မေ (၄) ပွဲကြိုသုံးသပ်ချက်

မေ (၄) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ဘရန့်ဖို့ဒ် VS မန်ယူ
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ မေ ၄ ]

  • ဝက်စ်ဟမ်း VS စပါး
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ မေ ၄ ]

  • ဘရိုက်တန် VS နယူးကာဆယ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ မေ ၄ ]

  • ချဲလ်ဆီး VS လီဗာပူးလ်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ မေ ၄ ]

  • ရီးရဲလ် VS ဆဲလ်တာဗီဂို
    Spain LaLiga
    [ မြန်မာစံတော်ချိန် ည ၀၆း၃၀ နာရီ ၊ မေ ၄ ]

  • ရိုးမား VS ဖီအိုရင်တီးနား
    Italy SerieA
    [ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ၊ မေ ၄ ]

  • ဘိုလော့ဂ်နာ VS ဂျူဗင်တပ်စ်
    Italy SerieA
    [ မြန်မာစံတော်ချိန် မနက် ၁း၁၅ နာရီ ၊ မေ ၅ ]

  • လိုင်လီ VS မာဆေးလ်
    France Ligue1
    [ မြန်မာစံတော်ချိန် မနက် ၁း၁၅ နာရီ ၊ မေ ၅ ] တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Brentford [Vs] Manchester United

[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ မေ ၄ ]

ဘရန့်ဖိုဒ်အသင်း လက်ရှိအခြေအနေ

စိတ်ဓာတ်ပိုင်းအမြင့်ဆုံးနဲ့ ချဲလ်ဆီး ၊ အာဆင်နယ်ကို သရေ ကစားအပြီး ဘရိုက်တန်ကို ဆုံးမနိုင်မှု နဲ့ ကြားရက်မှာ အိမ်ကွင်းမာတဲ့ သစ်တောတွေကို ပေးဂိုးမဲ့ တက်ဖွတ်ခဲ့တဲ့ ပျားတပ်သားတွေရဲ့ ခြေစွမ်းဟာ ရာသီသိမ်းမှာ ခြေစွာလွန်းနေပါတယ်။

မန်ယူအသင်း လက်ရှိအခြေအနေ

ဘီလ်ဘာအို အရပ်က ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို သရဲနီတို့တစ်သိုက် အခက်အခဲမရှိခဲ့ပဲ ဂိုးပြတ်နိုင်ခဲ့တာမို့ ဖိုင်နယ်ကို ခြေတစ်ဖက်ချထားတယ်။ ဇယားအောက်ပိုင်းရောက်နေသလို ယူရိုပါလိဂ် ဒုတိယအကျော့အတွက် ဖိအားမရှိခဲ့ အာမိုရင်တပ်သားတွေ ပရီးမီးယားလိဂ်နိုင်ပွဲဆိုတာ မေ့မလိုတောင် ဖြစ်နေတာမို့ အာရုံစိုက်ထားရမယ်။

ခန့်မှန်းချက်

ပရီးယားလိဂ်မှာ တန်းဆင်းဖို့ အခြေအနေ မရှိတော့တဲ့မန်ယူဟာ ယူရိုပါလိဂ်မှာ အာရုံစိုက်ရမယ်ဆိုပေမဲ့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ထားတာမလို့ ဖိအားများမနေပါဘူး။1+50 ကြေးပေးထားတဲ့ ပျားတွေ နဲ့ ၃လုံးသရေ ဂိုးပေါင်းကြေးမှာတော့ ဂိုးအောက်လေးထိုင်ထားလိုက်မယ်။

West Ham [Vs] Tottenham Hotspur

[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ မေ ၄ ]

ဝက်စ်ဟမ်းအသင်း လက်ရှိအခြေအနေ

ခံစစ်ညံ့ဖျင်းလွန်းတဲ့ ဝက်စ်ဟမ်းဟာ ဂရေဟမ်ပေါ်တာလက်ထက် နိုင်ပွဲရဖို့အားကြိုး မာန်တက်ကစားနေပါတယ်၊ လန်ဒန်ဒါဘီအားပြိုင်မှုဖြစ်ပြီး တန်းဆင်းဇုန်ကပ်လျက်နဲ့ ဘာမှဖြစ်မလာနိုင်တော့တဲ့ ဟမ်းမားတွေဟာ မထူးဇာတ်ခင်းပြီး ဖွင့်တိုက်လာမယ်လို မျှော်လင့်ရပါတယ်။

စပါးအသင်း လက်ရှိအခြေအနေ

ယူရိုပါလိဂ်မှာ ခြေစွမ်းပြရုန်းနေတဲ့ စပါးဟာ ပရီးမီးယားလိဂ်မှာတော့ အသင်းကြီးအဆင့်ထက်ကို တန်းတက်အသင်းသာသာ ခြေစွမ်းသာရှိပါတော့တယ်၊ ရလဒ်ကောင်းတွေနဲ့ ဝေးခဲ့ရတာကြာပြီဖြစ်သလို ချန်ပီယံကြီး ကြိုးကြာတွေကို အလှူပေးထားခဲ့တာပါ။

ခန့်မှန်းချက်

ဆိုးရွားတဲ့ရလဒ်တွေ အဆုံးသတ်အောင် ကြက်ဖကြီးတို့ သိက္ခာအဖက်ဆယ်လာမလားကြည့်ရမဲ့ပွဲမှာ အိမ်ရှင်ဘက်က L-100 ပေးထားပြီး ဂိုးပေါင်းကြေးက ၃ လုံးသရေပေါက်ထားတာမို့ စပါးဘော်ဒီလေးပဲ ကိုင်ထားလိုက်မယ်ညီကိုတို့။

Brightion [Vs] Newcastle

[ မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ မေ ၄ ]

ဘရိုက်တန်အသင်း လက်ရှိအခြေအနေ

ပြိုင်ပွဲစုံ ၆ ပွဲဆက် နလန်မထူနိုင်ခဲ့တဲ့ ဇင်ယော်တွေဟာ ပြီးခဲ့တဲ့ အပတ်က ဟမ်းမားတွေနဲ့ နိုင်ပွဲပြန်ရခဲ့ပေမဲ့ ခံစစ်ပွင့်နေသလို ၂ ဂိုးနဲ့အထက် ခွင့်ပြုနေရပါတယ်၊ ဟာဇီလာတပ်သားတွေရဲ့ တိုက်စစ်က ဗီလာကို ဂိုးမသွင်းနိုင်ခဲ့တာလွဲရင် ဂိုးမရမှာ မပူရပါဘူး။

နယူးကာဆယ်အသင်း လက်ရှိအခြေအနေ

ချန်ပီယံလိဂ်တစ်နေရာအတွက် အမှားခံမှာမဟုတ်သလို ဗီလာပါ့ခ်မှာ ဂိုးပြတ်ရှုံးခဲ့တဲ့ ငှက်ကျားတွေဟာ အစ်ဆွစ်ကို ဧည့်ခံမှုမှာ ချက်ချင်းရုန်းထနိုင်ခဲ့ပါတယ်။ ဒီရာသီ ဘရိုက်တန်နဲ့တွေ့ဆုံထားတဲ့ ပြိုင်ပွဲစုံ ၂ ပွဲဆက်ရှုံးနိမ့်ထားခဲ့သလို ဂိုးမြူးနေတဲ့ ၂ သင်းက ဂိုးအောက်ထွက်ခဲ့တာပါ။

ခန့်မှန်းချက်

လက်ရှိခြေနဲ့ ခံစစ်ပေါက်နှစ်သင်း ဂိုးပေါင်းစျေး 3-20 နဲ့ ဘော်ဒီကြေး L-30ရှုံးပြန်ပေးထားတဲ့ ငှက်ကျားဘော်ဒီကြေးအရဆို ဂိုးပေါ်ရိုက်ပြီး နှစ်သင်းလုံးကို အားပေးကြရ‌အောင်။

Chelsea [Vs] Liverpool

[ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ မေ ၄ ]

ချဲလ်ဆီးအသင်း လက်ရှိအခြေအနေ

အဆင့် ၁ နဲ့ ၅ အင်အားကြီးနှစ်သင်းရဲ့ ပွဲကြီးပွဲကောင်းကို ကြည့်ရမှာဆိုပေမဲ့ ကြားရက် ကန်ထားရတဲ့ ခြင်္သေ့ပြာတပ်သားတွေ ပွဲပန်းလာနိုင်ပါတယ် ။ လမ်းကြောင်း မှန်ပေါ်ပြန်တက်လာတဲ့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ကစားခွင့်ကို နော့တင်ဟမ်၊ ဗီလာတို့နဲ့ အပြိုင်လုနေတာမို့ အမှားခံလို့မရတဲ့ပွဲပါ။

လီဗာပူးလ်အသင်း လက်ရှိအခြေအနေ

စပါးကို ၅ ဂိုးပြတ်ဆုံးမနိုင်မှုနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ကြိုးကြာနီတွေဟာ စတမ်းဖို့ဒ် ဘရေ့ကို ဖိအားမှမရှိ ကစားလာမှာပါ။ ချဲလ်ဆီးကို နောက်ဆုံးတွေ့ဆုံမှု ၁၀ပွဲ ဆက်ရှုံးပွဲမရှိခဲ့တဲ့ ကြိုးကြာနီတွေဟာ ဆက်လက်အမြင့်ပျံသန်းနိုင်ဖို့ ကြိုးစားလာနိုင်ပါတယ်။

ခန့်မှန်းချက်

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၂ နဲ့ ၇ ကြား အသင်းတွေက အပြိုင်လုနေရတဲ့အခြေအနေမှာ ဘယ်အသင်းကို ဆွဲခေါ်သွားမလဲဆုံးဖြတ်လို့ရတဲ့ အနေထားမှာရှိနေတဲ့ လီဗာပူးလ်ဟာ အဝေးကွင်းမှာ L+50 ရမှာဖြစ်ပြီး ဂိုးပေါင်းကြေး 3လုံးသရေမှာတော့ အိမ်ရှင်ဘော်ဒီပိုကြိုက်ပါတယ်။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Real Madrid [Vs] Celta Vigo

[ မြန်မာစံတော်ချိန် ည ၀၆း၃၀ နာရီ ၊ မေ ၄ ]

ရီးရဲလ်အသင်း လက်ရှိအခြေအနေ

ချန်ပီယံလိဂ်ဖလား ပြုတ်ခဲ့သလို ဘုရင့်ဖလားဖိုင်နယ်မှာလည်း ဘာစီလိုနာကို ဒူးထောက်ခဲ့ရတဲ့အပြင် လာလီဂါထိပ်ဆုံးနေရာနဲ့ ၄ မှတ်ပြတ်နေခဲ့တဲ့ ရီးရဲလ်ဟာ ချန်ပီယံမျှော်လင့်ချက် အ‌ငွေ့အသက်ရှိသေးပေမဲ့ ဖလားလက်မဲ့ဘဝရောက်သွားနိုင်ပါတယ်။

ဆဲလ်တာဗီဂိုအသင်း လက်ရှိအခြေအနေ

အက်စ်ပန်ညိုကို ဂိုးပေါက်ပျောက်ရှုံးခဲ့သလို ဘာစီလိုနာကွင်းမှာ ကပ်ရှံးခဲ့ပေမဲ့ ၃ ဂိုးပြန်သွင်း နိုင်ခဲ့တဲ့အထိ ခြေစွာလာခတဲ့ ဆဲလ်တာဗီဂိုဟာ ပြီးခဲ့တဲ့အပတ်က အိမ်ကွင်းဂိုးပြတ်အနိုင်ကြောင့် ဥရောပဝင်ခွင့်နဲ့အတူ အဆင့် ၇ နေရာမှာ ရပ်တည်ထားပါတယ်။

ခန့်မှန်းချက်

အသင်းကြီးတွေဆို ဒုက္ခပေးလေ့ရှိပြီး တိုက်စစ်ဂိုးသွင်းနိုင်စွမ်းရှိပေမဲ့ အမှတ်လိုနေတဲ့ ရီးရဲလ်အိမ်ကွင်းမှာ ကံကောင်းဖို့မလွယ်လှပါဘူး။ 2 လုံးရှုံးဘော်ဒီ ပေးထားတဲ့ အိမ်ရှင် နဲ့ ၄ လုံးရှုံး ဂိုးပေါင်းကြေးအရ ဂိုးမြိုင်မှာတော့ မပူရတဲ့အနေထားမှာ တခြားအာရုံစိုက်စရာပွဲသိပ်မရှိတဲ့ အိမ်ရှင်ဘော်ဒီပဲကိုင်ထားလိုက်ပါမယ်။

Bologna [Vs] Juventus

[ မြန်မာစံတော်ချိန် မနက် ၁း၁၅ နာရီ ၊ မေ ၅ ]

ဘိုလော့ဂ်နာအသင်း လက်ရှိအနေအထား

ချန်ပီယံလိဂ်ဝင်ခွင့်အဆုံးအဖြတ်ဖြစ်သလို အထက်အောက် ၁ မှတ်အကွာ ၂ သင်းကြား အားပြိုင်မှုပွဲမှာ အိမ်ရှင်ဘိုလော့ဂ်နာအသင်းဟာ စီးရီးအေ နောက်ဆုံး ၄ ပွဲမှာ အင်တာကို နိုင်ခဲ့တာကလွဲရင် ၂ ပွဲသရေ ၁ ပွဲရှုံးခဲ့ပြီး ခြေစွမ်းထက်အသင်းကောင်းတွေနဲ့ ဆက်တိုက်ကစားနေရတာပါ။

ဂျူဗင်တပ်စ်အသင်း လက်ရှိအခြေအနေ

အိမ်ကွင်းမာပေမဲ့ အဝေးကွင်းရှုံးပွဲဆက်နေသလို ဂိုးသွင်းခြေကော ရလဒ်ပါမမှန်တဲ့ ဂျူဗင်ရဲ့ အဝေးကွင်းတိုက်စစ်က ကြောင်ပျောက်နေပြီး ပုံမှန်ဂိုးသွင်းပေမဲ့ ကစားသမားမရှိသေးပါဘူး။ ၂၀၁၁ နောက်ပိုင်းတွေ့ဆုံပွဲတွေမှာ ဘိုလော့ဂ်နာတို့ ၂၇ ပွဲဆက် ဂျူဗင်ကို အနိုင်မရခဲ့သလို အစဥ်လာလို ရုန်းနေရလို့ ခက်ခဲဦးမှာပါ။

ခန့်မှန်းချက်

ဘိုလော့ဂ်နာဘက်က အိမ်ကွင်းမှာ L-50 ရှုံးပေးထားတဲ့အပြင် ဂိုးပေါင်း ၂ လုံးခွာမှာကြေးအရ ဂိုးမြိုင်ဖို့ခက်တာရယ် အိမ်ကွင်းမာပေမဲ့ သရေလောက်တော့ ခံကစားနိုင်တဲ့ ဂျူဗင်ဘော်ဒီလေးက ရွေးချယ်စရာဖြစ်နေပါတယ်။

Lille [Vs] Marseille

[ မြန်မာစံတော်ချိန် မနက် ၁း၁၅ နာရီ ၊ မေ ၅ ]

လိုင်လီအသင်း လက်ရှိအခြေအနေ

အမှတ်ပေးဇယားအပေါ်အောက်တွေဆုံမှုဖြစ်ပြီး သူတို့ နှစ်သင်းကြား ၂ မှတ်သာကွာတာမို့ ချန်ပီယံလိဂ်ဝင်ခွင့် အဆုံးအဖြတ်တိုက်ပွဲပါ။ အိမ်ရှင်လိုင်လီဟာ ၃ ပွဲဆက်နိုင်ပွဲနဲ့ လမ်းကြောင်းမှန်ပေါ်ပြန်တက်ဖို့ကြိုးစားနေသလို မားဆေးလ်ကို ဧည့်ခံပွဲတွေမှာ အခက်အခဲမရှိခဲ့ပါဘူး။

မာဆေးလ်အသင်း လက်ရှိအခြေအနေ

အိမ်ကွင်းရလဒ်ပြန်တက်ခဲ့ပေမဲ့ အဝေးကွင်းခြေ ဆက်တိုက်ကျဆင်းလာမှုနဲ့ အသင်းတိုင်းဒူးထောက်နေရတဲ့ မာဆေးလ်ဟာ အဝေးကွင်းနောက်ဆုံး ၄ ပွဲမှာ ၂ ဂိုးသာ ဂိုးသွင်းနိုင်ခဲ့သလို ခံစစ်က ၁ ပွဲ ၃ ဂိုးပြတ်ကို ရှုံးခဲ့တာဖြစ်တဲ့အတွက်အခြေနေမလှခဲ့ပါဘူး။

ခန့်မှန်းချက်

အမှတ်လိုအပ်ချက်ရှိတဲ့ နှစ်သင်းမှာ ခံစစ်ပိုင်းအမှားပြင်ဆင်လာမဲ့ ဒီဇာဘီတပ်သားတွေကြောင့် သွင်းဂိုးတွေမြင်ရဖို့မရှိပါဘူး။ L-50 ရှုံး လိုင်လီဘော်ဒီ နဲ့ ဂိုးပေါင်း 2-90 ကြေးအရ ဂိုးအောက်ပိုကြိုက်မိပါတယ်။

AS Roma [Vs] Fiorentina

[ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ၊ မေ ၄ ]

ရိုးမားအသင်းလက်ရှိ အခြေအနေ

တစ်ကျော့ပြန်နည်းပြလက်ထက်မှာ ရိုးမားဟာ ရပ်တန့်မရအောင် နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယားဦးဆောင်သူ အင်တာကို ပေးဂိုးမဲ့ တက်ဆုံးမနိုင်ခဲ့တဲ့ အထိ ခြေစွာနေပါတယ်။ စီးရီးအေမှာ အရှုးဆိုတာ ဘာမှန်းမသိတော့သလို ရောမတပ်သားတွေ စိတ်ဓာတ်ခွန်အားအမြင့်ဆုံးနဲ့ ရွက်လွှင့်နေတာပါ။

ဖီအိုရင်တီးနားအသင်းလက်ရှိ အခြေအနေ

စီးရီးအေမှာ ခြေပြန်မှန်လာပေမဲ့ ကြားရက်ကွန်ဖရန့်လိဂ် ဘက်တစ်ကွင်းမှာ မလန်းဆန်းနိုင်ခဲ့တဲ့ ဖီအိုရင်တီးနားအသင်းဟာ ဒု-ကျော့ အိမ်ကွင်းဧည့်ခံရမဲ့ပွဲကိုသာ အာရုံအပြည့်စိုက်ရပါမယ့် အနေအထားဖြစ်နေပါတယ်။

ခန့်မှန်းချက်

ဥရောပဝင်ခွင့်လိုအပ်ပေမဲ့ အဝေးကွင်းခြေတည်ငြိမ်မှု နည်းပါးတဲ့ဖီအိုဟာ အတက်ဘက်ရောက်နေတဲ့ ရိုးမားကို ခံကန်ဖိုမလွယ်ကူပါဘူး။ ရိုးမားဘက်က 1+30 ဘော်ဒီကြေးပေါက်ထားပြီး ဂိုးပေါင်း 2+80 ကြေးအရတော့ဂိုးပေါ် ပိုကြိုက်ပါတယ်။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *