မေ (၂၄) ပွဲကြိုသုံးသပ်ချက်

မေ (၂၄) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ရီးရဲလ် [Vs] ဆိုဆီဒက်
    Spain Laliga
    [ မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ ၊ မေ ၂၄ ]
  • အက်စ်ပန်ညို [Vs] လက်စ်ပါးမက်စ်
    Spain Laliga
    [ မြန်မာစံတော်ချိန်ည ၁၁း၀၀ နာရီ ၊ မေ ၂၄ ]
  • ဘိုလော့ဂ်နာ [Vs] ဂျီနိုအာ
    Italy Serie A
    [ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ၊ မေ ၂၄ ]
  • အေစီ [Vs] မွန်ဇာ
    Italy Serie A
    [ မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ မေ ၂၄ ]
  • ပီအက်စ်ဂျီ [Vs] ရီးမက်စ်
    Copa de France
    [ မြန်မာစံတော်ချိန် နံနက် ၀၁း၃၀ နာရီ ၊ မေ ၂၄ ]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Real Madrid [Vs] Real Sociedad

[ မြန်မာစံတော်ချိန် ည ၀၈း၄၅ နာရီ ၊ မေ ၂၄ ]

ရီးရဲလ်အသင်း လက်ရှိအခြေအနေ

ချန်ပီယံဆုတွေ လက်လွှတ်လိုက်ရတဲ့ ရီးရဲလ်ဟာ ဒုတိယလူအဖြစ်နဲ့ ကျေနပ်ခဲ့ရပါတယ်၊ အမှတ်မလိုတော့သလို ဒါဏ်ရာပြဿနာများနေတာမို့ လူငယ်ကစားသမားတွေ နေရာပေးမှု နဲ့ နောက်ရာသီအတွက် အရည်သွေးမြှင့် ဆက်လက်ပွဲထွက်လာမှာပါ။

ဆိုဆီဒက်အသင်း လက်ရှိအခြေအနေ

ဒီရာသီအသင်းကြီးတွေကို ခံကစားနိုင်စွမ်းမရှိသလို ဂိုးသွင်းခြေကော ရလဒ်ပိုင်းပါ မတည်ငြိမ်တဲ့ ဆိုဆီဒက်ဟာ အဆင့် ၁၁ နဲ့အတူ ဥရောပဝင်ခွင့်ပါ စွန့်လွှတ်လိုက်ရတယ်၊ ဒီရာသီ ရီးရဲလ်နဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက်တွေ့ဆုံမှုမှာ အရေးနိမ့်ခဲ့သလို အစဥ်အလာအရမှာလည်း ဆိုဆီဒက် မယှဥ်နိုင်ခဲ့ပါဘူး။

ခန့်မှန်းချက်

ဒီအဆင်နဲ့ ဒီအဆင် ဘာလိုနေနေ နိုင်မယ်ဆိုပေမဲ့ ကြေးအရ ဘော်ဒီ ၁လုံး ၅၀ ရှုံးပေးထားတဲ့ ရီးရဲလ် ရယ် ဂိုးပေါင်း ၃ လုံး ၅၀ အနိုင်ရယ်မှာတော့ ဂိုးအောက်လေးရိုက်ပြီး ရီးရဲလ်အနိုင်ကြည့်သင့်မယ်ထင်ပါတယ်။

Espanyol [Vs] Laspalmas

[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ မေ ၂၄ ]

အက်စ်ပန်ညိုအသင်း လက်ရှိအခြေအနေ

၅ ပွဲဆက်ရှုံးပြီဂ ၆ ပွဲဆက်နိုင်ပွဲပျော်ခဲ့တာမို့ တန်းဆင်းဇုန် နဲ့ နီးမလိုဖြစ်သွားတဲ့ အက်စ်ပန်ညိုဟာ တန်းဆင်းအသင်း လီဂါနက်စ်ကို ၂ မှတ်အကွာ ဖင်ခုထိုင်ထားပေမဲ့ လက်စ်ပါးမက်စ်လိုခြေညံ့အသင်းနဲ့ တွေ့တာဖြစ်လို့ ကံကောင်းမှာပါ။

လက်စ်ပါးမက်စ် အသင်း လက်ရှိအခြေအနေ

ရလဒ်ကော ဂိုးသွင်းခြေပါမရှိတဲ့ လက်စ်ပါးမက်စ်အသင်း တန်းဆင်းသွားပါပြီ ၊ ခံကန်နိုင်စွမ်း မရှိတော့သလို စိတ်ဓာတ်ပိုင်းကျဆင်းမှုက လက်စ်ပါးမက်စ်တို့ ပြန်လမ်းမဲ့ကျွန်းကို ခရီးထွက်သွားပြီး အိမ်ရှင် အက်စ်ပန်ညိုလောက် နိုင်လိုစိတ်ပြင်းထန်လာမှာ မဟုတ်ပါဘူး။

ခန့်မှန်းချက်

ဘော်ဒီကြေး ၁ လုံး ၆၀ ရှုံးပေးထားတဲ့ အိမ်ရှင် အက်စ်ပန်ညို နဲ့ ဂိုးပေါင်းကြေး ၃ လုံး ၈၀ ရှုံးမှာတော့ ကြေးပြင်းလှတာကြောင့် ရွေးရမယ်ဆို ဘော်ဒီအပေါ်သာ ကိုင်ထားလိုက်ဖို့ အကြံပေးချင်ပါတယ်။

Bologna [Vs] Genoa

[ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ၊ မေ ၂၄ ]

ဘိုလော့ဂ်နာအသင်း လက်ရှိအခြေအနေ

စီးရီးအေ ၂ ပွဲဆက်အရှုံးကြောင့် ချန်ပီယံလိဂ်တစ်နေရာက ကန်ချခံလိုက်ရတဲ့ ဘိုလော့ဂ်နာဟာ အဆင့် ၈ ထိ ရောက်သွားတယ်၊ ဒါပေမဲ့ အေစီကို တစ်ပတ်အတွင်း ရှုံးကြွေးပြန်ဆပ်နိုင်မှုနဲ့ ကိုပါအီတလီ ဖလား သိမ်းပိုက်နိုင်မှုက ယူရိုပါလိဂ်ဝင်ခွင့်ရသွားတာပါ။

ဂျီနိုအာအသင်း လက်ရှိအခြေအနေ

တန်းမဆင်းရတော့တဲ့ ဂျီနိုအာဟာ အသင်းကောင်းနဲ့ ဆက်တိုက်ကစားထားပေမဲ့ တိုက်စစ်က ဂိုးသွင်းမပျက် ဂိုးသွင်းခြေမြင့်တက်လာပါတယ်၊ ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို တန်းမဆင်းရတော့တာမို့ ဂျီနိုအာတို့ လွတ်လွတ်လပ်လပ်ကစားလာတာဖြစ်လို့ ဘိုလော့ဂ်နာ ခံစစ်ကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားလာမှာပါ။

ခန့်မှန်းချက်

ဘိုလော့ဂ်နာ ဘော်ဒီ ၁ ဂိုး သရေ နဲ့ ဂိုးပေါင်း ၂ လုံးရှုံးကြေးအရဆိုရင်တော့ ဂိုးပေါ်အရပ်ဘက်မှာ ရပ်တည်လိုက်ပါမယ်။

AC Milan [Vs] Monza

[ မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ မေ ၂၅ ]

အေစီအသင်း လက်ရှိအခြေအနေ

ရောမအရပ်မှာ ဒူးထောက်လိုက်ရတဲ့ မီလန်သားတွေဟာ အဲ့အရင် ကိုပါအီတလီဖလား ဗိုလ်လုပွဲမှာလည်း ဘိုလော့ဂ်နာကို ဒူးထောက်ခဲ့ရတာမို့ ဖလားနဲ့လွဲချော်ခဲ့သလို နောက်ရာသီ ဥရောပ ဝင်ခွင့် မရတာမို့ ပြည်တွင်းပွဲတွေသာ ကစားရမှာပါ။

မွန်ဇာ အသင်း လက်ရှိအခြေအနေ

၃ ပွဲနိုင် ၂၅ ပွဲရှုံး ရမှတ် ၁၈ မှတ်သာ ရှာနိုင်ခဲ့တဲ့ မွန်ဇာဟာ အဆိုးဆုံးရလဒ်နဲ့အတူ တန်းဆင်းသွားတာပါ။ ဘယ်အသင်းလာလာ ပေးဂိုးနဲ့ ၃ မှတ်ပေးဖို့ အဆင်သင့်ရှိနေတဲ့ မွန်ဇာဟာ အေစီကွင်းမှာလည်း ဂိုးပြတ်ဒူးထောက်ခဲ့ရတာများပါတယ်။

ခန့်မှန်းချက်

ဥရောပဝင်ခွင့်မရှိတော့တဲ့ မီလန်သားတွေ ၂ လုံး ၂၀ ရှုံးထိ ဘော်ဒီကြေးပြင်းပေးထားသလို ဂိုးပေါင်း 3 လုံးရှုံး ပေါက်ထားတာမလို့ အိမ်ကွင်း ဘော်ဒီ ကိုင်ထားမယ်ဗျာ ။

PSG [Vs] Reims

[ မြန်မာစံတော်ချိန် နံနက် ၀၁း၁၅ နာရီ ၊ မေ ၂၅ ]

ပီအက်စ်ဂျီအသင်း လက်ရှိအခြေအနေ

ချန်ပီယံလိဂ်ကစားရဖို့ရှိနေပေမဲ့ လက်တစ်ကမ်းအလိုက ပြင်သစ်ဖလား ဆွတ်ခူးနိုင်ဖို့အခွင့်အရေး အဆုံးရှုံးခံမှာမဟုတ်တဲ့ ပီအက်စ်ဂျီဟာ ရီမက်စ်နဲ့ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲတောင် သရေကျခဲ့တာမို့ အမှားကင်းကင်း ကစားလာမှာပါ။

ရီမက်စ်အသင်း လက်ရှိအခြေအနေ

ကြားရက်မှာ တန်းဆင်းပလေးအော့ဖ် ကစားထားရတဲ့ ရီမက်စ်ဟာ ပြင်သစ်ဖလားဗိုလ်လုပွဲအထိ မိုနာကိုတစ်သင်းသာ အခက်အခဲကြားက ပင်နယ်တီနဲ့ တက်ခဲ့တာပါ။ ပီအက်စ်ဂျီလိုအသင်းကောင်းကို ဖွင့်တိုက်ဖို့ မလွယ်ပေမဲ့ ဂိုးပေးရနိုင်ချေများသလို ရီမက်စ်တိုက်စစ်လည်း ဂိုးမရမှာမပူရပါဘူး။

ခန့်မှန်းချက်

ဘော်ဒီစျေး ဂိုးပေါင်းစျေးပြင်းလှတဲ့ အနေထားမှာ ဂိုးမိုးရွာရန် ရွာနှုန်း ၈၀ ထိရှိပါတယ်။ အိမ်ကွင်း ၂ ဂိုးအသာနိုင်မလားကြည့်ရပါလိမ့်မယ်။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *