မေ (၁၇) ပွဲကြိုသုံးသပ်ချက်

မေ (၁၇) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ပဲလေ့စ် VS မန်စီးတီး
    FA Cup Final
    [ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ မေ ၁၇ ]
  • ‌ဒေါ့မွန် VS ဟော့စတိန်း
    Germany Bundesliga
    [ မြန်မာစံတော်ချိန် ည ၈း၀၀ နာရီ ၊ မေ ၁၇ ]
  • ဟော့ဖန်ဟိမ်း VS ဘိုင်ယန်
    Germany Bundesliga
    [ မြန်မာစံတော်ချိန် ည ၈း၀၀ နာရီ ၊ မေ ၁၇ ]
  • မိန့်ဇ် VS လေဗာကူဆင်
    Germany Bundesliga
    [ မြန်မာစံတော်ချိန် ည ၈း၀၀ နာရီ ၊ မေ ၁၇ ]
  • ပီအက်စ်ဂျီ VS အော်ဇေး
    France Ligue1
    [ မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ ၊ မေ ၁၈ ]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Crystal Palace [Vs] Manchester City

[ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီ ၊ မေ ၁၇ ]

ပဲလေ့စ်အသင်း လက်ရှိအခြေအနေ

ဖလားနဲ့ ဝေးကွာနေတဲ့ လင်းယုန်စစ်သည်တွေ အတွက် ရေကုန်ရေခမ်း ကစားရမဲ့ပွဲပါ ၊ စီးတီးကို ယှဥ်နိုင်ဖို့ မလွယ်ပေမဲ့ အိုလီဗာဂလက်စ်နာလက်ထက် ပုံစံကောင်းနေသလို အသင်းစုဖွဲ့မှုအား ကျစ်လစ်မှု ဗီလာကို ဂိုးပြတ်တီးပြီး ဖိုင်နယ်တက်လာတဲ့ ခြေစွမ်းက လျော့တွက်ထားလို့မရပါဘူး။

မန်စီးတီးအသင်း လက်ရှိအခြေအနေ

ရာသီကုန်နှောင်းပိုင်းမှာ ခြေစွမ်းပြနေပေမဲ့ ပြီးခဲ့အပတ်က ဆောက်သမ်တန်ကို မိနစ် ၉၀ လုံးဖိအားပေးမှု ရှိခဲ့ပေမဲ့ ဂိုးပေါက်ပျောက်သရေကျခဲ့ပါတယ်၊ ဒဏ်ရာကနေ ဟာလန်းပြန်လာဖြစ်သလို လူစုံနီးပါး မိုးပြာရောင်တွေဟာ ဖလားသိမ်းပိုက်နိုင်မှု အမြင့်ဆုံးရှိခဲ့ပေမဲ့ လက်ရှိအက်ဖ်အေဖလား သိမ်းပိုက်နိုင်မှ ဖလားလက်မဲ့ဘဝက လွတ်မြောက်နိုင်မှာပါ။

ခန့်မှန်းချက်

မထင်မှတ်တဲ့ သွင်းဂိုးတွေ နဲ့အတူ ဝင်ဘာလေကွင်းမှာ ဂိုးမိုးရွာမလားထင်ရပေမဲ့ ၊ ဖိုင်နယ်တို့ရဲ့ သ‌ဘောအရ ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေနေမှာ ဘောဒီ 1+70 ပေးထားတဲ့ မန်စီးတီး နဲ့ ဂိုးပေါင်း 3+50 ကြေးအရတော့ စီးတီးဘက်မှာ ရှိနေမယ်။

Dortmund [Vs] Holstein Keil

[ မြန်မာစံတော်ချိန် ည ၈း၀၀ နာရီ ၊ မေ ၁၇ ]

ဒေါ့မွန်အသင်း လက်ရှိအခြေအနေ

ဘေအန်နာက အလွန်ဆိုကို ဂိုးပြတ်တက်ဆုံးမနိုင်ခဲ့လို့ ဒေါ့မွန်ဟာ ချန်ပီယံလိဂ်တစ်နေရာကို မယိမ်းယိုင်တဲ့ ခြေစွမ်းနဲ့ ပြန်တက်နိုင်ဖို့ လက်တကမ်းအလိုပါ။ သူ့အထက်က အဆင့် ၃ နဲ့ ၄ အားပြိုင်ရမှာဖြစ်လို့ နီကိုကိုဗာစီတပ်သားတွေအတွက် အခွင့်အရေးရှိနေသေးပြီး ဂိုးပြတ်အနိုင်ကစားထားဖို့လိုပါတယ်။

ဟော့စတိန်းအသင်း လက်ရှိအခြေအနေ

ဖရိုင်းဘတ်အရှုံးက တန်းပြန်ဆင်းသွားပြီဖြစ်တဲ့ ဟော့စတိန်းဟာ အထိုက်အလျောက်ခြေစွမ်း ပြကစားနိုင်ခဲ့ပေမဲ့ အဆုံးသတ်မှာ ဇယားအထက်က အသင်းကောင်းတွေကြား နလန်ထူနိုင်စွမ်းမရှိခဲ့ဘူး။ ဒ့ါအပြင် ဒေ့ါမွန်ကို အိမ်ကွင်း ဂိုးပြတ်ခေါ်ဆုံးမခဲ့တဲ့ ဟော့စတိန်းတို့ အဝေးကွင်းမှာ လက်စားပြန်ချေခံရမှာပါ။

ခန့်မှန်းချက်

ဘော်ဒီစျေးပြင်းသလို သွင်းဂိုးတွေလိုအပ်နေတဲ့ အဝါရောင်တပ်သားတွေရဲ့ တစ်ဖက်သွင်းဂိုးတွေကိုသာ ရေတွက်ရမှာမလို့ ဂိုးပေါ်လေး ရိုက်ထားလိုက်မယ်။

Hoffenheim [Vs] Bayern Munich

[ မြန်မာစံတော်ချိန် ည ၈း၀၀ နာရီ ၊ မေ ၁၇ ]

ဟော့ဖန်ဟိမ်းအသင်း လက်ရှိအခြေအနေ

တန်းဆင်းဇုန်ကပ်လျက် ဟော့ဖန်ဟိမ်းတို့ ဂိုးပြတ်ရှုံးလို့မရတဲ့ပွဲပါ၊ ဘိုင်ယန်နဲ့တွေ့ဆုံမှုတွေမှာ ရှုံးပွဲအများဆုံးက ဂိုးပြတ်ရှုံးလေ့ရှိပေမဲ့ လတ်တလော အိမ်ကွင်းတိုက်စစ်က ဂိုးသွင်းခြေမှန်ပြီး ခံစစ်က ပလိုင်းပေါက်နဲ့ ဖားကောက်နေရပါတယ်။

ဘိုင်ယန်အသင်း လက်ရှိအခြေအနေ

ဂလာဘတ်ကို အနိုင်ယူပြီး ကိန်း၊ ကွန်ပနီတပ်သားတွေ ဘွန်ဒတ်လီဂါချန်ပီယံဖလား ကိုင်မြှောက်နိုင်ခဲ့ပါပြီ။ အဝေးကွင်းပွဲတွေမှာ ခံစစ်မတည်ငြိမ်သေးတဲ့ ဘိုင်ယန်ဟာ ဖိအားမရှိကစားရမဲ့ ဟော့ဖန်ဟိမ်း အသင်းကို ပ-ကျော့ကလို ပေါက်ကွဲလာမှာပါ။

ခန့်မှန်းချက်

ဂိုးပြတ်မရှုံးဖို့ ခံကစားလာနိုင်ပေမဲ့ 1-50 ဘိုင်ယန်ဘော်ဒီ နဲ့ ဂိုးပေါင်း ၄ ဂိုး ၅၀ ရှုံးကြေးအရတော့ ဘိုင်ယန် ဘော်ဒီ ပိုကြိုက်ပါတယ် ။

Mainz 05 [Vs] Bayer Leverkusen

[ မြန်မာစံတော်ချိန် ည ၈း၀၀ နာရီ ၊ မေ ၁၇ ]

မိန့်ဇ်အသင်း လက်ရှိအခြေအနေ

နောက်ပိုင်းဒယိမ်းဒယိုင် ခြေစွမ်းတွေက မိန့်ဇ်ကို ချန်ပီယံလိဂ်ကစားခွင့် တစ်နေရာက ဆွဲချခံလိုက်ရသလို လေဗာကူဆင်နဲ့ ဇာတ်သိမ်းခန့်ကြောင့် ဥရောပကစားခွင့်ပါ စွန့်လွှတ်ရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။

လေဗာကူဆင်အသင်း လက်ရှိအခြေအနေ

ဒုတိယနေရာနဲ့အတူ ဖလားလက်မဲ့ဘဝနဲ့ အဆုံးသတ်သွားပြီဖြစ်တဲ့ လေဗာကူဆင်ဟာ အမှတ်လည်းမလိုတော့သလို ဖီဖာကလပ်ကစားခွင့်လည်း မရလိုက်တာမို့ ချိုမြိန်တဲ့ဘဝမဟုတ်တဲ့အပြင် လတ်တလောနိုင်ပွဲရဖို့ ခက်ခဲနေပါတယ်။

ခန့်မှန်းချက်

အိမ်ကွင်းစာတဲ့အသင်းနဲ့ဆို ခံစစ်ပေါက်တတ်တဲ့ လေဗာကူဆင်တို့ အနေနဲ့ မိန့်ဇ်ကွင်းမှာ တောင့်ခံနိုင်မလားကြည့်ရပါမယ်။ သရေ ၅၀ နိုင်ပေးထားတဲ့ မိန့်ဇ်ဘော်ဒီ နဲ့ ဂိုးပေါင်းကြေး 3+40 မှာတော့ အိမ်ရှင်ဘက်ကပဲ ရပ်တည်လိုက်ပါမယ်။

PSG [Vs] Auxerre

[ မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ ၊ မေ ၁၈ ]

ပီအက်စ်ဂျီအသင်း လက်ရှိအခြေအနေ

ချန်ပီယံဖြစ်ပြီးသား ပီအက်စ်ဂျီဟာ ပြင်သစ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလား သိမ်းပိုက်နိုင်ဖို့ လူငယ်ကစားသမားတွေ နဲ့ ခြေသွေးနေပါတယ် ၊ ချန်ပီယံလိဂ် နှစ်ကျော့ကြား ၂ ပွဲဆက်ရှုံးလိုက်လို့ လီဂူးရှုံးပွဲမရှိ စံချိန်ရပ်တန့်ခံလိုက်ရတဲ့ ပီအက်စ်ဂျီဟာ မောင့်ပယ်လီယာကို ပေါက်ကွဲနိုင်ခဲ့သလို အော်ဇေးနဲ့ ဂိုးသွင်းလေ့ကျင့်လာမှာပါ။

အော်ဇေးအသင်း လက်ရှိအခြေအနေ

ဇယားအလယ်က အော်ဇေးဟာ ရလဒ်ပေါင်းစုံထွက်နေပြီး အတက်အကျ ကြမ်းလွန်းတယ်လို့ ဆိုပေမဲ့ ဂိုးသွင်းခြေရှိပါတယ်၊ ပီအက်စ်ဂျီကို ပ-ကျော့မှာ သရေကစားနိုင်ခဲ့တဲ့ အော်ဇေးဟာ ဘာဖိအားမှ မရှိချိန်ပဲရစ်မှာ စိတ်လွတ် လက်လွတ်ကစားရမှာဖြစ်ပြီး အမြဲဒုက္ခပေးထားသလို ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာဂိုးပြတ်ဒူးထောက်ခဲ့ရတာပါ။

ခန့်မှန်းချက်

ပြင်းရှလှတဲ့ ပဲရစ်သားတွေနဲ့အတူအပြန်အလှန် သွင်းဂိုးတွေ ရေတွက်နိုင်ခြေရှိတာကြောင့် ဂိုးပေါ်လေးရိုက်ထားသင့်ပါတယ်။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *