အောက်တိုဘာ ၁၁ ပွဲကြိုသုံးသပ်ချက်

အောက်တိုဘာ (၁၁)ရက် ညမှာ ကန်မယ့် နေးရှင်းလိဒ် ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ဘော့စနီးယား [Vs] ဂျာမနီ – UEFA Nation League
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၂]
  • ဟန်ဂေရီ [Vs] နယ်သာလန် – UEFA Nation League
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၂]
  • ချက် [Vs] အယ်ဘေးနီးယား – UEFA Nation League
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၂]
  • ယူကရိန်း [Vs] ဂျော်ဂျီးယား – UEFA Nation League
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၂]
  • အိုက်စ်လန်း [Vs] ဝေးလ် – UEFA Nation League
    [မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၂]
  • ပီရူး [Vs] ဥရုဂွေး – World Cup Qualification
    [မြန်မာစံတော်ချိန် နံနက် ၀၈း၀၀ နာရီ ၊ အောက်တိုဘာ ၁၂]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Bosnia [Vs] Germany

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၂]

ယူရိုမှာ ခြေစစ်ပွဲအောင်ဖို့ကြိုးစားခဲ့ပေမဲ့ ဘော့စနီးယားတို့ ပလေးအော့ဖ်မှာ ယူကရိန်းကို အရေးနိမ့်ခဲ့သလို နေရှင်လိဒ်မှာ ရလဒ်ကောင်းကြိုးစားနေပေမဲ့ တိုက်စစ်မှာ အသက် (၃၈) နှစ်အရွယ် Dzeko တစ်ယောက်အပေါ်မှီခို ကစားနေရတဲ့ ဘော့စနီးယားတို့ ဟန်ဂေရီအသင်းကို သရေကထားထားပါတယ်။

ဟန်ဂေရီကို (၅)ဂိုးပြတ်နိုင်ပြီး နယ်သာလန်ကို သရေကျထားတဲ့ ဂျာမနီအသင်းဟာ အိမ်ရှင် အဖြစ်လက်ခံဂျင်းပခဲ့တဲ့ ယူရို၂၀၂၄ ဖလားကို လက်လွတ်ခဲ့ရသလို စုဖွဲ့မှု အားကောင်းပေမဲ့ ဖလားနဲ့ ဝေးကွာနေတဲ့ ဂျာမနီအသင်းဟာ နယ်သာလန်နဲ့ ရမှတ်တူ ရပ်တည်နေတာမို့ အခုလို ပွဲမှာ ဂိုးပြတ်နိုင်ထားဖို့လိုပါတယ်။

Hungary [Vs] Netherlands

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၂]

ဂျာမနီနဲ့ ဆက်လက်ရင်ဆိုင်ခဲ့ရတဲ့ ဟန်ဂေရီဟာ (၂)ပွဲပေါင်း (၇)ဂိုးအထိပေးထားခဲ့ရသလို ဂိုးပြန်မသွင်းနိုင်ခဲ့ပါဘူး။ ပြိုင်ပွဲစုံ အိမ်ကွင်း (၁၂)ပွဲဆက် ရှုံးပွဲမရှိ ကစားထားတဲ့ ဟန်ဂေရီဟာ နောက်ဆုံး ဧည့်ခံထားတဲ့ ဘောစနီးယားအသင်းကို ဂိုးမရှိ သရေကျခဲ့တာမို့ နေရှင်နယ်လိဒ်မှာ ရဂိုး မရှိရပ်တည်နေပါတယ်။

နည်းပြကိုးမန်းလက်ထက် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ပြင်သစ်နဲ့ အဖွင့်ပွဲမှာ ဂိုးမသွင်းနိုင်ကာ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ ၂၁ ပွဲဆက် ဂတ်ပို၊ ဆီမွန်စ်တို့နဲ့ ဂိုးသွင်းထားတာ အားရစရာကောင်းပေမဲ့ ခံစစ်ကလည်း ဂိုးပြန်ပေးနေရပါတယ်။ နိုင်ပွဲရဖို့ မခက်တဲ့ နယ်သာလန်ဟာ အိမ်ရှင် ဟန်ဂေရီအသင်းကို ဂိုးပြန်ပေးရနိုင်လို့ ဂိုးမိုးရွာရန် ၈၀% အထိ ရှိပါတယ်။

Czechia [Vs] Albania

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၂]

ခြေစွမ်းအရ သိပ်မကွာလှတဲ့ (၂)သင်းထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး ဂိုးသွင်း ဂိုးပေးနေကျသလို ဂျော်ဂျီယာကို ရှုံးနိမ့်ကာ ယူကရိန်းကို အနိုင်ကစားထားတာချင်းလည်း တူညီနေပါတယ်။ အိမ်ကွင်း ရုန်းအားမဆိုးတဲ့ ချက်ဟာ ဂိုးသွင်းအားရှိတဲ့ ကစားသမားတွေရှိသလို ခံစစ်လည်း ညံ့ဖျင်းပါတယ်။

အဆင့်ရပ်တည်မှုမှာ အယ်ဘေးနီးယားဟာ အုပ်စုတွင်းအငယ်ဆုံး အသင်းဖြစ်ပေမဲ့ ဘရာဇီးလ်သားနည်းပြ လက်ထက်မှာ ကစားပုံ အတော်လေးကောင်းလာပြီး ယူရိုမှာခြေစွမ်းပြနိုင်ခဲ့သလို ခရိုအေးရှားကို သရေ၊ စပိန်ကို (၁)ဂိုးနဲ့ ကပ်ရှုံးနိမ့်ထားခဲ့တဲ့ သူတို့အသင်းဟာ နေရှင်နယ်လ်ိဒ်မှာလည်း ခြေစွမ်းပြကစားနေပါတယ်။

Ukraine [Vs] Georgia

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၂]

ယူကရိန်းတိုက်စစ်ထက်ပေမဲ့ အယ်ဘေးနီးယား၊ ချက်တို့ရဲ့ တိုက်စစ်က ပိုကောင်းနေပြီး ခံစစ်လည်း ညံ့ဖျင်းလာလို့ နေရှင်နယ်လိဒ်မှာ မျက်နှာပန်းမလှ ရှုံးပွဲတွေ့နေတာမို့ အဖြည့်ခံအဆင့်ရောက်နေတဲ့ အိမ်ရှင်အသင်း ဖောင်ဖျက်ရုန်းရတော့မှာပါ။

ယူရိုချန်ပီယံ စပိန်ကို မနိုင်ခဲ့တာလွဲရင် ပေါ်တူဂီအသင်းကိုတောင် အနိုင်ကစားထားတဲ့ ဂျော်ဂျီယာအသင်း ချက်၊ အယ်ဘေးနီးယားကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေသလို အသင်းစုဖွဲ့မှု အားကောင်းမွန်လာတဲ့ ဂျော်ဂျီယာတို့ ပိုလန်မှာ လက်ခံကစားမဲ့ ယူကရိန်းကို အနိမ့်ဆုံး သရေခံ ကစားလာမှာပါ။

Iceland [Vs] Wales

[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၂]

တစ်ပွဲနိုင် တစ်ပွဲရှုံး ရစ်သန်မှန်နေတဲ့ အိုက်စ်လန်ဟာ အိမ်ကွင်းပွဲတွေမှာ အားထည့်ကစားလေ့ရှိပြီး နိုင်ပွဲရှာဖွေထားပေမဲ့ ခြေစွမ်းထက်အသင်းကြီးတွေနဲ့ဆို ခံစစ်အသာပေးကစားကာ ဂိုးပြတ်မရှုံးရေးကိုသာ အာရုံစိုက်ကစားလေ့ရှိပါတယ်။

နည်းပြသစ်ခန့်အပ်ထားတဲ့ ဝေးလ်ဟာ ဂါရက်ဘေးမရှိတော့ပေမဲ့ လူငယ်ကစားသမားတွေနဲ့ အကောင်းဆုံး စုဖွဲ့ကာ ခြေစွာလာသလို နေရှင်နယ်လိဒ်မှာ စကိုင်တွယ်ခဲ့တဲ့ နည်းပြသစ်လက်ထက်မှာ ရှုံးပွဲမရှိ ရလဒ်ကောင်းထားတယ်။ အိုက်စ်လန်အသင်း အိမ်ကွင်းမှာတာ မှန်ပေမဲ့ ဝေးလ် နဲ့ ဂိုးအောက်သာ ရပ်တည်မယ်။

Peru [Vs] Uruguay

[မြန်မာစံတော်ချိန် နံနက် ၀၈း၀၀ နာရီ ၊ အောက်တိုဘာ ၁၂]

တောင်အမေရိကဇုန်ခြေစစ်ပွဲမှာ ဘိုလီဗီးယား၊ ချီလီအသင်းတွေထက် အခြေအနေဆိုးကာ နိုင်ပွဲပျောက် ပီရူးတို့ သရေ (၃)ပွဲကစားထားလို့သာ (၃)မှတ်ရထားပြီး (၂)ဂိုးသာ စွမ်းဆောင်ထားနိုင်သေးတဲ့ တိုက်စစ်နဲ့ ပြိုင်ပွဲစုံ နောက်ဆုံး (၅)ပွဲဆက် ဂိုးအောက်ကစားထားပါတယ်။

တိုက်စစ်ဂိုးရဖို့အတော်လေး ရုန်းကန်လာရသလို ပြိုင်ပွဲစုံ နောက်ဆုံး (၆)ပွဲမှာ (၅)ပွဲထိ သရေကျပြီး (၁)ပွဲရှုံး နိုင်ပွဲပျောက် ဥရုဂွေးအသင်းဟာ ဒါဝင်နူးနက်စ်တစ်ယောက် ဂိုးသွင်းခြေပျောက်ဆုံးနေမှုကို အဆုံးသတ်ဖို့လိုပါတယ်။ ဇယားအောက်ဆုံးက ပီရူးကို အနိုင်ယူပြီး ဥရုဂွေးရဲ့ နိုင်ပွဲရ နေ့ရက်တွေကို ပြန်မြင်ရမှာပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *