နိုဝင်ဘာ ၀၁ ပွဲကြိုသုံးသပ်ချက်

နိုဝင်ဘာ (၀၁)ရက် ညမှာ ကန်မယ့် ပွဲစဉ်ကောင်း များဖြစ်တဲ့

  • အလာဗက်စ် [Vs] မာလော့ကာ – Spain LaLiga
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂]
  • လေဗာကူဆင် [Vs] စတုဂတ် – BUNDESLIGA
    [မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ နိုဝင်ဘာ ၂]
  • မိုနာကို [Vs] အန်းဂါးစ် – LIGUE 1
    [မြန်မာစံတော်ချိန် နံနက် ၁၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂]
  • လိုင်လီ [Vs] လိုင်ယွန် – LIGUE 1
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂]
  • လူတန်တောင် [Vs] ဝက်စ်ဘရွန်း – England Championship
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂]
    တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Deportivo Alaves [Vs] Mallorca

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂]

စပိန်ဘုရင့်ဖလားမှာ အသင်းငယ်ကို ကပ်နိုင်ခဲ့တာမို့ ပြည်တွင်းလိဒ် (၅)ပွဲဆက်တိုက် ရှုံးပွဲဆက်နေမှုကို ကြားရက်နိုင်ပွဲနဲ့ ဖြေဖျောက်ထားနိုင်ခဲ့တဲ့ အလာဗက်စ်အသင်းဟာ အဆင့် (၁၆) နေရာထိ ဆင်းပေးထားရတာမို့ အိမ်ကွင်းနိုင်ပွဲ ပြန်ရှာလာမှာပါ။

နည်းပြသစ်လက်ထက်မှာ အဆင့်(၅)နေရာထိ တက်လာတဲ့ မာလော့ကာဟာ အဝေးကွင်းနောက်ဆုံး (၃)ပွဲမှာ (၂-၁) ရလဒ်တွေ ကစားထားပြီး ဂိုးပေါ်ထားပါတယ်။ အိမ်ကွင်းခံစစ် အမာဆုံး ရပ်တည်ထားပေမဲ့ အဝေးကွင်း ဂိုးသွင်း၊ ဂိုးပေးနေရတဲ့ မာလော့ကာ အသင်းဟာ ခြေရည်တူ အသင်းတွေနဲ့ဆို ဖွင့်တိုက်လေ့ရှိပါတယ်။ ဒီပွဲမှာတော့ ဂိုးအောက်ကိုသာ ရွေးချယ်ပါမယ်။

Bayer Leverkusen [Vs] VfB Stuttgart

[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ နိုဝင်ဘာ ၂]

ကြားရက်ပိုကယ်ဖလားမှာ ဂိုးပြတ်ရွာခဲ့တဲ့ လေဗာကူဆင်တို့ ပေးဂိုးမရှိ နိုင်ပွဲပြန်ရခဲ့ပေမဲ့ ဘွန်ဒတ်လီဂါမှာ ဂိုးပေးနေရတဲ့ ခံစစ်ကို ပြင်ဆင်ဖို့လိုအပ်နေပြီး (၅)မှတ်ပြတ်ကျန်နေခဲ့တဲ့ အမှတ်ပေးဇယားကို အာရုံစိုက်ကစားဖို့ လိုအပ်နေပါတယ်။

ပြိုင်ပွဲစုံ (၃)ပွဲဆက်နိုင်ပွဲ ပြန်ရနေပေမဲ့ စတုဂတ်ခံစစ် မတည်ငြိမ်သေးပါဘူး။ တိုက်စစ်ဂိုးသွင်းအား ရှိပေမဲ့ ပြည်တွင်း လိဒ်အဝေးကွင်းပွဲတွေမှာ ရုန်းကန်နေရပြီး (၁)ပွဲသာ နိုင်သေးတဲ့ စတုဂတ်အသင်းဟာ အလွန်ဆို ကိုင်တွယ်နေတဲ့ လေဗာကူဆင်ကို နိုင်ပွဲမရထားပေမဲ့ သရေပွဲတွေနဲ့ အတူ ဂိုးပြန်သွင်းပြထားပါတယ်

AS Monaco [Vs] Angers

[မြန်မာစံတော်ချိန် နံနက် ၁၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂]

လီဂူး (၂)ပွဲ ဆက်နိုင်ပွဲပျောက်ဆုံးထားခဲ့လို့ ပီအက်စ်ဂျီနဲ့ (၃)မှတ်ပြန်ကွာသွားတဲ့ မိုနာကိုဟာ နိုက်စ်အိမ်ကွင်းမှာ တစ်ယောက်လျော့သွားလို့ ဒီရာသီပထမဆုံး ရှုံးပွဲပါ တွေ့ခဲ့တာမို့ ရှုံးပွဲမရှိ စံချိန်တစ်ခု ရပ်တန့်သွားခဲ့တဲ့ မိုနာကို အသင်းပြန်ရုန်းထလာမှာပါ။

သရေရလဒ်တွေနဲ့အတူ တန်းတက်စိန့်အီတီယန်ကို ပြီးခဲ့တဲ့ အပတ်က နိုင်ပွဲရှာတွေ့ထားခဲ့လို့ လီဂူးမှာ ပထမဆုံး နိုင်ပွဲတစ်ရပ်ဖြစ်ခဲ့သလို သူတို့ရဲ့ နောက်ဆုံး (၆)ပွဲမှာ (၁)ပွဲသာ ရှုံးထားတဲ့ တန်းဆင်းဇုန်နားက အန်းဂါးစ်ဟာ ရုန်းကန်လာပေမဲ့ မိုနာကို အိမ်ကွင်းဆို တောက်ပနိုင်စွမ်းမရှိပါဘူး။ နိူက်စ် အရှုံးက အိမ်ရှင်အသင်း ဂိုးပြတ် ပြန်ရုန်းထနိုင်မှာပါ။

Lille [Vs] Lyon

[မြန်မာစံတော်ချိန် နံနက် ၁၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂]

ကွင်းမရွေးနိုင်ပွဲဆက်နေတဲ့ လိုင်လီရဲ့ ခြေစွမ်းဟာ အထင်ကြီးစရာကောင်းနေပြီး လီဂူး အဆင့်(၄)နေရာမှာ ရပ်တည်ထားတဲ့ လိုင်လီဟာ ချန်ပီယံလိဒ် တီကို အိမ်ကွင်းမှာ နိုင်ပွဲယူပြီး လန်းစ် အိမ်ကွင်းမှာ ဂိုးပြတ်ထက်နိုင်ခဲ့တာမို့ ယုံကြည်မှု မြင့်မားနေပါတယ်။

ယူရိုပါလိဒ်ရှုံးပွဲအပြီးမှာ လီဂူးမှာ အော်ဇေးကို သရေကျခဲ့တဲ့ လိုင်ယွန်ရဲ့ ခြေစွမ်းဟာ တည်ငြိမ်မှု မရှိသေးဘူးဆိုတာ ပြသနေပြီး ခံစစ်အားနည်းလာတဲ့ ဧည့်သည် အသင်းဟာ လိုင်လီအိမ်ကွင်းမှာ ရုန်းကန်နေရမှာပါ။ လိုင်လီရဲ့ နိုင်ပွဲ ဆက်နေမှုကို လိုင်ယွန်တို့ ရပ်တန့်နိုင်ဖို့ မလွယ်တာမို့ အိမ်ရှငအသင်းက နိုင်ပွဲဆက်ဦးမှာပါ။

Luton Town [Vs] West Bromwich Albion

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ နိုဝင်ဘာ ၂]

ပရီးမီးယားလိဒ်က တန်းဆင်းသွားခဲ့ရတဲ့ လူတန်တို့ ချန်ပီယံရှစ်မှာလည်း နိုင်ပွဲ (၃)ပွဲသာ ရသေးပြီး တန်းဆင်းဇုန်ထဲရောက်နေပါတယ်။ တိုက်စစ်ဂိုးသွင်းအားကျဆင်းထားခြင်းမရှိပေမဲ့ ခံစစ်ညံ့ဖျင်းမှုကို ပြင်ဆင်ထားနိုင်ခြင်းမရှိပါဘူး။

ဝက်စ်ဘရွန်းဟာ တန်းတက်ရေးအားထည့်နေပေမဲ့ နောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲပျောက်ကာ (၄)ပွဲဆက် သရေကျနေပြီး ဂိုးသွင်းခြေကျဆင်းလာတဲ့ သူတို့အသင်းဟာ ခံစစ်မာကျောကျစ်လစ်ပေမဲ့ နိုင်ပွဲ ပျောက်ဆုံးထားမှုကို သေချာပေါက် ပြင်ဆင်လာမှာပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *