နိုဝင်ဘာ ၀၈ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ ၀၈ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ ၀၈ ရက် ညမှာကန်မယ့် ချန်ပီယံလိဒ်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ဗယ်လီကာနို [Vs] လက်စ်ပါးမက်စ် – SPAIN LALIGA
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၉]
  • လက်ချီ [Vs] အမ်ပိုလီ – Italy Serie A
    [မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၉]
  • ယူနီယံဘာလင် [Vs] ဖရန့်ဖတ် – BUNDESLIGA
    [မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ နိုဝင်ဘာ ၉]
  • မာဆေးလ် [Vs] အော်ဇေး – LIGUE 1
    [မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၉]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Royal Vallecano [Vs] Las Palmas

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၉]

ဇယားအလယ်က ဗယ်လီကာနိုဟာ ပြီးခဲ့တဲ့ အပတ်က ဗီလာရီးရဲလ်နဲ့ ပွဲပြတ်ထားခဲ့သလို ပြိုင်ပွဲစုံ နောက်ဆုံး (၈)ပွဲမှာ အဝေးကွင်း (၁)ပွဲသာ ရှုံးထားတဲ့ သူတို့အသင်းဟာ အိမ်ကွင်းရုန်းကန်မှုအားနဲ့ ဘာစီလိုနာ တစ်သင်းကိုသာ ရှုံးထားပြီး အိမ်ကွင်းပွဲတိုင်း ဂိုးသွင်းထားပါတယ်။

တန်းဆင်းဇုန်ထဲက လက်စ်ပါးမက်စ်တို့ ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲမှာ (၃)ပွဲဆက် နိုင်ပွဲတွေ့ထားခဲ့ပေမဲ့ တီကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲပြန်တွေ့ခဲ့တာမို့ တန်းဆင်းဇုန်ထဲက ရုန်းမထွက်နိုင်သေးပါဘူး။ ဗယ်လီကာနိုဟာ လက်စ်ပါးမက်စ်နဲ့ အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲသာ ရှုံးနိမ့်ခဲ့သလို ဒီရာသီအဝေးကွင်း (၆)ပွဲမှာလည်း (၅)ပွဲ ရှုံးထားပါတယ်။ သေချာပေါက် အိမ်ရှင်အရိပ်အောက် ခိုလှုံရမှာပါ။

Lecce [Vs] Empoli

[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၉]

ရဲရဲနီ ရှုံးပွဲအောက်က အိမ်ကွင်းနိုင်ပွဲတွေ့ထားခဲ့တဲ့ လက်ချီဟာ ပြီးခဲ့တဲ့ အပတ်က ဘိုလော့ဂ်နာ အိမ်ကွင်းမှာ ရှုံးပွဲပြန်တွေ့ခဲ့တာမို့ သူတို့ရဲ့ အပျော်ဟာ (၃)ရက်သာ ခံခဲ့တယ်။ တန်းဆင်းဇုန်အောက်ဆုံးက လက်ချီရဲ့ တိုက်စစ်ကလည်း ဒီရာသီအိမ်ကွင်း ဂိုးသွင်းထားတဲ့ (၄) ဂိုးသာ ရသေးပါတယ်။

နောက်ဆုံး စီးရီးအေ (၆)ပွဲမှာ (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ အိမ်ပိုလီတို့ နိုင်ပွဲတွေ့ခဲ့သလို ဒီရာသီ အဝေးကွင်းရှုံးပွဲကလည်း လာဇီယိုတစ်သင်းကိုသာ ရှုံးနိမ့်ထားပါတယ်။ သူတို့ (၂)သင်းထိပ်တိုက်တွေ့ဆုံထားတိုင်း ဂိုးအောက်အများဆုံး ကစားထားတာမို့ ဂိုးအောက်ကသာ အကောင်းဆုံးပါ။

Union Berlin [Vs] Freiburg

[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ နိုဝင်ဘာ ၉]

(၁)မှတ်သာ ကွာတဲ့ အဆင့် (၆)နဲ့ (၇)တွေ့ဆုံမှုဖြစ်ပြီး ဘွန်ဒတ်လီဂါ နောက်ဆုံး (၄)ပွဲမှာ ဘိုင်ယန်တစ်သင်းကိုသာ ရှုံးထားတဲ့ ယူနီယံဘာလင်ရဲ့ လက်ရှိခြေစွမ်းဟာ အားရစရာရှိပြီး အိမ်ကွင်းမရှုံးပဲ (၄)ပွဲမှာ (၃)ပွဲ နိုင်ထားပါတယ်။

လိုက်ပ်ဇစ်ကို ရှုံးပြီး မိန့်ဇ်ကို သရေကျထားခဲ့တာမို့ အဆင့် (၆)နေရာထိ ဆင်းပေးလိုက်ရတဲ့ ဖရိုင်းဘတ်ရဲ့ ခြေဟာ မတည်ငြိမ်သေးသလို နည်းပြသစ်လက်ထက်မှာ တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ ဒါ့အပြင် ဖရိုင်းဘတ်ဟာ ယူနီယံ ဘာလင် အိမ်ကွင်းသွားကစားထားတဲ့ (၅)ပွဲမှာလည်း မနိုင်ထားခဲ့ပါဘူး။ အပြန်အလှန် ဂိုးသွင်းလာနိုင်ခြေရှိတဲ့ ပွဲမို့ ဂိုးပေါ်ကို စွန့်စားကြည့်မယ်။

Marseille [Vs] Auxerre

[မြန်မာစံတော်ချိန် နံနက် ၀၂း၁၅ နာရီ ၊ နိုဝင်ဘာ ၉]

အဆင့် (၂) နေရာက မာဆေးလ်က ဒီရာသီ (၂)ပွဲရှုံးနိမ့်ခဲ့တာမို့ ထိပ်ဆုံးက ပီအက်စ်ဂျီနဲ့ (၆)မှတ် ပြတ်သွားတဲ့ မာဆေးလ်ရဲ့ အိမ်ကွင်းခြေဟာ (၁)ပွဲသာ နိုင်ပွဲရထားသေးပါတယ်။ နည်းပြ ဒီဇာဘီလက်ထက် ခြေမငြိမ်သေးသလို လီဂူးနောက်ဆုံး (၅)ပွဲမှာ (၂)ပွဲသာ နိုင်ထားပါတယ်။

ဇယားအလယ်ကအော်ဇေးတို့ အဝေးကွင်း နိုင်ပွဲ မရှိသေးပါဘူး။ နောက်ဆုံး (၃)ပွဲမှာ အိမ်ကွင်း (၂)ပွဲနိုင်ခဲ့သလို လိုင်ယွန်အိမ်ကွင်းမှာ သရေကစားထားနိုင်ခဲ့တာမို့ အဝေးကွင်း ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တဲ့ အော်ဇေးဟာ မာဆေးလ်အိမ်ကွင်းမှာတော့ သရေကစားဖို့ကို မလွယ်ပါဘူး။ အိမ်ကွင်း အရှုံးက ပြန်ရုန်းထမယ့် မာဆေးလ်ကို ပိုကြိုက်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *