နိုဝင်ဘာ ၀၆ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ ၀၆ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ ၀၆ ရက် ညမှာကန်မယ့် ချန်ပီယံလိဒ်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ကလပ်ဘရုဂေး [Vs] အက်စတွန်ဗီလာ – Champions League
    [မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၇]
  • ရှက်တာဒိုးနတ် [Vs] ယန်းဘွိုင်း – Champions League
    [မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၇]
  • အင်တာမီလန် [Vs] အာဆင်နယ် – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]
  • ဘိုင်ယန် [Vs] ဘင်ဖီကာ – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]
  • ကာဗီနာ [Vs] ဘာစီလိုနာ – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]
  • ပီအက်စ်ဂျီ [Vs] အတ္တလက်တီကို – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]
  • စတုဂတ် [Vs] အတ္တလန်တာ – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]
  • ဖီရင်နု [Vs] ဆဲလ်ဘတ် – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]
  • စပါတာပရာဟာ [Vs] ဘရက်စ် – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Club Brugge [Vs] Aston Villa

[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၇]

ဘယ်လ်ဂျီယံမြေမှာလည်း အဆင့် (၂)ရောက်နေတဲ့ ဘရုဂေးဟာ (၇)မှတ်အထိ ပြတ်ကျန်နေခဲ့လို့ ရုန်းကန်နေရပြီး ချန်ပီယံလိဒ်မှာလည်း (၁)ပွဲသာ နိုင်ထားသေးတာမို့ အခြေအနေမကောင်းထားသလို အမှတ်ပေးဇယား ထိပ်ဆုံးက ဗီလာကိုလည်း ယှဉ်ကစားဖို့ မလွယ်ပါဘူး။

ပြိုင်ပွဲစုံ နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ကာ ကစားအား ကျဆင်းသွားခဲ့တဲ့ ဗီလာဟာ ချန်ပီယံလိဒ်မှာတော့ (၃)ပွဲဆက် ပေးဂိုးမရှိ ဇယားထိပ်ဆုံးနေရာ ရပ်တည်ထားတဲ့ အူနိုင်းအမ်မရီ တို့ ဆက်လက် အမှားခံမှာ မဟုတ်တော့ပါဘူး။ ဧည့်သည် ဗီလာရဲ့ ရုန်းထနိုင်စွမ်းကို မြင်ရဖို့ ရှိပါတယ်။

Shakhtar Donetsk [Vs] Young Boys

[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၇]

ပြည်တွင်းမှာလည်း ရုန်းကန်နေရတဲ့ ရှက်တာဒိုးနတ်ဟာ ချန်ပီယံလိဒ် အဖွင့်တစ်ပွဲသာ သရေရလဒ်စွမ်းဆောင်နိုင်ခဲ့ပြီး (၂)ပွဲဆက် ရှုံးနိမ့်ထားတဲ့ ရှက်တာဒိုးနတ်တို့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ဘဲဥ မကွဲသေးတဲ့ တိုက်စစ်ပေါက်ကွဲအားကို မြင်ရနိုင်ပါတယ်။။

ပြည်တွင်းလိဒ်မှာပါ နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့ ယန်းဘွိုင်းဟာ ချန်ပီယံလိဒ် (၃)ပွဲမှာ ဗီလာ၊ ဘာစီလိုနာ၊ အင်တာတို့လို အသင်းကြီးတွေကြား ရဂိုးကော ရမှတ်ပါ ဘဲဥ မကွဲကာ အရေးနိမ့်ထားခဲ့တဲ့ ယန်းဘွိုင်းတို့ မထူးဇာတ်ခင်းကာ ဖွင့်တိုက်လာမှာပါ။ လက်ရှိရပ်တည်မှုအရ သိပ်မကွာပေမဲ့ ရှက်တာဒိုးနတ်နဲ့အတူ ဂိုးပေါ်ကို ရွေးပါမယ်။

Inter Milan [Vs] Arsenal

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]

စီးရီးအေမှာ နာပိုလီနဲ့ အားပြိုင်နေရတဲ့ အင်တာဟာ နောက်ဆုံး (၂)ပွဲဆက် ပေးဂိုးမရှိ စွမ်းဆောင်ထားပေမဲ့ တိုက်စစ်အားနည်းတဲ့ အသင်းတွေဖြစ်သလို ချန်ပီယံလိဒ်ပေးဂိုးမရှိ ရမှတ်တူ (၂)သင်း အားပြိုင်မှုမှာ အိမ်ကွင်း လက်ခံကစားရမှာမို့ အားသာချက်ပါ။

ပရီးမီးယားလိဒ် (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားခဲ့လို့ အဆင့် (၅)နေရာထိ ဆင်းပေးလိုက်ရတဲ့ ဆင်ပျံကြီးတပ်သားတွေအတွက် မထင်မှတ်ထားတဲ့ ရလဒ်ပါ။ ပြိုင်ပွဲစုံ အဝေးကွင်း (၅)ပွဲမှာ (၁)ပွဲသာ နိုင်ထားတဲ့ ရလဒ်ဟာ အဆိုးဆုံးဖြစ်ပြီး ခံစစ်မတည်ငြိမ်သလို ဂိုးရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်ဟာ ချန်ပီယံလိဒ်မှာ ဆက်လက် အမှားခံလို့ မရပါဘူး။ သူတို့ (၂)သင်းတွေ့ဆုံထားတိုင်း အပြန်အလှန် ဂိုးသွင်းလေ့ ရှိတာမို့ ဆင်ပျံကြီးရဲ့ ပေါက်ကွဲအားကြောင့် အီတလီမြေမှာ ဂိုးမိုးရွာရန် ရာနှုန်း ၈၀ အထိ ရှိပါတယ်။

Bayern Munich [Vs] Benfica

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]

ဂျာမန်ဘီလူးကြီးဘိုင်ယန်ဟာ ဘွန်ဒတ်လီဂါမှာ တိုက်စစ်ဂိုးသွင်းနှုန်း အမြင့်ဆုံးနဲ့ ခရီးဆက်နေပေမဲ့ ချန်ပီယံလိဒ် အဝေးကွင်း (၂)ပွဲဆက် အရှုံးကြောင့် အဆင့် (၂၃)နေရာ ရောက်သွားတဲ့ ကွန်ပနီတပ်သားတွေရဲ့ အိမ်ကွင်းပေါက်ကွဲမှု တစ်ရပ်မြင်ရမှာပါ။

ချန်ပီယံလိဒ်အမှတ်ပေးဇယား အဆင့် (၁၃)နေရာက ဘင်ဖီကာဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၁၃)ပွဲမှာ ဖီရင်နုကို ဧည့်ခံထားခဲ့တဲ့ (၁)ပွဲသာ ရှုံးပွဲရှိခဲ့ပေမဲ့ အဲ့ရှုံးပွဲကြောင့် ချန်ပီယံလိဒ် (၂)ပွဲဆက် နိုင်ပွဲ ဆက်နေမှု ရပ်တန့်သွားခဲ့ပါတယ်။ ဘိုင်ယန်နဲ့တွေ့ဆုံထားတဲ့ (၆)ပွဲမှာ (၅)ပွဲရှုံးပြီး (၄)ပွဆက် (၂)ဂိုးနဲ့ အထက် ခွင့်ပြုထားရပါတယ်။ ကိန်း၊ မူလာ၊ ကိုးမန်းတို့ရဲ့ သွင်းဂိုးတွေကို ရေတွက်ရမှာပါ။

FK Crvena Zvezda [Vs] Barcelona

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]

အိမ်ဖြည့်အသင်း ကာဗီနာဟာ ပြည်တွင်း အမှတ်ပေးဇယားမှာ တစ်ပွဲလျော့ကစားထားပေမဲ့ (၁၀)မှတ် ဖြတ်ဦးဆောင်ထားပါတယ်။ ချန်ပီယံလိဒ်မှာတော့ ရှုံးပွဲဆက် အသင်းဖြစ်ပြီး ခံစစ်ညံ့ဖျင်းပုံနဲ့ဆို ဘာစီလိုနာရဲ့ သားကောင် အဆင့်သာရှိပါတယ်။

နည်းပြဖလစ် လက်ထက်မှာ အတော်လေး ခြေစွာနေတာထက်ကို ပိုပြီး အသင်းစုဖွဲ့မှုအားကျစ်လစ်လာသလို တိုက်စစ်ဂိုးသွင်းနှုန်းကလည်း နောက်ဆုံး (၆)ပွဲဆက် (၃)ဂိုးနဲ့အထက် ဂိုးမြူးနေပါတယ်။ဘိုင်ယန်၊ ရီးရဲလ်လို အသင်းတွေကိုတောင် (၄)ဂိုးထိ သွင်းပြထားတဲ့ ဘာစီတိုက်စစ်ဟာ အပစ်ပြောစရာမရှိတာမို့ ရက်ဖီညာ၊ လီဝန်ဒေါစကီးတို့ ဂိုးသွင်းလေ့ကျင့်ဦးမှာပါ။

PSG [Vs] Atletico Madrid

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]

ချန်ပီယံလိဒ် (၂)ပွဲဆက် နိုင်ပွဲပျောက် ပီအက်စ်ဂျီဟာ လီဂူးအမှတ်ပေးဇယားမှာ (၆)မှတ်ဖြတ်ထားနိုင်ခဲ့တာမို့ ချန်ပီယံလိဒ်ကို အာရုံစိုက်ကစားရတော့မှာပါ။ ပွဲကြပ်ကစားရမဲ့ ပီအက်စ်ဂျီတို့ အိမ်ကွင်းပွဲတွေမှာ ဖောင်ဖျက် တိုက်ပွဲဝင်ရမယ်။

လာလီဂါအမှတ်ပေးဇယားမှာလည်း တက်လိုက်ကျလိုက်ဖြစ်နေတဲ့ တီကိုဟာ အဝေးကွင်း စွမ်းဆောင်ရည် အားနည်းသလို ချန်ပီယံလိဒ်မှာ (၁)ပွဲသာ နိုင်သေးပြီး (၂)ပွဲဆက် ရှုံးပွဲဟာ ဂိုးပြတ် အရေးနိမ့်ထားတဲ့ နည်းပြဆီမွန်ဝမ်းအတွက် ပလေးအော့ဖ်ဝင်ခွင့်ရဖို့ကို အသည်းအသန်ရုန်းကန်ရမှာပါ။ ပဲရစ်မြေမှာ လက်ရှိ အဝေးကွင်းပုံစံနဲ့ ပြန်လာနိုင်ဖို့ မရှိသေးတာမို့ အိမ်ရှင် အရိပ်အောက်ကိုသာ ခိုလှုံရမှာပါ။

VfB Stuttgart [Vs] Atalanta

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]

လေဗာကူဆင် အိမ်ကွင်းမှာ ဂိုးမရှိသရေစွမ်းဆောင်ထားနိုင်ခဲ့တဲ့ စတုဂတ်အသင်းရဲ့ ကစားပုံ ကောင်းမွန်စပြုလာပါတယ်။ ပြိုင်ပွဲစုံ အိမ်ကွင်းရှုံးပွဲမရှိ ကစားထားသလို ဂိုးသွင်း၊ဂိုးပေးနေရတဲ့ စတုဂတ်ဟာ အိမ်ကွင်း ရုန်းအားရှိတဲ့အသင်းပါ။

အတ္တလန်တာရဲ့ လက်ရှိခြေစွမ်းဟာ ကွင်းမရွေးဂိုးသွင်းနေပြီး ထိပ်ဆုံးက နာပိုလီအိမ်ကွင်းမှာ ပေးဂိုးမရှိ ဂိုးပြတ်နိုင်ခဲ့တာမို့ ပြိုင်ပွဲစုံ နောက်ဆုံး (၈)ပွဲဆက် ရှုံးပွဲမရှိ (၆)ပွဲနိုင်ထားကာ တိုက်စစ်ကလည်း အဲ့ (၆)ပွဲလုံးကို ဂိုးပြတ်နိုင်ထားပြီး (၂)ဂိုးသာ ခွင့်ပြုထားရတဲ့ ခံစစ်ကလည်း မာကျောလာပါတယ်။ (၁)မှတ်သာ ကွာတဲ့ အပေါ်အောက် ရပ်တည်ထားတဲ့ (၂)သင်းဟာ နိုင်ပွဲလိုအပ်နေတာဖြစ်လို့ ဖွင့်တိုက်ကျမှာပါ။

Feyenoord [Vs] RB Salzburg

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]

ဒီရာသီရှုံးပွဲ (၂)ပွဲသာ ရှိသေးတဲ့ ဖီရင်နုဟာ နယ်သာလန်မြေမှာ အဆင့် (၄)နေရာရောက််နေပေမဲ့ ချန်ပီယံလိဒ်အဝေးကွင်း (၂)ပွဲ ဆက်နိုင်ပွဲရခဲ့လို့ အဆင့် (၁၆)နေရာ ရောက်လာတဲ့ ဖီရင်နုဟာ ဘင်ဖီကာကို ဂိုးပြတ်နိုင်ခဲ့တဲ့ သူတို့အသင်းဟာ ချီးကျူးရမှာပါ။

ဆဲလ်ဘတ်ရဲ့ ခံစစ်ကော တိုက်စစ်ပါ ချန်ပီယံလိဒ်မှာ အလုပ်မဖြစ်တာမို့ ဇယားအောက်ဆုံးနားရောက်နေပြီး ရဂိုး၊ ရမှတ်ပါ ဘဲဥမကွဲထားတဲ့ သူတို့အသင်းဟာ ဒဏ်ရာရကစားသမားများနေလို့ ချန်ပီယံလိဒ် အမှတ်ပေးဇယားမှာ ဂိုးရဖို့ကို မလွယ်တော့ပါဘူး။ သူတို့ နှစ်သင်းထိပ်တိုက်တွေ့ဆုံထားတဲ့ ခြေစမ်းပွဲတွေမှာ တစ်ပွဲစီနိုင်ပွဲယူထားကြပေမဲ့ (၁)လုံး သရေပေးထားတဲ့ ဖီရင်နုအသင်း (၂)ဂိုးပြတ်နိုင် မနိုင်သာ ကြည့်ရမယ်။

Sparta Prague [Vs] Brest

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၇]

ခြေကျအသင်း စပါတာပရာဟာ့ တို့ ချန်ပီယံလိဒ်မှာ ရလဒ်ပေါင်းစုံထွက်နေတဲ့ အသင်းဖြစ်ပြီး နေရာတစ်ခုရဖို့ ကြိုးစားနေပေမဲ့ မန်စီးတီးအိမ်ကွင်းမှာ (၅) ဂိုးပြတ် ဒူးထောက်ထားခဲ့ရတဲ့ စပါတာပရာဟာ အသင်းဟာ ချန်ပီယံလိဒ်မှာ အိမ်ကွင်း ရှုံးပွဲမရှီ ကစားထားပါတယ်။

ပြင်သစ်လီဂူးဝမ်း မှာ ဘရက်စ်တို့ ရလဒ်ပေါင်းစုံထွက်နေပေမဲ့ ချန်ပီယံလိဒ်ကို အမှားမခံကာ ရေကုန်ရေခန်း ကြိုးစားထားမှုကြောင့် လေဗာကူဆင်ကို သရေကစားပြီး ရှုံးပွဲမရှိ ရပ်တည်နိုင်ခဲ့တယ်။ ထိပ်တိုက်တွေ့ဆုံထားမှု မရှိသေးပေမဲ့ အမှားခံမှာ မဟုတ်တဲ့ (၂)သင်းကြောင့် ဂိုးအောက်အရပ်ကို ဦးတည်မှာပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *