နိုဝင်ဘာ ၀၅ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ ၀၅ ရက် ညမှာကန်မယ့် ချန်ပီယံလိဒ်ပွဲစဉ်ကောင်း များဖြစ်တဲ့ –

  • အိမ့်ဟိုဗန် [Vs] ဂျီရိုနာ- Champions League
    [မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၆]
  • ဆလိုဗန် [Vs] ဒိုင်/ဇာဂရတ် – Champions League
    [မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၆]
  • လီပါပူးလ် [Vs] လေဗာကူဆင် – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]
  • ရီးရဲလ်မက်ဒရစ် [Vs] အေစီမီလန် – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]
  • စပို့တင်း [Vs] မန်စီးတီး – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]
  • ဒေါ့မွန် [Vs] စတမ်းဂရက်ဇ် – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]
  • လိုင်လီ [Vs] ဂျူဗင်တပ်စ် – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]
  • ဘိုလော့ဂ်နာ [Vs] မိုနာကို – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]
  • ဆဲလ်တစ် [Vs] လိုက်ဇစ် – Champions League
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

PSV Eindhoven [Vs] Girona

[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၆]

ပြည်တွင်းလိဒ်အေဂျက် အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့တဲ့ အိမ့်ဟိုဗန်ရဲ့ လိဒ်ပထမဆုံး ရှုံးပွဲဖြစ်ခဲ့ပြီး ချန်ပီယံလိဒ်နောက်ဆုံး (၂)ပွဲဆက် စပို့တင်း၊ ပီအက်စ်ဂျီတို့ကို သရေခံကစားထားတဲ့ သူတို့အသင်းဟာနိုင်ပွဲ မရထားပေမဲ့ ကွင်းမရွေး ဂိုးသွင်းထားနိုင်တဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားပါတယ်။

လူငယ်တွေနဲ့ ခြေစွမ်းထင်လာတဲ့ ဂျီရိုနာဟာ ရလဒ်ပိုင်း မတည်ငြိမ်သေးပါဘူး။ ကစားသမားကောင်းတွေ လက်လွတ်ခဲ့ရတဲ့ ဂျီရိုနာရဲ့ ခြေစွမ်းဟာ မှန်းဆရခက်ခဲတဲ့ ပုံစံဖြစ်ပြီး ချန်ပီယံလိဒ်မှာ ဇယားအောက်ဆုံးက ဆလိုဗန်အသင်းနဲ့တွေ့ဆုံထားခဲ့လို့ နိုင်ပွဲရခဲ့ပေမဲ့ ယုံကြည်လို့မရသေးပါဘူး။

Slovan Bratislava [Vs] Dinamo Zagreb

[မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ ၊ နိုဝင်ဘာ ၆]

ဆလိုဗက်ကီးယားမြေမှာသာ အာကျယ်နိုင်တဲ့ ဆလိုဗန်အသင်းဟာ ချန်ပီယံလိဒ်မှာ ဂိုးတွေ အလှူကြီးပေးနေပြီး ဇယားအောက်ဆုံးရောက်တဲ့ သူတို့ရဲ့ တိုက်စစ်ကလည်း ရဂိုးတစ်ဂိုးသာ ရှာဖွေထားနိုင်တာမို့ အိမ်ဖြည့်အသင်းခြေစွမ်းထက် ပိုမယ်မထင်ပါဘူး။

ဇာဂရတ်အသင်းဟာ ဘိုင်ယန်နဲ့ အဖွင့်တွေ့ထားခဲ့လို့ ဂိုးဒါဇင်ဝက်ကျော်ခွင့်ပြုပေးလိုက်ရပေမဲ့ နောက်ဆုံး (၂)ပွဲဆက် မရှုံးနိမ့်ထားခဲ့တဲ့ ဇာဂရတ်ဟာ ပြည်တွင်းမှာ အဆင့်(၃) နေရာရောက်နေတဲ့ ဆုံးရှုံးမှုကို ချန်ပီယံလိဒ်မှာ နေရာတစ်ခုရရေးကစားလာမှာပါ။ ဆလိုဗက်ကီးယားမြေမှာ ဇာဂရတ်တပ်သားတွေ နိုင်ပွဲနဲ့အတူ အောင်လံလွှင့်မှာပါ။

Liverpool [Vs] Bayer Leverkusen

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]

ကြိုးကြာနီတွေရဲ့ သွေးကလည်း ရဲရဲနီနေပြီး နေရာစုံအောင်လံလွှင့်တင်ထားကာ ခြေစွမ်းထက်အသင်းတွေကြားမှာ တိုက်စစ်အကောင်းဆုံးပုံစံနဲ့ အသင်းတိုင်းကို ဖြိုချနေသလို တိုက်စစ်မှာ ဆာလာ၊ ဂတ်ပိုအတွဲကလည်း အတော်လေး အလုပ်ဖြစ်နေပါတယ်။

ခံစစ်ပိုင်းကို အားစိုက်ပြင်ဆင်လာတဲ့ အလွန်ဆိုဟာ ပြိုင်ပွဲစုံ (၂)ပွဲဆက် ပေးဂိုးမရှိ ကစားထားနိုင်ခဲ့တာ အားရစရာကောင်းပေမဲ့ စတုဂတ်နဲ့ သရေကျခဲ့လို့ ဘိုင်ယန်နဲ့ ရမှတ်ပြတ်နေခဲ့တယ်။ အန်ဖီးလ်မှာ ဒူးမထောက်ရေး အလွန်ဆိုတို့ တိုက်ပွဲဝင်လာနိုင်ပေမဲ့ ဖလားနဲ့ ဝေးကွာနေတဲ့ ကြိုးကြာနီတွေရဲ့ ဆာလောင်သံကို အန်ဖီးလ်ပြဇာတ်မှာ အလွန်ဆို တပ်သားတွေဟန့်တားနိုင်ဖို့ မရှိလှပါဘူး။

Real Madrid [Vs] AC Milan

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]

ရှုံးပွဲ စိပ်လာတဲ့ ရီးရဲလ်ဟာ အယ်လ်ကလက်ဆီကိုနဲ့ ပွဲမှာ ဂိုးပြတ်ဒူးထောက်ခဲ့ရတာမို့ အမှတ်ပေးဇယားမှာ (၉)မှတ်ပြတ်ကျန်နေခဲ့ပါတယ်။ ဗယ်လင်စီယာနဲ့ ပွဲပျက်ထားခဲ့တဲ့ ရီးရဲလ်အတွက် ချန်ပီယံလိဒ်ကို ပိုအားစိုက်ကစားနိုင်မှာပါ။

အေစီရဲ့ ခြေစွမ်းဟာ အားရစရာမရှိသေးဘူးလို့ သုံးသပ်ရမှာဖြစ်ပြီး အသင်းသစ်မှာ ရုန်းကန်နေရတဲ့ မိုရာတာကလည်း အသားမကျသေးသလို ချန်ပီယံလိဒ် (၃)ပွဲ ကစားအပြီးမှာ (၂)ပွဲရှုံး (၁)ပွဲသာ နိုင်သေးတဲ့ သူတို့ရဲ့ လက်ရှိ အမှတ်ပေးဇယားဟာ အမှတ်လိုအပ်နေပါတယ်။ ဘာနေဗျူးပွဲတွေမှာ ရုန်းကန်ရလေ့ ရှိတာမို့ အန်ဆယ်လော့တီတပ်သားတွေ ဂိုးပြတ်နိုင် မနိုင်သာ စောင့်ကြည့်ရမယ်။

Sporting CP [Vs] Manchester City

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]

စပို့တင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ရူဘင်အမိုရင် လက်ထက် ဖလားနဲ့ ဝေးကွာနေတဲ့ စပို့တင်းအသင်းကို ဖလားတွေ စွမ်းဆောင်ပေးထားနိုင်ခဲ့သလို လက်ရှိ အမှတ်ပေးဇယားမှာလည်း ထိပ်ဆုံး ရပ်တည်ထားပါတယ်။ ချန်ပီယံလိဒ်ရှုံးပွဲမရှိကစားထားသလို မန်ယူကို မပြောင်းခင် နည်းပြရူဘင်အမိုရင် ရဲ့ နောက်ဆုံးကိုင်တွယ်လာမဲ့ ပွဲလည်းဖြစ်ပါတယ်။

ရှုံးပွဲမရှိ ပုံစံကောင်းပြကစားနေတဲ့ စီးတီးဟာ တစ်ပတ်အတွင်းမှာပဲ ပြိုင်ပွဲစုံ (၂)ပွဲဆက် (၂-၁) ရလဒ်တွေနဲ့ အဝေးကွင်းရှုံးပွဲတွေ့ခဲ့တဲ့ ဂွါဒီယိုလာ တပ်သားတွေဟာ ခံစစ်အမှားများနေပြီး ယိုပေါက်ဖြစ်လာတဲ့ အနေအထားမှာ ချန်ပီယံလိဒ်မှာပါ ရှုံးပွဲမတွေ့ရေး ပြင်ဆင်လာရမှာပါ။ မန်ယူကို ကိုင်တွယ်လာမဲ့ ရူဘင်အမိုရင်ရဲ့ စမ်းသပ်မဲ့ပွဲဆိုလည်း မမှားပါဘူး။

Borussia Dortmund [Vs] Sturm Graz

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]

အဝေးကွင်းရှုံးပွဲဆက်နေပေမဲ့ ပြိုင်ပွဲစုံ အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ ဒေါ့မွန်ဟာ အမြဲတမ်းရန်သူတော်ကြီး ရီးရဲလ်အိမ်ကွင်းမှာတော့ ဂိုးပြတ်ဒူးထောက်ခဲ့ရတာမို့ ဇယားအောက်ခြေက စတမ်းဂရက်ဇ်အသင်းကို အိမ်ကွင်းမှာ အနိုင်ကျင့်ထားမှာပါ။

ပြည်တွင်းအမှတ်ပေးဇယားမှာ အခြေအနေကောင်းထားပေမဲ့ ချန်ပီယံလိဒ်နိုင်ပွဲမရထားတဲ့ စတမ်းဂရက်ဇ် ခံစစ်ညံ့ဖျင်းသလို အသင်းတိုင်း ဒူးထောက်နေရပြီး ရဂိုး (၁)ဂိုးသာ စွမ်းဆောင်နိုင်သေးတဲ့ တိုက်စစ်ဟာ ဂျာမနီမြေမှာတော့ ဂိုးရဖို့ မလွယ်ပါဘူး။ အဝါရောင် တပ်သားတွေ ခံစစ်ဟာ ဂိုးမပေးရတဲ့ ပွဲမရှိသလောက် ရှားပေမဲ့ သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲဆာလောင်နေတဲ့ အိမ်ရှင်အသင်း ဂိုးမိုးရွာမှာပါ။

Lille [Vs] Juventus

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]

ပြိုင်ပွဲစုံ နောက်ဆုံး (၈)ပွဲဆက် မရှုံးနိမ့်ထားတဲ့ လိုင်လီဟာ (၅)ပွဲနိုင်ထားပြီး လီဂူးမှာ ရုန်းကန်ရမှုရှိပေမဲ့ ချန်ပီယံလိဒ်ကို အားထည့်ကစားလာတဲ့ သူတို့အသင်းဟာ ရီးရဲလ်၊ တီကို တို့လိုအသင်းတွေကို အနိုင်ယူပြခဲ့တဲ့ အထင်ကြီးစရာ ခြေစွမ်းမျိုးပြသ ထားပါတယ်။

ခြေမငြိမ်တဲ့ ဂျူဗင်ဟာ စီးရီးအေရှုံးပွဲမရှိ ကစားထားပေမဲ့ (၅)ပွဲနိုင်၊ (၆)ပွဲ သရေကျထားတာမို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ဂျူဗင်ရဲ့ ဒီရာသီ ရှုံးပွဲဟာ ချန်ပီယံလိဒ်နောက်ဆုံး ကစားခဲ့တဲ့ (၁)ပွဲသာ ရှိသေးတယ်။ တိုက်စစ်မှာ ဂိုးမြူးလာတာကောင်းပေမဲ့ အသင်းကြီးတွေကို ရွေးဖြုတ်နေတဲ့ အထင်ကြီးစရာ လိုင်လီရဲ့ ခုခံလာနိုင်စွမ်းကြောင့် ပြင်သစ်မှာ ဂိုးမဲ့ဇုန်အဖြစ်ကြော်ငြာထားပါမယ်။

Bologna [Vs] As Monaco

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]

ဘိုလော့ဂ်နာ တိုက်စစ် အားနည်းနေသေးပေမဲ့ စီးရီးအေ (၂)ပွဲဆက် ပေးဂိုးမဲ့ နိုင်ပွဲဆက်နေတဲ့ သူတို့ အသင်းဟာ ချန်ပီယံလိဒ်မှာ စျေးဦးတောင် မပေါက်သေးတဲ့ တိုက်စစ်ကို အရှိန်အဟုန် မြင့်ကစားဖို့ လိုအပ်နေပြီး နိုင်ပွဲမရထားတာမို့ အဆင့် (၂၉)နေရာကနေ ရုန်းကန်လာမှဪပါ။

အန်းဂါ်းစ်ကို ထပ်ရှုံးနိမ့်သွားခဲ့တဲ့ မိုနာကိုဟာ လီဂူးမှာ (၆)မှတ်ပြတ်သွားပေမဲ့ ချန်ပီယံလ်ဒ်မှာ ရှုံးပွဲမရှိ အဆင့်(၄)နေရာ ရပ်တည်ထားတဲ့ သူတို့အသင်းဟာ ခံစစ်ပိုင်း ညံ့လာပြီး တိုက်စစ်အားနည်းလာပါတယ်။ ဒဲ့အနေအထားမှာ မထူးဇာတ်ခင်းကာ ရုန်းကန်လာရမဲ့ ဘိုလော့ဂ်နာ နဲ့အတူ ဂိုးပေါ်တွဲရွေးထားမယ်။

Celtic [Vs] RB Leipzig

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၆]

ဆဲလ်တစ်ဟာ ဥရောပပွဲတွေမှာ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားထားရတဲ့ အသင်းဖြစ်ပြီး ခြေစွမ်းမှာလည်း အထိုက်အလျောက်ရုန်းကန်ပြထားတဲ့ သူတို့ တိုက်စစ်အတော်လေးစွာသလို ချန်ပီယံလိဒ် (၃)ပွဲဖြတ်သန်းအပြီးမှာ ရလဒ်ပေါင်းစုံ ထွက်နေခဲ့ပေမဲ့ အိမ်ကွင်း အဆိပ်ပြင်းတဲ့ အသင်းပါ။

ဒေါ့မွန်ကို အရေးနိမ့်ခဲ့တာမို့ ဘိုင်ယန်နဲ့ (၃)မှတ်ပြတ်သွားတဲ့ လိုက်ပ်ဇ်စ်ဟာ ချန်ပီယံလိဒ် (၃) ပွဲဆက် အသင်းကြီး တွေအောက်မှာ ကျရှုံးထားခဲ့တာမို့ နိုင်ပွဲ လိုအပ်နေပေမဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရနေသလို လိုက်ပ်ဇစ်ခံစစ် ညံ့ဖျင်းနေပါတယ်။ နိုင်ပွဲလိုအပ်နေတဲ့ ဧည့်သည်အသင်းဖောင်ဖျက်တိုက်ပွဲဝင်လာနိုင်ပေမဲ့ ဂိုးပေါ်ကသာ အကောင်းဆုံး ဖြစ်မှာပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *