အောက်တိုဘာ (၁၀)ရက် ညမှာ ကန်မယ့် ပွဲစဉ်ကောင်း များဖြစ်တဲ့
- အစ္စရေး – ပြင်သစ် – UEFA Nation League
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၁] - အီတလီ – ဘယ်လ်ဂျီယံ – UEFA Nation League
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၁] - အင်္ဂလန် – ဂရိ – UEFA Nation League
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၁] - နော်ဝေး – ဆလိုဗေးနီးယား – UEFA Nation League
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၁] - ဘိုလီဗီးယား – ကိုလံဘီယာ – World Cup Qualification
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ အောက်တိုဘာ ၁၁] - အီကွေဒေါ – ပါရာဂွေး – World Cup Qualification
[မြန်မာစံတော်ချိန် နံနက် ၀၃း၃၀ နာရီ ၊ အောက်တိုဘာ ၁၁] - ဗင်နီဇွဲလား – အာဂျင်တီးနား – World Cup Qualification
[မြန်မာစံတော်ချိန် နံနက် ၀၃း၃၀ နာရီ ၊ အောက်တိုဘာ ၁၁] - ချီလီ – ဘရာဇီးလ် – World Cup Qualification
[မြန်မာစံတော်ချိန် နံနက် ၀၆း၃၀ နာရီ ၊ အောက်တိုဘာ ၁၁] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
Israel [Vs] France
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၁]
အသင်းကြီးတွေကြား အဖြည့်ခံအသင်းဖြစ်သလို နိုင်ငံရေးကြောင့် ဟန်ဂေရီမြေမှာ လက်ခံ ကစားနေရတဲ့ အစ္စရေးအသင်းဟာ ခြေစွမ်းထက် အသင်းတွေအောက် ဆက်လက် အသုံးတော်ခံ ရဦးမှာပါ။
နေရှင်နယ်လိဒ်အေ အုပ်စု(၂) မှာ (၁)ပွဲရှုံး၊ (၁)ပွဲနိုင်ထားတဲ့ ပြင်သစ်ဟာ ပြိုင်ပွဲစုံအနောက်ဆုံး (၇)ပွဲမှာ ဘယ်လ်ဂျီယံ အသင်းကိုပဲ (၂)ကြိမ်တွေ့ (၂)ကြိမ်လုံးနိုင်ထားခဲ့တဲ့ ပြင်သစ်အသင်းရဲ့ လက်ရှိခြေစွမ်းဟာ မှန်းဆရခက်ခဲနေပေမဲ့ အစ္စရေးအသင်းကိုတော့ ဂိုးပြတ်နိုင်ပါတယ်။
Italy [Vs] Belgium
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၁]
ယူရိုမှာ ရှုံးခဲ့သမျှ အီတလီတို့ နိုင်ပွဲတွေပြန်ရှာနေသလို အဝေးကွင်း (၂)ပွဲဆက် နိုင်ပွဲနဲ့ ပြင်သစ်၊ ဘယ်လ်ဂျီယံကို ကျော်ကာ အမှတ်ပေးဇယား ဦးဆောင်ထားတဲ့ အီတလီဟာ အိမ်ကွင်းပွဲတွေမှာ ခြေစွမ်းပြ ကစားနေပါတယ်။
ဘယ်လ်ဂျီယံတို့ အသင်းကြီးဖြစ်ပေမဲ့ ခြေစွမ်းထက်အသင်းတွေနဲ့ဆို ရုန်းကန်နေရတဲ့အပြင် ဒိုကူ၊ ထရော်ဆာတို့နဲ့သာ ပွဲထွက်လာနိုင်ပြီး ဒီဘရိုင်းနားပါဖို့ မသေချာတဲ့ သူတို့အသင်းဟာ အီတလီနဲ့ နောက်ဆုံးတွေ့ဆုံထားတဲ့ (၃)ပွဲလုံး ရှုံးပွဲတွေ့ထားပါတယ်။ အိမ်ကွင်းအဆိပ်ရှိပြီး ပြင်သစ်ကို အနိုင်ရခဲ့တဲ့ အီတလီတို့ နိုင်ပွဲဆက်ဦးမှာပါ။
England [Vs] Greece
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၁]
ယူရိုဖိုင်နယ်ရှုံးပွဲအပြီးမှာ အင်္ဂလန်တို့ (၁)ပွဲ (၂)ဂိုးနဲ့ နိုင်ပွဲဆက်နေပေမဲ့ လက်ရှိရင်ဆိုင်ရမဲ့ ဂရိအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့်(၂)နေရာကို ရောက်နေတဲ့ အင်္ဂလန်တပ်သားတွေ နည်းပြသစ်လက်ထက်မှာ ပုံစံအသစ်နဲ့ ပွဲထွက်လာမှာပါ။
နည်းပြသစ်အိုင်ဗန်ဂျိုဗာနိုဗစ် လက်ထက် (၂)ပွဲကစား (၂)ပွဲလုံး ဂိုးပြတ်နိုင်ပွဲရထားခဲ့သလို ဖင်လန်၊ အိုင်ယာလန် အသင်းတွေကို ပေးဂိုးမရှိ ရပ်တည်ထားနိုင်ခဲ့ပေမဲ့ အဆင့်(၁)နေရာ လုပွဲကို ခြေစွမ်းထက် အင်္ဂလန်မြေမှာ ကစားရမှာဖြစ်ပြီး နည်းပြသစ် ခန့်အပ်ထားတဲ့ (၂)သင်းရဲ့ အားပြိုင်မှုမှာ ဂရိတပ်သားတွေ အင်္ဂလန်မြေမှာ ရုန်းကန်ရမှာပါ။ လူအင်အားတောင့်တင်းတဲ့ လီကာစ်လေးတပ်သားတွေ ဝင်ဘာလေကွင်းမှာ အောင်ပွဲဆက်ခံနိုင်မှာပါ။
Norway [Vs] Slovenia
[မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ အောက်တိုဘာ ၁၁]
ဟာလန်း၊ အိုဒီဂတ်စ်၊ Sorloth တို့ရှိတဲ့ နော်ဝေးဟာ အသင်းကြီးတွေမှာ ကစားနေတဲ့ ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပေမဲ့ ဘယ်ခြေစစ်ပွဲမှ မအောင်တဲ့ နော်ဝေးရဲ့ အသင်းစုဖွဲ့မှုအားဟာ အားရစရာမရှိသလို အိုဒီဂတ်စ်လည်း ဒဏ်ရာရနေပါတယ်။
ဆလိုဗေးနီးယားမှာ နာမည်ကြီး ကစားသမားဆိုလို့ ဂိုးသမား Jan Oblak လက်စွမ်းပြမှုနဲ့ ပြိုင်ပွဲစုံ (၁၂)ပွဲဆက် မရှုံးနိမ့်ထားသလို ယူရို၂၄ နောက်ဆုံးကစားထားခဲ့တဲ့ အင်္ဂလန်၊ ပေါ်တူဂီ အသင်းတွေကို မိနစ်(၉၀) အတွင်းသရေ ကစားခဲ့သလို နေရှင်နယ်လိဒ် (၂)ပွဲကစားအပြီးမှာလည်း (၄)မှတ်နဲ့ ဦးဆောင်ထားပါတယ်။ နော်ဝေးနဲ့ နောက်ဆုံးတွေ့ဆုံထားတဲ့ (၅)ပွဲမှာလည်း (၁)ပွဲသာ ရှုုံးနိမ့်ထားတဲ့ ဟာလန်းတိုက်စစ်ကို ခံကစားလာမဲ့ ဧည့်သည်အရိပ်အောက်မှာ ခိုလှုံမယ်။
Bolivia [Vs] Colombia
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ အောက်တိုဘာ ၁၁]
ဘိုလီဗီးယားတို့ တိုက်စစ်အစွမ်းပြမှုနဲ့ (၂)ပွဲဆက် နိုင်ပွဲဆက်ထားခဲ့လို့ ရလဒ်ပြန်ကောင်းလာပါတယ်။ ရှုံးပွဲတွေကြားက နိုင်ပွဲရခဲ့တာမို့ ယုံကြည်မှုပြည့်၀နေပေမဲ့ အဆင့်(၂)နေရာက ရှုံးပွဲမရှိ ကိုလံဘီယာကို ဧည့်ခံရမှာပါ။
ကိုလံဘီယာကို ဦးဆောင်နေတဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ရဲ့ ခြေစွမ်းပြကစားနိုင်မှုနဲ့အတူ အမှတ်ပေးဇယား အဆင့်(၂)နေရာကို ပို့ဆောင်ပေးထားပြီး နောက်ဆုံး ကစားထားတဲ့ပွဲမှာ အာဂျင်တီးနားကို နိုင်ပွဲရယူထားခဲ့ပါတယ်။ ဘိုလီဗီးယားအိမ်ကွင်းဆို ရုန်းကန်ရလေ့ရှိပြီး ချီလီ၊ ပီရူးကို သရေကျထားတာမို့ ဂိုးအောက်ကိုသာ စွန့်စားသင့်ပါတယ်။
Ecuador [Vs] Paraguay
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ အောက်တိုဘာ ၁၁]
ဝါရင့်တိုက်စစ်မှူး ဗယ်လန်စီယာရဲ့ ဦးဆောင်မှုနဲ့ အထိုက်အလျောက်ခြေစွမ်းပြနေပြီး ဘရာဇီး၊ အာဂျင်တီးနား (၂)သင်းကိုသာ ရှုံးပွဲတွေ့ထားတဲ့ အီကွေဒေါအသင်းဟာ အိမ်ကွင်းရှုံးပွဲမရှိ ရပ်တည်ထားပါတယ်။
အမှတ်ပေးဇယား အဆင့် (၇) ရမှတ် (၉)မှတ်ရှာဖွေထားတဲ့ ပါရာဂွေးအသင်းဟာ ကော်စတာရီကာနဲ့ Copa America ဖလားပွဲတွေ့အပြီးမှာ ကော်စတာရီကာရဲ့ နည်းပြကို ခန့်အပ်ထားခဲ့တဲ့ ပါရာဂွေးတို့ မှန်ကန်မှု ပြုလုပ်နိုင်ခဲ့တယ်ဆိုတာ ဥရုဂွေးကို သရေ ကစားအပြီး ဘရာဇီးကို အနိုင်ကစားနိုင်ခဲ့တယ်။ တစ်ဖက်မှာလည်း အိမ်ကွင်းခြေစွမ်းပြကစားနေတဲ့ အီကွေဒေါအသင်းကို မေ့ထားလို့ မရတာမို့ ဂိုးအောက်ကိုသာရွေးချယ်ပါမယ်။
Venezuela [Vs] Argentina
[မြန်မာစံတော်ချိန် နံနက် ၀၃း၃၀ နာရီ ၊ အောက်တိုဘာ ၁၁]
အိမ်ကွင်း ရှုံးပွဲမရှိကစားထားတဲ့ ဗင်နီဇွဲလားဟာ ဥရုဂွေး၊ ဘရာဇီးအသင်းတွေကို သရေခံ ကစားထားသလို အိမ်ကွင်း(၄)ပွဲ ကစားအပြီးမှာလည်း ခံစစ်ပေးဂိုးမရှိရပ်တည်ထားပါတယ်။ဇယားအောက်ဆုံးနေရာမှာသာ မျက်နှာငယ်ခဲ့ရတဲ့ ဗင်နီဇွဲလားအသင်းက ခြေစွာနေပါတယ်။
တောင်အမေရိက ဇုန်ခြေစစ်ပွဲမှာ အာဂျင်တီးနားအသင်း ရှုံးပွဲ (၂)ပွဲတွေ့ထားခဲ့ပေမဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။အသင်းစုဖွဲ့မှုအားကျဆင်းလာပြီး ဒီမာရီယာအနားယူသွားသလို မက်ဆီလည်း ဒဏ်ရာရနေခဲ့တာမို့ ကိုလံဘီယာကို ရှုံးနိမ့်ထားခဲ့တဲ့ အာဂျင်တီးနားအသင်းမှာ မက်ဆီပြန်လာပြီ။
Chile [Vs] Brazil
[မြန်မာစံတော်ချိန် နံနက် ၀၃း၃၀ နာရီ ၊ အောက်တိုဘာ ၁၁]
တိုးတက်လာမှုမရှိတဲ့ ချီလီဟာ အသင်းတိုင်းကို ဒူးထောက်နေရပြီး ခံစစ်လည်းမကောင်းသလို တိုက်စစ်မှာ အားကိုးရတဲ့ ကစားသမားမရှိတော့တာမို့ ပီရူးပြီးရင် အညံ့နေရာကို ရောက်နေပါတယ်။
ဘရာဇီးဟာ နာမည်ကြီး ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားသလို နေမာဒဏ်ရာ ရနေမှုနဲ့ ရုန်းကန်နေရပြီး အဝေးကွင်းနိုင်ပွဲ (၁)ပွဲသာ ရှာတွေ့ခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးအဝေးကွင်းပွဲကလည်း ပါရာဂွေးအသင်းကို အရေးနိမ့်ထားခဲ့တာမို့ နည်းပြသစ်ရဲ့ ပထမဆုံး ရှုုံးပွဲကနေပြန်ရုန်းထလာမှာပါ။ ပြိုင်ပွဲနောက်ဆုံး (၁၀)ပွဲဆက်မရှုံးနိမ့်ထားတဲ့ ဘရာဇီးအသင်းနိုင်ပွဲရမှာပါ။