နိုဝင်ဘာ ၀၃ ရက် ညမှာ ပရီးမီးယားလိဒ်ကန်မယ့် ပွဲစဉ်ကောင်း များဖြစ်တဲ့
- စပါး [Vs] အက်စတွန်ဗီလာ – England Premier League
[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ နိုဝင်ဘာ ၃] - မန်ယူ [Vs] ချဲလ်ဆီး – England Premier League
[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ နိုဝင်ဘာ ၃] - အက်သလက်တီကို [Vs] လက်စ်ပါးမက်စ် – Spain LaLiga
[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ နိုဝင်ဘာ ၃] - ဘာစီလိုနာ [Vs] အက်စ်ပန်ညို – Spain LaLiga
[မြန်မာစံတော်ချိန် ည ၀၉း၄၅ နာရီ ၊ နိုဝင်ဘာ ၃] - ဆီဗီလား [Vs] ဆိုဆီဒက် – Spain LaLiga
[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၄] - ဘီလ်ဘာအို [Vs] ဘက်တစ် – Spain LaLiga
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၄]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ နိုဝင်ဘာ ၃]
စီးတီးလို ချန်ပီယံပြေးလမ်းပေါ်က အသင်းကို ကန်ချထားခဲ့တဲ့ စပါးဟာ အရံကစားသမားတွေနဲ့ ပွဲထွက်လာတဲ့ မန်စီးတီးကို လူစုံထုတ်ဖိုက်ခဲ့ရတယ်ဆိုပေမဲ့ လိုအပ်နေတဲ့ နိုင်ပွဲကို ဆွတ်ခူး ထားနိုင်ခဲ့သလို နောက်ဆုံး ကစားထားတဲ့ အိမ်ကွင်း(၅)ပွဲ ဆက်နိုင်ထားပါတယ်။
ကြားရက် ကာရာဘောင်းဖလားမှာ အိမ်ကွင်းရှုံးပွဲတွေ့ခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ ဗီလာဟာ ပဲလေ့စ်ကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့ပါတယ်။ ပရီးမီးယားလိဒ် အဆင့် (၄)နေရာမှာ ရပ်တည်ထားတဲ့ အူနိုင်းအမ်မရီ တပ်သားတွေဟာ အဝေးကွင်း အရှုံးဆိုတာ ဘာမှန်းမသိသေးတဲ့ ဗီလာရဲ့ ရုန်းကန်နိုင်စွမ်းကို မြင်ရနိုင်တာမို့ လန်ဒန်ကြက်ဖတွေ အရပ်မှာ ဂိုးမိုးရွာဖို့ ရာနှုန်း၈၀ အထိ ရှိပါတယ်။
[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ နိုဝင်ဘာ ၃]
ယာယီနည်းပြ နစ္စတယ်ရွိုင်းရဲ့ ပထမဆုံး အဖွင့်ပွဲကို လှလှပဖွင့်လစ်နိုင်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဂိုးသံသာသော ညဖြစ်ခဲ့သလို အနိုင်ဂိုးတွေ ဆာလောင်နေတဲ့ သရဲနီတပ်သားတွေရဲ့ ထိရောက်တဲ့ ရုန်းကန်မှုကိုလည်း မြင်တွေ့ထားခဲ့ရတယ်။
ကာရာဘောင်းဖလားက ထွက်ခဲ့ရတဲ့ ချဲလ်ဆီးရဲ့ ဒုတိယလူ စာရင်းဟာ ငှက်ကျားတွေကို မကိုင်တွယ်နိုင်ခဲ့သလို ပါမား ဦးဆောင်နေတဲ့ ခြင်္သေ့ပြာတွေ အစွမ်းထက်နေပါတယ်။ အိုးထရက်ဖို့ဒ် သွားကစားတိုင်း အစဉ်အလာ တစ်ရပ်လို ရုန်းကန်ထားရပေမဲ့ ဂိုးမြူးနေတဲ့ တိုက်စစ်ကြောင့် အရှုံးပေးရဖို့တော့ မရှိပါဘူး။ အိုးထရက်ဖို့ဒ်က ဂိုးသွင်းပွဲတော်နဲ့ အတူ ခြင်္သေ့ပြာတပ်သားတွေ ဒူးထောက်ရဖို့ မရှိပါဘူး။
[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ နိုဝင်ဘာ ၃]
အသင်းကြီးခြေစွမ်းပျောက်ဆုံးနေတဲ့ တီကိုဟာ ခံစစ်ပေါက်နေပြီး အဝေးကွင်း ၈၀ ရာခိုင်နှုန်းလောက်ထိ ရုန်းကန်နေရသလို အိမ်ကွင်းပွဲတွေမှာပါ ညံ့ဖျင်းလာတဲ့ တီကိုဟာ မိုရာတာနောက်ပိုင်း နိုင်ပွဲရဖို့ ရုန်းကန်နေရပါတယ်။
တန်းဆင်းဇုန်ထဲက လက်စ်ပါးမက်စ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲ အရှိန်မြင့်တက်လာသလို လာလီဂါ (၂)ပွဲဆက် အနိုင်ကြောင့် တန်းဆင်းဇုန်ထဲက လွတ်မြောက်နိုင်ဖို့ သိပ်မလိုတော့တဲ့ လက်စ်ပါးမက်စ်ဟာ တီကို အိမ်ကွင်းပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ထားသလို ဂိုးပြန်သွင်းထားနိုင်စွမ်းလည်း မရှိပါဘူး။ တီကိုအသင်းရဲ့ ဂိုးပြတ် နိုင်မနိုင်သာ ကြည့်ရမယ်။
[မြန်မာစံတော်ချိန် ည ၀၉း၄၅ နာရီ ၊ နိုဝင်ဘာ ၃]
ဂိုးပြတ်နိုင်ပွဲတွေနဲ့အတူ လာလီဂါမှာ လက်ရှိရန်သူကို (၆)မှတ်ဖြတ်ဦးဆောင်ထားပြီး ပြိုင်ပွဲစုံ (၅)ပွဲ ဆက်နိုင်ထားတဲ့ ဘာစီလိုနာရဲ့ ခြေစွမ်းဟာ အားရစရာကောင်းနေတယ်။ သူတို့ရဲ့ နောက်ဆုံး (၂)ပွဲမှာ ဘိုင်ယန်ကို (၄-၁) နဲ့ နိုင်ပြီး အယ်လ်ကလက်ဆီကို ပွဲဖြစ်တဲ့ ဘာနေဗျူးမှာ (၄)ဂိုးပြတ် ထက်နိုင်ထားခဲ့ပါတယ်။
တန်းဆင်းဇုန်ကပ်လျက်က အက်စ်ပန်ညိုဟာ အိမ်ကွင်းခြေမဆိုးပေမဲ့ အဝေးကွင်းနိုင်ပွဲပျောက်ကာ အသင်းတိုင်းကို ဒူးထောက်နေရတဲ့ ဧည့်သည်အသင်းဟာ ဇယားထိပ်ဆုံးက ဘာစီလိုနာကို ဘယ်နှစ်ဂိုးပြတ် အလှူကြီးပေးမလည်းဆိုတာကြည့်ရမှာပါ။ နည်းပြဖလစ်ရဲ့ ဂိုးပြတ်နိုင်ပွဲနေ့ရက်တွေ ရပ်တန့်ဦးမှာ မဟုတ်သေးပါဘူး။
[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ နိုဝင်ဘာ ၄]
ပြိုင်ပွဲစုံ အဝေးကွင်း (၃)ပွဲဆက် ကစားထားတဲ့ ဆီဗီလားဟာ နောက်ဆုံး (၆)ပွဲမှာ ဘာစီလိုနာ တစ်သင်းကိုသာ ရှုံးပွဲတွေ့ခဲ့ပေမဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာသလို အိမ်ကွင်းနောက်ဆုံး (၃)ပွဲဆက် နိုင်ထားပြီး (၁)ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်။
ပြီးခဲ့တဲ့ အပတ်က ရှုံးပွဲတွေ့ခဲ့တဲ့ ဆိုဆီဒက်အသင်းဟာ ချီးကျူးလို့တောင် မဆုံးခင် အိုဆာဆူနာကို အိမ်ကွင်းမှာ ဂိုးပြတ် ဒူးထောက်ခဲ့ရသလို အဝေးကွင်းခြေစွမ်းကလည်း အားရစရာ အနေအထားမှာ မရှိသေးပါဘူး။
[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၄]
ရမှတ်တူ (၂)သင်းရဲ့ အားပြိုင်မှု ဖြစ်ပြီး ဒီရာသီ ပုံစံကောင်းပျောက်ဆုံးနေတဲ့ ဘီလ်ဘာအိုဟာ ရလဒ်ပိုင်းမတည်ငြိမ်ပေမဲ့ အိမ်ကွင်း (၁)ပွဲသာ ရှုံးနိမ့်ထားပြီး အိမ်ကွင်းနောက်ဆုံး (၃)ပွဲ ဆက်နိုင်ထားပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး (၁၀)ပွဲမှာလည်း ရှုံးပွဲ (၁)ပွဲသာ ရှိထားပါတယ်။
ပြိုင်ပွဲ အရပ်ရပ်နိုင်ပွဲတွေနဲ့ ဘက်တစ်တို့ ပြန်လာနေပါပြီ အိမ်ကွင်းမာတဲ့ အိုဆာဆူနာကို အနိုင်ယူထားပြီး ယုံကြည်မှု ပြည့်၀လာတဲ့ ဘက်တစ်ဟာ တီကိုအသင်းကိုပါ ထက်အနိုင်ယူပြနိုင်ခဲ့တယ်။ အဝေးကွင်း (၁)ပွဲသာ နိုင်သေးတဲ့ ဘက်တစ်ရဲ့ ခြေစွမ်းဟာ ယုံကြည်မှု ပြည့်၀လာတာမို့ ဘီလ်ဘာအို ထပ် ဘက်တစ် အသင်းနဲ့သာ စွန့်စားကြည့်မယ်။