလီဗီးယား – World Cup Qualification
[မြန်မာစံတော်ချိန် နံနက် ၀၆း၃၀ နာရီ ၊ အောက်တိုဘာ ၁၆] - ဘရာဇီး [Vs] ပီရူး – World Cup Qualification
[မြန်မာစံတော်ချိန် နံနက် ၀၇း၁၅ နာရီ ၊ အောက်တိုဘာ ၁၆]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
Scotland [Vs] Portugal
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၆]
ဇယားအောက်ဆုံးက စကော့တလန်ဟာ ရမှတ်ဘဲဥမကွဲသေးတာမို့ အားကုန်ရုန်းဖို့ရှိသလို တိုမီနေးတစ်ယောက် ဂိုးတွေသွင်းပေးထားပေမဲ့ အုပ်စုတွင်း အင်အားကြီးအသင်းတွေဖြစ်လို့ ခံစစ်ပေးဂိုးတွေနဲ့ ရှုံးပွဲဆက်နေပါတယ်။
တိုက်စစ်မှာ ဆေးလ်ဗား၊ ဘရူနိုဖာနန်ဒက်၊ ရော်နယ်ဒိုတို့ရှိနေတာမို့ ဂိုးတွေမြင်ရဖို့ မခက်သလို အုပ်စုအဆင့်ပွဲတွေကို လွယ်ကူစွာကျော်ဖြတ်နိုင်ပေမဲ့ ရှုံးထွက်အဆင့်တွေမှာ ယောင်ခြောက်ဆယ်ဖြစ်တတ်တဲ့ ပေါ်တူဂီကို ပြင်ဆင်မှု လုပ်ထားရမှာပါ။ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ ပေါ်တူဂီဘော်ဒီ ပါးပါးရွှေးပြီး ဂိုးပေါ်နောက် ဆက်လိုက်ထားမယ်။
Spain [Vs] Serbia
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၆]
လက်ရှိချန်ပီယံစပိန်ဟာ အုပ်စုတွင်းအင်အားအကြီးဆုံး အသင်းဖြစ်သလို ပြိုင်ပွဲစုံ (၁၈)ပွဲ ဆက် ရှုံးပွဲမရှိ (၁၆)ပွဲထိ နိုင်ထားတဲ့ စပိန်မှာ ယာမယ်လ်တို့လို လူငယ်ကစားသမားအများစုနဲ့ ခရီးဆက်နေတဲ့ သူတို့အသင်းကို လက်ရှိအချိန်ထိ ရပ်တန့်မဲ့ အသင်းမရှိသေးပါဘူး။
ရလဒ်ပေါင်းစုံထွက်နေတဲ့ ဆားဘီးယားအသင်းဟာ တိုက်စစ်မှာ မီထရိုဗစ်ပြန်ပါလာပြီမို့ ဆွစ်ဇာလန်အသင်းကို ဂိုးပြတ်နိုင်ပွဲရှာဖွေနိုင်ခဲ့ပြီး ပ-ကျော့ အိမ်ကွင်း ဧည့်ခံမှုမှာ စပိန်ကို ဂိုးမရှိသရေကစားထားခဲ့တဲ့ ဆားဘီးယားတို့ ရှုံးခဲ့ရင်တောင် ဂိုးပြတ်မရှုံးနိုင်ပါဘူး။
Switzerland [Vs] Denmark
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၆]
(၃)ပွဲဆက် အရှုံးကြောင့် ဆွစ်ဇာလန်တို့ လက်ကျန် (၃)ပွဲလုံး အနိုင်ကစားနိုင်ရင်တောင် နောက်တစ်ဆင့်အတွက် မသေချာ မရေရာအခြေအနေဖြစ်နေပြီး ယူရိုပွဲပြီးကတည််းက အကျဘက်ကို စောက်ထိုးဆင်းနေတဲ့ ဆွစ်ဇာလန်အသင်း အိမ်ကွင်းမှာ ပြန်လာနိုင်ဖို့ ကြိုးစားလာမှာပါ။
အုပ်စုဗိုလ် စပိန်နဲ့ အားပြိုင်မှုမှာ ကပ်ရှုံးနိမ့်ခဲ့သလို အဝေးကွင်း အားနည်းတဲ့ ဒိန်းမတ်ကို့ ဆွစ်ဇာလန်မြေမှာ မရှုံးနိမ့်ရေး အာရုံစိုက်ကစားနိုင်မှ အုပ်စုတက်ရေး အခြေအနေကောင်းမှာပါ။ နိုင်ပွဲပျောက် ဆွစ်ဇာလန်ကလည်း အုပ်စုထဲမှာ ရဂိုး (၁)ဂိုးသာရှာဖွေထားနိုင်တာမို့ ဖောင်ဖျက် တိုက်ပွဲဝင်လာမှာပါ။
Poland [Vs] Croatia
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၆]
ပိုလန်ရဲ့ လက်ရှိခြေစွမ်းနဲ့ အုပ်စုတွင်းမှာ စကော့တလန်အသင်းကိုသာ အနိုင်ကျင့်လို့ ရမှာဖြစ်ပြီး ခရိုအေးရှား၊ ပေါ်တူဂီအသင်းတွေနဲ့ ယှဉ်ကစားဖို့ အင်အား လုံလောက်မှု မရှိသေးသလို ခံစစ်ပိုင်းကလည်း ညံ့ဖျင်းလွန်းပါတယ်။
မိုဒရစ်ဦးဆောင်မှုနဲ့ ခရိုအေးရှားအသင်းဟာ ဝါရင့် ကစားသမားတွေနဲ့ စုဖွဲ့ထားသလို ပြိုင်ပွဲအရပ်ရပ်မှာ ခြေစွမ်းထက်လွန်းတဲ့ အသင်းတွေကလွဲရင် အတော်လေးစွာနေပြီး ပိုလန်ကို ပထမအကျော့မှာ အနိုင်ရခဲ့သလို အဝေးကွင်းမှာလည်း အနိုင်ကစားလာဖို့ ကြိုးစားလာမှာပါ။
Colombia [Vs] Chile
[မြန်မာစံတော်ချိန် နံနက် ၀၃း၀၀ နာရီ ၊ အောက်တိုဘာ ၁၆]
ပြီးခဲ့တဲ့ အပတ်က ဇယားအထက်က အသင်းတွေ ကျရှုံးခဲ့ကြပြီး ရှုံးပွဲတွေပါတွေ့ခဲ့တဲ့ အထဲမှာ ကိုလံဘီယာ အသင်းလည်း ပါဝင်ထားခဲ့သလို ခြေစွမ်းထက်လာတဲ့ အိမ်ရှင် ဘိုလီဗီးယား တစ်ယောက်လျော့အခြေအနေကို ရှုံးနိမ့်ခဲ့တာတော့ ဆိုးရွားတဲ့ရလဒ်ပါ။
အုပ်စုဗိုလ် စပိန်နဲ့ အားပြိုင်မှုမှာ ကပ်ရှုံးနိမ့်ခဲ့သလို အဝေးကွင်း အားနည်းတဲ့ ဒိန်းမတ်ကို့ ဆွစ်ဇာလန်မြေမှာ မရှုံးနိမ့်ရေး အာရုံစိုက်ကစားနိုင်မှ အုပ်စုတက်ရေး အခြေအနေကောင်းမှာပါ။ နိုင်ပွဲပျောက် ဆွစ်ဇာလန်ကလည်း အုပ်စုထဲမှာ ရဂိုး (၁)ဂိုးသာရှာဖွေထားနိုင်တာမို့ ဖောင်ဖျက် တိုက်ပွဲဝင်လာမှာပါ။
Paraguay [Vs] Venesuela
[မြန်မာစံတော်ချိန် နံနက် ၀၅း၃၀ နာရီ ၊ အောက်တိုဘာ ၁၆]
ဇယားအထက်ပိုင်းအသင်းကြီးတွေကို ယှဉ်ကစားထားနိုင်ခဲ့ပြီး နည်းပြသစ်ခန့်အပ်ထားတဲ့ (၃)ပွဲစလုံး မရှုံးနိမ့်ထားတဲ့ ပါရာဂွေးခြေစွမ်းကို လျော့တွက်လို့မရတော့သလို အဝေးကွင်းပွဲတွေမှာ သရေကစားထားပြီး အိမ်ကွင်းနိုင်ပွဲရထားပါတယ်။ (၃)ပွဲဆက် ပေးဂိုးမဲ့စံချိန်ပါ ရယူထားတဲ့ ပါရာဂွေးတို့ ခြေစွာလာပါတယ်။
ဗင်နီဇွဲလားရဲ့ အိမ်ကွင်းနောက်ဆုံး (၂)ပွဲဆက် ဥရုဂွေး၊ အာဂျင်တီးနားအသင်းကို သရေကစားထားနိုင်ခဲ့တာ ချီးကျူးထိုက်ပေမဲ့ ဘိုလီဗီးယား အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ထားခဲ့တဲ့ အဝေးကွင်းခံစစ်ဟာ ညံ့ဖျင်းတာမို့ ခံစစ်အသားပေးကစားလာမှာပါ။
Argentina [Vs] Bolivia
[မြန်မာစံတော်ချိန် နံနက် ၀၆း၃၀ နာရီ ၊ အောက်တိုဘာ ၁၆]
ကမ္ဘာ့အဆင့် (၁) အာဂျင်တီးနားဟာ (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပေမဲ့ (၃)မှတ်ဖြတ်ထားပြီး အဆင့်(၁)နေရာမှာ ရပ်တည်နေသလို အားထည့်ကစားတာမတွေ့ရတဲ့အပြင် ဂိုးသမား မာတီးနက်ဇ် မပါတဲ့ (၂)ပွဲလုံး ဂိုးပေးထားရပါတယ်။
နည်းပြသစ် အော်စကာဗီလီဂတ်စ် လက်ထက် ခြေစွမ်းပြမှုနဲ့ အမှတ်ပေးဇယား အဆင့် (၆)နေရာကို တက်လှမ်းနိုင်ခဲ့ပြီး (၃)ပွဲ ကစား (၃)ပွဲလုံး နိုင်ပွဲ ရထားတဲ့အထိ ဘိုလီဗီးယားအသင်း နည်းပြသစ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေတာမို့ ခြေကျ အာဂျင်တီးနားကို ဒုက္ခပေးနိုင်ပါတယ်။ ခြေစွမ်းအရ အရမ်းကွာနေလို့ မက်ဆီတို့ကို လက်ရှိခြေအရ ဂိုးပြတ်နိုင်ဖို့ မလွယ်ပါဘူး။
Brazil [Vs] Peru
[မြန်မာစံတော်ချိန် နံနက် ၀၇း၁၅ နာရီ ၊ အောက်တိုဘာ ၁၆]
ခြေစွမ်းအရမ်းကို ကွာတဲ့ ချီလီကို ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရတဲ့ အထိ ဘရာဇီးခံစစ် ညံ့ဖျင်းနေသလို တိုက်စစ်မှာ ဂိုးရဖို့ အတော်လေးရုန်းကန်နေရတဲ့အထိ အခြေအနေဆိုးရွားနေပါတယ်။ ချီလီကို ဂိုးပေါက် (၄)ကြိမ်သာ တည့်ခဲ့တဲ့ ဘရာဇီး တိုက်စစ်မှာ ဂိုးသွင်းပေးမဲ့ နေမာ လိုအပ်နေပါပြီ။
နိုင်ပွဲပျောက် ပီရူးအတွက် အမှတ်ပေးဇယားအဆင့် (၃)နေရာမှာ ရပ်တည်နေတဲ့ ဥရုဂွေးအသင်းကို ကပ်အနိုင်ယူနိုင်ခဲ့လို့ ဇယားအောက်ဆုံးနေရာထက် တစ်ဆင့်တက်နိုင်ခဲ့သလို စိတ်ဓါတ်ခွန်အားတိုးစေမှာပါ။ ဘရာဇီးကို ပြိုင်ပွဲစုံ နောက်ဆုံး (၁၀)ပွဲဆက် သရေမကျထားပဲ (၈)ပွဲထိ ရှုံးနိမ့်ထားသလို (၆)ပွဲထိ ဂိုးအောက် ကစားထားတဲ့ ပီရူးတို့ ညစ်ရုန်းလာနိုင်ပေမဲ့ ဂိုးပြတ်နိုင်ပွဲ ပျောက်ဆုံးနေတဲ့ ဘရာဇီးအသင်း အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ဖို့များပါတယ်။