မေ (၈) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့
- မန်ယူ VS ဘီလ်ဘာအို
Europa League Semi-Final
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ မေ ၉ ] - ဘိုဒိုဂလင့် VS စပါး
Europa League Semi-Final
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ မေ ၉ ] - ချဲလ်ဆီး VS ဒီဂျာဂါးဒင်း
Conference League Semi-Final
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ မေ ၉ ] - ဖီအိုရင်တီးနား VS ဘက်တစ်
Conference League Semi-Final
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ မေ ၉ ]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
Manchester United [Vs] Athletic Club
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ မေ ၉ ]
မန်ယူအသင်း လက်ရှိအခြေအနေ
ပရီးမီးယားလိဂ် ရှုံးပွဲတွေက ပြန်အဖက်မဆယ်ထားနိုင်သေးပေမဲ့ ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိ သရဲနီတွေဟာ နှစ်တိုင်း ဖလားတစ်လုံးတော့ သိမ်းပိုက်ထားပါတယ်၊ ပ-ကျော့မှာ ပေးဂိုးမဲ့ အနိုင်ပြတ်သားထားတဲ့ အမ်မိုရင်တို့ ဖိုင်နယ်ကို သက်သောင့် သက်သာ တက်ရောက်နိုင်ဖို့ ဖိတ်စာတခြမ်းရိုက်ထားပါတယ်။
ဘီလ်ဘာအိုအသင်း လက်ရှိအခြေအနေ
အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးလိုက်လို့ ဘီလ်ဘာအိုတို့ အထူးဇာတ်ဖွင့်တိုက်ရမှာဆိုပေမဲ့ ပြန်လမ်းမဲ့ အရပ်ကို ခရီးထွက်သွားပါပြီ၊ အဝေးကွင်းခြေစွမ်းက အားရစရာမရှိသလို အိုးထရက်ဖို့ဒ်မှာလည်း လန်းဆန်း လာနိုင်ဖို့မရှိတဲ့ စပိန်သားတွေဟာ ဆီမီးအဆင့်နဲ့သာ ကျေနပ်ရတော့မှာပါ။
ခန့်မှန်းချက်
သရေ 80 ရှုံးကြေးပေးထားတဲ့ မန်ယူ နဲ့ 3-90 ဂိုးပေါင်းကြေးအနေထားအရ အိုးထရက်ဖို့ဒ်မှာ သရဲနီသွေး ရဲရဲနီကြောင်း ဆက်လက်ပြထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Bodoe/Glimt [Vs] Tottenham Hotspur
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ မေ ၉ ]
ဘိုဒိုဂလင့်အသင်း လက်ရှိအခြေအနေ
ယူရိုပါလိဂ်နှစ်ကျော့ကြား အနားရထားသလို လန်ဒန်မှာ ၂ ဂိုးပြတ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘိုဒိုဂလင့်တပ်သားတွေ အိမ်ကွင်းဆို come back ပြန်လာတက်ပြီး ဂိုးသွင်းခြေလည်းရှိတာမို့ ဖောင်ဖျက် တိုက်ပွဲဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။
စပါးအသင်း လက်ရှိအခြေအနေ
ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆိုတာ ဂျိုနဲ့လားလို့ မေးနေရတဲ့ ပိုစတယ်ဂလူးတပ်သားတွေဟာ ယူရိုပါလိဂ်မှာ အံ့အားသင့်စရာ ခြေစွာနေပြီး ဂိုးသွင်းနိုင်စွမ်းလည်းရှိပါတယ်။ ပ-ကျော့မှာ အနိုင်ပြတ်သားထားတဲ့ လန်ဒန်ကြက်ဖတွေဟာ ဖလားသိမ်းပိုက်ရေး ဖြစ်ထွန်းမလားကြည့်ရပါမယ်။
ခန့်မှန်းချက်
ယူရိုပါလိဂ်မှာ စိတ်ဓာတ်ခွန်အားနဲ့အတူ ပြည်တွင်းရှုံးပွဲတွေကို ယူရိုပါလိဂ်နိုင်ပွဲတွေနဲ့ ဖြေသိမ့်ထားတာပါ။ လယ်ဗယ်ကြေးနဲ့ ဂိုးပေါင်း 3+10 မှာတော့ ဂိုးပေါ်လေးရွေးပြီး လန်ဒန်သားတွေရဲ့ အနိုင်ကို ထိုင်ကြည့်လိုက်ရအောင် ။
Chelsea [Vs] Djurgaarden
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ မေ ၉ ]
ချဲလ်ဆီးအသင်း လက်ရှိအခြေအနေ
လက်ရှိခြေစွမ်း ဂိုးသွင်းခြေက ချန်ပီယံဖြစ်သွားတဲ့ ကြိုးကြာနီတွေကို ဂိုးပြတ်ဆုံးမမှုနဲ့ ခြင်္သေ့ပြာတွေနဲ့ ခြေစွမ်းဟာ ရပ်တန့်မရအောင် ခြေစွာလာပါတယ်။ ကွန်ဖရန့်လိဂ်တလျှောက် အခက်အခဲမရှိခဲ့တဲ့ အပြာရောင်လန်ဒန်သားတွေဟာ အရံကစားသမားတွေနဲ့ ပွဲထွက်လာနိုင်ပါတယ်။
ဒီဂျာဂါးဒင်းအသင်း လက်ရှိအခြေအနေ
ရလဒ်ပေါင်းစုံထွက်နေတဲ့ ဒီဂျာဂါးဒင်းဟာ အင်အားမမျှတဲ့ ချဲလ်ဆီးကို ဂိုးပြတ်ရှုံးခဲ့တာမို့ အဝေးကွင်းမှာ ပြန်လာနိုင်ဖို့ မလွယ်တော့ပါဘူး။ မထူးဇာတ်ခင်းဖွင့်တိုက်လာမှာဖြစ်ပြီး အရံတွေနဲ့ ပွဲထွက်လာနိုင်တဲ့ စတမ်းဖို့ဒ်ဘရေ့မှာ အပြန်အလှန် ဂိုးတွေ ရေတွက်ရနိုင်ပါတယ်။
ခန့်မှန်းချက်
2လုံးခွာ ကြေး ပေးထားတဲ့ ချဲလ်ဆီးဘော်ဒီကြေး နဲ့ ၃ လုံးရှုံး ဂိုပေါင်းကြေးအရဆိုရင်တော့ ဖွင့်ထားတဲ့ကအင်မတန်လှပါတယ်။ ဘယ်ကြေးလောင်းလောင်း စွန့်စားရမယ့်တူတူ အိမ်ကွင်းဘော်ဒီလေးရိုက်ထားလိုက်ပါမယ်။
Fiorentina [Vs] Real Betis
[ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ မေ ၉ ]
ဖီအိုရင်တီးနားအသင်း လက်ရှိအခြေအနေ
ပြီးခဲ့တဲ့ရာသီ ကွန့်ဖရန့်လိဂ်ဗိုလ်လုပွဲမှာ အိုလံပီယာကို့စ်အသင်းကို ကပ်ရှုံးခဲ့တဲ့ ဖီအိုရင်တီးနားအသင်းက စပိန်မြေမှာ ကံကောင်းပြီး ဘက်တစ်ကို ဂိုးပြတ်မရှုံးခဲ့တာမို့ အိမ်ကွင်းပြန် လာနိုင်ဖို့ မျှော်လင့်ချက်ရှိသေးပြီး အိမ်ကွင်းရှုံးပွဲမရှိရပ်တည်ခဲ့တာပါ။
ဘက်တစ်အသင်း လက်ရှိအခြေအနေ
လာလီဂါမှာလည်းနိုင်ပွဲဆက်နေသလို ချန်ပီယံလိဂ်ဝင်ခွင့်ကို ခြိမ်းခြောက်လာနိုင်တဲ့ ဘက်တစ်ဟာ ကွန်ဖရန့်လိဂ်မှာပါ ပုံစံကောင်းပြ ခြေစွာနေပါတယ်။ တိုက်စစ်မှာ အစ္စကို၊ အန်တိုနီတို့အတွဲက ကွင်းမရွေးဂိုးမြူးနေတာပါ။
ခန့်မှန်းချက်
ပ-ကျော့ အနိုင်ကြောင့် ဖီအိုကွင်းမှာ ဖိအားမရှိပဲကစားရမဲ့အနေအထားမှာ ဘော်ဒီကြေး L-50 ရှုံးပေးထားတဲ့ ဘက်တစ် နဲ့ ဂိုးပေါင်း 2-90 ကြေးပေါက်ထားတာဖြစ်တဲ့အတွက် ဘက်တစ် ဘော်ဒီပဲ မားမားမတ်မတ် ရပ်တည်လိုက်ပါမယ်။
ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။
Leave a Reply