နိုဝင်ဘာ ၂၃ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ ၂၃ ရက် ညမှာကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့
  • လက်စ္စတာစီးတီး [Vs] ချဲလ်ဆီး – England Premier League
    [မြန်မာစံတော်ချိန် ည ၀၇း၀၀ နာရီ ၊ နိုဝင်ဘာ ၂၃]
  • အာဆင်နယ် [Vs] နော်တင်ဟမ် – England Premier League
    [မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]
  • အက်စတွန်ဗီလာ [Vs] ခရစ္စတယ်ပဲလေ့စ် – England Premier League
    [မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]
  • ဘုန်းမောက် [Vs] ဘရိုက်တန် – England Premier League
    [မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]
  • အဲဗာတန် [Vs] ဘရန့်ဖို့ဒ် – England Premier League
    [မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]
  • ဖူလ်ဟမ် [Vs] ဝုဗ် – England Premier League
    [မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]
  • မန်စီးတီး [Vs] စပါး – England Premier League
    [မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၂၄]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

လက်စ္စတာစီးတီး [Vs] ချဲလ်ဆီး

[မြန်မာစံတော်ချိန် ည ၀၇း၀၀ နာရီ ၊ နိုဝင်ဘာ ၂၃]

(၂)ပွဲဆက် နိုင်ခဲ့တဲ့ လက်စ္စတာတို့ အကျဘက်ကို ပြန်ရောက်နေပြီး ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲမှာ ရှုံးပွဲ (၃) ပွဲအထိ ပြန်တွေ့ထားပါတယ်။ ခံစစ်ညံ့ဖျင်းလာပေမဲ့ အိမ်ကွင်းပွဲတိုင်း (၁)ပွဲ (၁)ဂိုးနှုန်း ပုံမှန်ဂိုးသွင်းထားပါတယ်။

မန်ယူ၊ အာဆင်နယ်တို့နဲ့ ဆက်တိုက်ကစားထားပြီး (၁-၁) ရလဒ်တွေကစားထားတဲ့ ချဲလ်ဆီး ဟာ ပရီးမီးယားလိဒ် အမှတ်ပေးဇယား အဆင့်(၃)နေရာအထိ တက်လှမ်းထားနိုင်ခဲ့တဲ့ ခြင်္သေ့ပြာတပ်သားတွေရဲ့ ခြေစွမ်းဟာ အထင်ကြီးစရာကောင်းလာပါတယ်။ ဝံပုလွေတပ်သားတွေနဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံး (၇)ပွဲမှာ ချဲလ်ဆီးတို့ (၆)ပွဲနိုင်ထားပါတယ်။ ကင်းပါဝါမှာ ဂိုးပြတ်နိုင်တဲ့ ခြင်္သေ့ပြာတပ်သားတွေကိုသာ အားပေးထားချင်ပါတယ်။

အာဆင်နယ် [Vs] နော်တင်ဟမ်

[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]

စောစောစီးစီး ဆောင်းခိုနေတဲ့ ဆင်ပျံကြီးအသင်းကလည်း ပရီးမီးယားလိဒ် (၄)ပွဲဆက် နိုင်ပွဲ ပျော်ကဆုံးထားပါတယ်။ ရမှတ်တူ အပေါ်အောက် ရပ်တည်နေပြီး ခြေရာတိုင်းလာတဲ့ သစ်တောတွေကို ဂန်းနားတွေ နှိမ်နင်းပေးရမှာပါ။

အိမ်ကွင်းနိုင်ပွဲထက် အဝေးကွင်းခြေစွာနေတဲ့ နော်တင်ဟမ်အသင်းဟာ အဝေးကွင်း ရှုံးပွဲမရှိ ကစားထားသလို လီဗာပူးလ်၊ ချဲလ်ဆီးတို့ကို အကောင်းဆုံး ပုံစံနဲ့ ကစားထားပါတယ်။ ခံစစ်လည်းမာကျောပြီး တိုက်စစ်ဂိုးသွင်းခြေလည်းရှိတာမို့ ဆင်ပျံကြီးအသင်းကို ဒုက္ခပေးလာနိုင်ပါတယ်။အမ်းမရိတ်က ဆင်ပျံကြီးကို သစ်တောတွေ ဂိုးပြတ်မရှုံးနိုင်လို့ ဂိုးပေါ်ကပိုကောင်းမှာပါ။

အက်စတွန်ဗီလာ [Vs] ခရစ္စတယ်ပဲလေ့စ်

[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]

ဘုန်းမောက်ကို သရေကျအပြီးမှာ ပြိုင်ပွဲအရပ်ရပ် (၄)ပွဲဆက် အရှုံးနဲ့အတူ ခြေစွမ်းလည်းကျဆင်းလာတဲ့ ဗီလာတို့ အမှတ်ပေးဇယား အဆင့်(၉)နေရာကို ထိုးဆင်းသွားသလို ကာရာဘောင်းဖလားက အိမ်ကွင်း ရှုံးကြွေးပြန်ဆပ်နိုင်ဖို့လိုပါတယ်။

တန်းဆင်းဇုန်ထဲက လင်းယုန်တွေ ရုန်းထနိုင်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ ဖူလ်ဟမ်နဲ့ အတွေ့မှာ ဂိုးပြတ်ရှုံးပွဲပြန်တွေ့ထားခဲ့ပါတယ်။ ကာရာဘောင်းဖလားမှာ အနိုင်ရခဲ့တယ်ဆိုပေမဲ့ ပရီးမီးယားလိဒ်မှာ အဝေးကွင်းနိုင်ပွဲပျောက်ဆုံးထားပြီး (၂)ခါပြန် ကံမကောင်းနိုင်ပါဘူး။ အိုလီဗာဂလက်စ်နာ တပ်သားတွေက အူနိုင်းအမ်မရီတပ်သားတွေကို ဒူးထောက်ရမှာပါ။

ဘုန်းမောက် [Vs] ဘရိုက်တန်

[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]

အာဆင်နယ်၊ မန်စီးတီး အသင်းကြီးတွေကို အနိုင်ယူပြီး လန်းဆန်းထားနိုင်ခဲ့တဲ့ ချယ်ရီတွေ ပျားတပ်သားတွေအရပ်မှာ အပြန်အလှန်သွင်းဂိုးတွေ ရှိခဲ့ပေမဲ့ အညံ့ခံခဲ့ရပါတယ်။ အိမ်ကွင်း (၁)ပွဲသာ ရှုံးသေးတဲ့ ဘုန်းမောက်ဟာ အိမ်ကွင်းစွာတဲ့ အထဲမှာပါတယ်။

နိုင်ငံတကာ ကြားဖြတ်မတိုင်ခင် မန်စီးတီးအသင်းကို အနိုင်ရထားခဲ့တဲ့ ဘရိုက်တန်ဟာ ရုန်းအားရှိသလို ဂိုးသါင်းနိုင်စွမ်းလည်း ရှိပါတယ်။ ဒီရာသီ ပရီးမီးယားလိဒ် (၂)ပွဲသာ ရှုံးသေးတဲ့ ဇင်ယော်တွေဟာ ချဲလ်ဆီး၊ လီဗာပူးလ်တို့ အိမ်ကွင်းပွဲတွေမှာ ရှုံးနိမ့်ထားတာပါ။

အဲဗာတန် [Vs] ဘရန့်ဖို့ဒ်

[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]

လမ်းကြောင်းမှန်နဲ့အတူ တန်းဆင်းရမဲ့ အရေးက ကျော်လွှားထားနိုင်ပေမဲ့ တန်းဆင်းဇုန် ဖိအားက လွတ်မြောက်နိုင်ဖို့ အတော်လေးကြိုးစားရမှာပါ။ နောက်ဆုံး (၇)ပွဲမှာ (၁)ပွဲသာ ရှုံးခဲ့တဲ့ ရှောင်ဒိုင်ချီးတပ်သားတွေဟာ အိမ်ကွင်း (၃)ပွဲဆက် ရလဒ်ကောင်းထားပါတယ်။

အိမ်ကွင်းပွဲတိုင်း ဂိုးပြန်ပေးထားရပေမဲ့ အိမ်ကွင်း ရှုံးပွဲမရှိရပ်တည်ထားတဲ့ ဘရန့်ဖို့ဒ်ဟာ အဝေးကွင်းပွဲတွေမှာ အသင်းကြီးတွေနဲ့ (၄)ပွဲဆက် ရှုံးပွဲဆက်ခဲ့တာမို့ ဖူလ်ဟမ် အိမ်ကွင်းမှာပါ အဝေးကွင်း ရှုံးပွဲဆက်နေမှုကို မရပ်တန့်နိုင်သေးတဲ့ သောမက်စ်ဖရန့်တပ်သားတွေ ခံစစ်ဟာ လက်ရှိ ချိန်အထိ ဂိုးမပေးရတဲ့ပွဲမရှိပါဘူး။ မာဆေးဆိုဒ်မှာ ဘရန့်ဖို့ဒ် တပ်သားတွေ ပျားတုပ်နိုင်မှာပါ။

ဖူလ်ဟမ် [Vs] ဝုဗ်

[မြန်မာစံတော်ချိန် ည ၀၉း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]

မာကိုဆေးလ်ဗားတပ်သားတွေ ဒီရာသီရှုံးပွဲ (၃)ပွဲမှာ အိမ်ကွင်း (၁)ပွဲသာ ရှုံးသေးတဲ့ ဖူလ်ဟမ်တို့ ကစားပုံ အတော်လေးကောင်းလာသလို တိုက်စစ်ဂိုးသွင်းခြေထက်မြက်လာပါတယ်။ အိမ်ကွင်း ခံစစ် ဂိုးပေးနေရပေမဲ့ စုဖွဲ့မှုအား ကျစ်လစ်လာပါတယ်။

တန်းဆင်းဇုန်ထဲက လွတ်မြောက်နိုင်ဖို့အတွက် အစွမ်းကုန်ရုန်းကန်လာတဲ့ ဝုဗ်ဟာ နောက်ဆုံး (၃)ပွဲ ဆက်ရှုံးပွဲမရှိ ကစားထားပြီး နိုင်ငံတကာ ကြားဖြတ်မတိုင်ခင် ပထမဆုံး အိမ်ကွင်းနိုင်ပွဲကို ရှာတွေ့ထားခဲ့တဲ့ မြေခွေးတပ်သားတွေရဲ့ တိုက်စစ်ကလည်း မရှုံးခဲ့တဲ့ (၃)ပွဲလု့းကို (၂)ဂိုးနှုန်းသွင်းထားပါတယ်။ ဂရေးအိုနေး တပ်သားတွေ ရုန်းကန်လာနေပေမဲ့ အိမ်ရှင် ဖူလ်ဟမ်အသင်းကိုပဲ အကြိုက်တွေ့မိပါတယ်။

မန်စီးတီး [Vs] စပါး

[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၂၄]

ပြိုင်ပွဲ အရပ်ရပ် (၄)ပွဲလုံး အဝေးကွင်း ရှုံးပွဲဆက်နေတြ့ ဂွါဒီယိုလာတပ်သားတွေ ဒဏ်ရာရ ကစားသမားများလာသလို ခံစစ်ညံ့ဖျင်းလာပြီး တိုက်စစ်ကလည်း (၁)ပွဲ (၁)ဂိုးထက် ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ရှုံးပွဲဆက်နေတဲ့ မန်စီးတီးအသင်း အိမ်ကွင်းမှာ ရပ်တန့်လာမှာပါ။

ဇယားအလယ်က စပါးဟာ ပြိုင်ပွဲစုံ (၂)ပွဲဆက် ရှုံးပွဲပြန်တွေ့ထားသလို အစ်စွစ်ကို ရှုံးခဲ့တဲ့ ပွဲကတော့ အတော်လေးညံ့ဖျင်းခဲ့တယ်လို့ ပြောရမှာပါ။ EFL တွေ့ဆုံထားမှုမှာ မန်စီးတီးအသင်းကို အနိုင်ကစားထားနိုင်ခဲ့ပေမဲ့ အဝေးကွင်း ရှုံးပွဲဆက်နေပြီး ခံစစ်ညံ့ (၂)သင်းမှာ အပြန်အလှန်သွင်းဂိုးတွေ ရေတွက် ရနိုင်ပါတယ်။ ဂိုးပေါ်ကို လက်မှတ်ဖြတ်ထားတာက အကောင်းဆုံးဖြစ်မှာပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *