နိုဝင်ဘာ ၂၂ ရက် ညမှာကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့
- ဂီတာဖေး [Vs] ဗယ်လာဒိုးလစ် – Spain LaLiga
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃] - ဘိုင်ယန် [Vs] အော့စ်ဘတ် – Bundesliga
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ နိုဝင်ဘာ ၂၃] - မိုနာကို [Vs] ဘရက်စ် – Ligue 1
[မြန်မာစံတော်ချိန် နံနက် ၁၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃] - ပီအက်စ်ဂျီ [Vs] တူးလော့စ် – Ligue 1
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
ဂီတာဖေး [Vs] ဗယ်လာဒိုးလစ်
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]
တန်းဆင်းဇုန်ကပ်လျက်က ဂီတာဖေးဟာ နောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားမှုနဲ့အတူ အိမ်ကွင်းပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး (၁)ပွဲ (၁)ဂိုးနှုန်း ပုံမှန်ပေးနေရတဲ့ ခံစစ်နဲ့ တိုက်စစ်ဟာ ဂိုးရဖို့အတော်လေး ရုန်းကန်လာရပါတယ်။
(၁)မှတ်သာကွာတဲ့ တန်းဆင်းဇုန်ထဲက ဗယ်လာဒိုးလစ်ဟာ တန်းတက်အသင်းတွေထဲမှာ ပေးဂိုးအများဆုံးဖြစ်ပြီး အိမ်ကွင်းမှာ ဘီလ်ဘာအိုကို သရေခံကစားထားနိုင်ခဲ့သလို ရစ်သန်မှန်နေတဲ့ အသင်းဆိုပေမဲ့ ခံစစ်ညံ့ပါတယ်။ ဂိုးရဖို့ ရုန်းကန်နေရတဲ့ (၂)သင်းမှာ သွင်းဂိုးတွေ မြင်ရဖို့ မရှိပါဘူး။
ဘိုင်ယန် [Vs] အော့စ်ဘတ်
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ နိုဝင်ဘာ ၂၃]
အမှတ်ပေးဇယားကို (၅)မှတ်ဖြတ်ဦးဆောင်နေတဲ့ ဘိုင်ယန်ဟာ ပြိုင်ပွဲစုံ (၅)ပွဲဆက် အနိုင်နဲ့ ရစ်သန်မှန်နေပြီး ပေးဂိုးမဲ့ ခံစစ်နဲ့ အတော်လေးစွာနေပေမဲ့ တိုက်စစ်ဂိုးသွင်းခြေကျဆင်းသွားမှုကို ကွန်ပနီတပ်သားတွေ အိမ်ကွင်းမှာ ဂိုးမိုးရွာမှာပါ။
တန်းဆင်းဇုန်နဲ့ ရမှတ်သိပ်မကွာထားတဲ့ အော့စ်ဘတ်ဟာ နောက်ပိုင်းပွဲတွေမှာ ရုန်းကန်လာတဲ့ အသင်းဖြစ်ပေမဲ့ အဝေးကွင်းနိုင်ပွဲမရထားသလို တိုက်စစ်ကလည်း (၂)ဂိုးသာ ရှာဖွေထားနိုင်သေးပါတယ်။ အော့စ်ဘတ်ဟာ ဘိုင်ယန်အိမ်ကွင်းသွားကစားထားတဲ့ နောက်ဆုံး (၁၀)ပွဲမှာ (၁)ပွဲသာ သရေကစားထားနိုင်ပြီး (၉)ပွဲရှုံးထားပါသေးတယ်။ ဒီညမှာတော့ ကိန်း၊ မူလာ တို့ရဲ့ သွင်းဂိုးတွေကို ရေတွက် ရမှာပါ။
မိုနာကို [Vs] ဘရက်စ်
[မြန်မာစံတော်ချိန် နံနက် ၁၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]
လီဂူး (၂)ပွဲဆက် အရှုံးက စထရာဘော့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့တဲ့ မိုနာကိုတို့ ပီအက်စ်ဂျီနဲ့ (၆)မှတ်ထိ ပြတ်ကျန်ခဲ့သလို အိမ်ကွင်းပထမဆုံး ရှုံးပွဲကလည်း အန်းဂါးစ်အသင်းကို (၀-၁) နဲ့ ကပ်အရေးနိမ့်ခဲ့တာပါ။
ချန်ပီယံလိဒ် အမှတ်ပေးဇယားအဆင့် (၄)နေရာ ရှုံးပွဲမရှိ ကစားထားတဲ့ ဘရက်စ်ဟာ လီဂူးမှာ ရလဒ်ပေါင်းစုံ ထွက်နေပါတယ်။ အဝေးကွင်းနိုင်ပွဲ (၁)ပွဲသာ ရှိသေးပြီး မိုနာကို အိမ်ကွင်း (၅)ပွဲဆက် ဘရက်စ်တို့ ရှုံးနိမ့်ထားပါတယ်။ ချန်ပီယံလိဒ်ကစားရဖို့ရှိတဲ့ (၂)သင်းမှာ မိုနာကို အသင်း ဂိုးပြတ် နိုင်၊ မနိုင် သာ ကြည့်ရပါမယ်။
ပီအက်စ်ဂျီ [Vs] တူးလော့စ်
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂၃]
ချန်ပီယံလိဒ်ပွဲတွေမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့ ပီအက်စ်ဂျီဟာ လီဂူးမှာ တော်လျောက် နိုင်ပွဲဆက်နေပြီး (၆)မှတ်ဖြတ် ဦးဆောင်ထားပေမဲ့ ပလေးအော့ဖ် ဝင်ခွင့်မသေချာသေးတဲ့ ချန်ပီယံလိဒ်ကို အားထည့်ကစားနိုင်ဖို့ လိုအပ်နေပါတယ်။
ဇယားအလယ်က တူးလော့စ်ဟာ နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲကို Clean Sheet ယူပြထားပြီး (၄)ပွဲဆက် ရှုံးပွဲမရှိကစားကာ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ သူတို့အသင်းဟာ ယုံကြည်မှု ခိုင်မာလာသလို ပြီးခဲ့တဲ့ ရာသီ ပီအက်စ်ဂျီအိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တဲ့ တူးလော့စ်တို့ ဆက်လက် ဒုက္ခပေးလာနိုင်တယ်။ အိမ်ကွင်းရာနှုန်းပြည့် နိုင်ပွဲဆက်ထားပေမဲ့ ဂိုးပြတ် မရှုံးနိုင်တဲ့ တူးလော့စ်နဲ့ စွန့်စားသင့်ပါတယ်။