မေ (၁၀) ပွဲကြိုသုံးသပ်ချက်

မေ (၁၀) ရက် ညမှာ ကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ဆောက်သမ်တန် VS မန်စီးတီး
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ မေ ၁၀ ]
  • ဝုဗ် VS ဘရိုက်တန်
    England Premier League
    [ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ မေ ၁၀ ]
  • ဘုန်းမောက် VS ဗီလာ
    England Premier League
    [ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ မေ ၁၀ ]
  • ဂျီရိုနာ VS ဗီလာရီးရဲ
    Spain LaLiga
    [ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ မေ ၁၀ ]
  • တီကို VS ဆိုဆီဒက်
    Spain LaLiga
    [ မြန်မာစံတော်ချိန် ည ၀၁း၃၀ နာရီ ၊ မေ ၁၁ ]
  • လာဇီယို VS ဂျူဗင်တပ်စ်
    Italy SerieA
    [ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ၊ မေ ၁၀ ]
  • ဘိုင်ယန် VS မိုချန်ဂလာဘတ်
    Germany Bundesliga
    [ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ မေ ၁၀ ]
  • မောင့်ပယ်လီယာ VS ပီအက်စ်ဂျီ
    France Ligue1
    [ မြန်မာစံတော်ချိန် မနက် ၁း၁၅ နာရီ ၊ မေ ၁၁ ]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Southampton [Vs] Manchester City

[ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ မေ ၁၀ ]

ဆောက်သမ်တန်အသင်း လက်ရှိအခြေအနေ

တန်းဆင်းတူနှစ်သင်း အားပြိုင်မှုမှာ ၂ ဂိုးပြတ်ရှုံးခဲ့တဲ့ ဆောက်သမ်တန်ဟာ တန်းဆင်း သွားပြီဖြစ်ပေမဲ့ ဖွင့်တိုက်နိုင်စွမ်းမရှိပါဘူး။ ခံစစ်ညံ့ဖျင်းပြီး ဂိုးသွင်းခြေမမှန်တဲ့ စိန့်တွေဟာ အသင်းတိုင်းဂိုးတွေ အလှူကြီးပေးနေသလို ဒူးထောက်ခစားနေရပါတယ်။

မန်စီးတီးအသင်း လက်ရှိအခြေအနေ

ရာသီကုန်ခါနီးခြေစွမ်းက ပိုမှန်လာသလို ရုန်းအားပိုကောင်းလာတာမို့ အဆင့် ၂ က အာဆင်နယ်အသင်းနဲ့တောင် ၃ မှတ်သာကွာတော့တဲ့ ဂွါဒီယိုလာခြေက ယုံကြည်မှုပြန်တက်လာပါတယ်၊ အက်ဖ်အေဖိုင်နယ်ကစားရဖို့ရှိပေမဲ့ တပတ်အကွာမှ ကစားရမှာဖြစ်ပြီးချန်ပီယံလိဂ်ဝင်ခွင့် သေချာဖို့ အဝေးကွင်းမှာလဲ အနိုင်ယူသွားဦးမှာပါ။

ခန့်မှန်းချက်

အတိုင်းစောင်းမခံတော့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဝေးကွင်းမှာ စီးတီးဘက်က ဘော်ဒီ ၂ လုံး သရေ နဲ့ ဂိုးပေါင်း ၃ လုံးရှုံးကြေးမြင့်မြင့်ပေးထားတာကိုကြည့်ရင် စီးတီးဘော်ဒီ အပိုင်ကိုင်ထားလဲ မစိုးလှပါဘူး။

Wolves [Vs] Brighton

[ မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ မေ ၁၀ ]

ဝုဗ်အသင်းလက်ရှိ အခြေအနေ

နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲဆက်နိုင်ပွဲဆက် ဝံပုလွေတပ်သားတွေဟာ ပြီးခဲ့တဲ့ အပတ်က မန်စီးတီးကို ဦးဆောင်ဂိုးရမဲ့ အခွင့်အရေးရှိခဲ့ပေမဲ့ အဆုံးသတ်မသေချာလိုက်တာမို့ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတယ်၊ ခြေစွမ်းပိုင်းမညံ့ခဲ့သလို စုဖွဲ့မှုအားကောင်းနေတဲ့ နည်းပြဗစ်တိုတပ်သားတွေ ကြေးဆက်တိုက်အောင်နေပါတယ်။

ဘရိုက်တန်အသင်း လက်ရှိအခြေအနေ

ဝုဗ်အိမ်ကွင်းမှာ သရေ ၁၀ ရှုံး ဘော်ဒီပြန်ပေးထားတဲ့ ဇင်ယော်တွေ နဲ့ ဂိုးပေါင်းကြေး ၃ လုံး ၅၀ နိုင်ပေါက်ထားတာဆိုတော့ ဂိုးပေါ်လေးရိုက်ပြီး နှစ်သင်းလုံးကို အားပေးလိုက်ရအောင်။

ခန့်မှန်းချက်

ဇယားအလယ်က ဇင်ယော်တွေဟာ ခြေကျပွဲတွေများခဲ့လို့ ဥရောပဝင်ခွင့်က မသေချာမရေရာတဲ့ လမ်းပေါ်လျှောက်နေတယ်။ တိုက်စစ်ဂိုးသွင်းနိုင်စွမ်းရှိပေမဲ့ ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ ဟာဇီလာတပ်သားတွေ ဝုဗ်ကိုလည်း ဂိုးပြန်ပေးရမှာဖြစ်ပြီး ဒီရာသီတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ၂ ပွဲစလုံး ၂ ဂိုးနှုန်းဂိုးပေးခဲ့ရတာပါ။

Bournemouth [Vs] Aston Villa

[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ မေ ၁၀ ]

ဘုန်းမောက်အသင်း လက်ရှိအခြေအနေ

အဆင့် ၇ နဲ့ ၈ ဆိုပေမဲ့ နှစ်သင်းကြား ၁၃ မှတ်ပြတ်နေခဲ့တဲ့ ဘုန်းမောက်ဟာ လမ်းကြောင်းမှန်ပေါ်ပြန်တက်ဖို့ကြိုးစားနေပြီး ဥရောပကစားခွင့် အရိပ်ရောင်ရှိနေပါသေးတယ်၊ မန်ယူကို သရေကစားပြီး အာဆင်နယ်ကို နိုင်ထားခဲ့တဲ့ ချယ်ရီတွေဟာ ပြန်လည်လန်းဆန်းလာပါတယ်။

ဗီလာအသင်း လက်ရှိအခြေအနေ

အဆင့် ၇ နေရာက အူနိုင်းအမ်မရီတပ်သားတွေ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိသေးပြီး ဇယားအထက်ပိုင်းမှာ အသင်းကြီးတွေနဲ့ အားပြိုင်နေရတဲ့ ဗီလာဟာ စပါး၊မန်ယူတို့နဲ့ ပွဲဆက်ကျန်သေးတာမို့ အခုပွဲကို မဖြစ်မနေ အနိုင်ကစားရမှာပါ။

ခန့်မှန်းချက်

သူတို့နှစ်သင်းတွေ့ဆုံတိုင်းအပြန်အလှန်ဂိုးသွင်းလေ့ရှိပြီး ပ-ကျော့မှာ သရေကစားထားတဲ့ဘုန်းမောက်တပ်သားတွေ အိမ်ကွင်းခြေမတည်ငြိမ်သေးပါဘူး။ သရေ ၂၀ရှုံး ဗီလာဘော်ဒီကြေးပြန်ပေးထားတာရယ် ဂိုးပေါင်း ၃လုံး ၁၀ အနိုင်အရဆိုရင်တော့ ဘုန်းမောက်ဘော်ဒီပိုကြိုက်ပါတယ်။

Girona [Vs] Villarreal

[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ မေ ၁၀ ]

ဂျီရိုနာအသင်း လက်ရှိအခြေအနေ

ဂျီရိုနာတို့ တန်းဆင်းရမဲ့အရေးက လတ်တလောကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံး ၂ ပွဲမှာ ၄ မှတ်ရှာဖွေနိုင်ခဲ့တယ်၊ ဖေဖော်ဝါရီနောက်ပိုင်း နိုင်ပွဲပျောက်ဆုံးခဲ့မှုကို ပြီးခဲ့တဲ့အပတ်က မာလော့ကာကို အနိုင်ယူပြီး အဆုံးသတ်နိုင်ခဲ့တာပါ။

ဗီလာရီးရဲအသင်း လက်ရှိအခြေအနေ

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဘက်တစ်ရဲ့ဖိအားပေးမှုခံနေရတဲ့ ဗီလာရီးရဲဟာ အိမ်ကွင်း ၂ ပွဲဆက် အနိုင်ယုံကြည်မှုပြန်တည်ဆောင်နေပါတယ်၊ အဝေးကွင်းခြေက အသင်းကြီးတွေနဲ့ အပြိုင်ခြေစွမ်းပြခဲ့ပေမဲ့ လတ်တလောခြေမှန်သလို ဂိုးသွင်းဖို့ ခက်တဲ့ တိုက်စစ်ကဂျီရိုနာအရပ်မှာ ဂိုးသွင်းနိုင်မှာပါ။

ခန့်မှန်းချက်

ဂိုးပေါင်းစျေး 3+30 နဲ့ သရေ 50 ရှုံး ဗီလာရီးရဲ ဘော်ဒီကြေး အရဆိုရင် လာလီဂါထဲက မြိုင်မြိုင်ဆိုင်ဆိုင် သွင်းဂိုးတွေနဲ့ စည်ကားနေမှာမလို့ ဂိုးပေါ်ရိုက်ထားလိုက်မယ်ဗျို့။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Atletico Madrid [Vs] Real Sociedad

[ မြန်မာစံတော်ချိန် ည ၀၁း၃၀ နာရီ ၊ မေ ၁၁ ]

တီကိုအသင်း လက်ရှိအခြေအနေ

လာလီဂါမှာ ရီးရဲလ်၊ဘာစီလိုနာတို့ကြား ခြေစွမ်းမပြနိုင်ခဲ့လို့ ဆီမြွန်နီတပ်သားတွေ ရာသီတော်တော်များများ အဆင့် ၃ နေရာနဲ့ ကျေနပ်ရတာများပါတယ်၊ အိမ်ကွင်းစွမ်းဆောင်ရည် ကောင်းမွန်တဲ့ တီကိုဟာ ဘာကာနဲ့ တစ်ပွဲသာ ရှုံးပွဲတွေ့ခဲ့တာပါ။

ဆိုဆီဒက်အသင်း လက်ရှိအခြေအနေ

ဒီရာသီအသင်းကြီးတွေကို ခံကစားနိုင်စွမ်းမရှိသလို ဂိုးသွင်းခြေကော ရလဒ်ပိုင်းပါ မတည်ငြိမ်တဲ့ ဆိုဆီဒက်ဟာ အဆင့် ၁၁ ထိ ဆင်းပေးထားရတယ်။ ရလဒ်ပိုင်းကျဆင်းမှုနဲ့ ဥရောပဝင်ခွင့် ရပါ့မလားမေးခွန်းထုတ်ရမဲ့အနေထားပါ။

ခန့်မှန်းချက်

ဆိုဆီဒက်ဟာ တီကိုအိမ်ကွင်းဆို မယှဥ်နိုင်သလို အစဥ်အလာနဲ့ ရှုံးနိမ့်ထားတယ် ။ တီကို သရေရှုံးကြေး နဲ့ 2လုံး 50 ရှုံးဘော်ဒီကြေးမှာတော့ ဂိုးအောက်အရပ်မှာရှိနေမယ်။

Lazio [Vs] Juventus

[ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ၊ မေ ၁၀ ]

လာဇီယိုအသင်း လက်ရှိအခြေအနေ

ရမှတ်တူဆိုပေမဲ့ အဆင့် ၄ နဲ့ ၆ ရဲ့ ချန်ပီယံလိဂ်တိုက်ပွဲ ပွဲကြီးပွဲကောင်းပါ၊ ယူရိုပါလိဂ်ကြားဗျာများခဲ့ရတဲ့ လာဇီယိုဟာ စီးရီးအေတစ်ခုသာရှိတော့ပြီး ပြန်အားစိုက်ကစားလာပေမဲ့ အိမ်ကွင်း ၅ ပွဲဆက် နိုင်ပွဲပျောက်ကာ သရေ ရလဒ်တွေနဲ့ ကျေနပ်နေရတယ်။

ဂျူဗင်တပ်စ်အသင်း လက်ရှိအခြေအနေ

ဂျူဗင်ကလည်း အိမ်ကွင်းစွာပေမဲ့ အဝေးကွင်းမှာ နိုင်ပွဲပျောက်အဆင့်ထက်မပိုသလို တိုက်စစ်က ၁ ဂိုးရဖို့ အံ့ကြိတ်ကစားနေရတာပါ။ နှစ်သင်းစလုံး ချန်ပီယံလိဂ်အတွက် နိုင်ပွဲလိုအပ်နေပေမဲ့ လက်ရှိခြေစွမ်း နဲ့ ရုန်းအားကြောင့် ဂိုးတွေမြင်ရဖို့ရှိပါတယ်။

ခန့်မှန်းချက်

သရေရလဒ်ထက်ပိုဖို့ သိပ်ပြီးလမ်းမမြင်တဲ့ပွဲမှာ ပေါက်ကြေးအနေနဲ့ ဘော်ဒီ သရေ ၅၀ ရှုံးပြန်ပေးထားတဲ့ လာဇီယိုရယ် ဂိုးပေါင်း ၂ လုံး ၅၀ ရှုံးပေါက်တဲ့အနေထားမှာ ဂျူဗင်ဘော်ဒီလေးကိုင်ထားလိုက်မယ်။

Bayern Munich [Vs] M’gladbach

[ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ မေ ၁၀ ]

ဘိုင်ယန်အသင်း လက်ရှိအခြေအနေ

လိုက်ပ်ဇစ်ကို သရေကျခဲ့ပေမဲ့ ချန်ပီယံဖလား ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်တဲ့ ဘိုင်ယန်ဟာ အိမ်ကွင်းမှာ အပြည့်အဝအောင်ပွဲခံလာဖို့ ဟာရီကိန်းတို့တသိုက်ပြင်ဆင်လာမှာပါ။ ဖလားလက်မဲ့ဘဝ အဆုံးသတ်နိုင်ပြီဖြစ်ပြီး ကွန်ပနီလက်ထက် ခြေစွာလာပါတယ်။

မိုချန်ဂလာဘတ်အသင်း လက်ရှိအခြေအနေ

အောင်မြင်မှုတွေရှိခဲ့တဲ့ မိုချန်ဂလာဘတ်ဟာ ရလဒ်ပိုင်းမတည်ငြိမ်တာမို့ ဇယားအလယ်နဲ့ တိုင်ပတ်နေတဲ့အသင်းပါ။ ဒါပေမဲ့ အသင်းကြီး အတော်များများကို ရှုံးထားပေမဲ့ ဒုက္ခပေးလေ့ရှိပြီး ဘိုင်ယန်နဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အပြန်အလှန်ဂိုးသွင်းထားသလို ဂလာဘတ်တို့ အဝေးကွင်းသွားကစားခဲ့တဲ့ နောက်ဆုံး ၁၇ ပွဲမှာ ၅ ပွဲနိုင်ခဲ့ပါတယ်။

ခန့်မှန်းချက်

ဘော်ဒီကြေး ၂လုံး ရှုံး ၊ ဂိုးပေါင်းကြေး ၄ လုံး ရှုံး နဲ့ ကြေးပြင်းလှတဲ့အနေထားအရမှာတော့ ဂျာမနီဘီလူးကြီး တို့ အိမ်ကွင်းမှာ ရှယ်အောင်ပွဲခံမယ်လို့မျှော်လင့်ရပါတယ် ။ ဘိုင်ယန်ဘော်ဒီလေး ကိုင်ထားလိုက်ပါမယ်။

Montpellier [Vs] PSG

[ မြန်မာစံတော်ချိန် မနက် ၁း၁၅ နာရီ ၊ မေ ၁၁ ]

မောင့်ပယ်လီယာအသင်း လက်ရှိအခြေအနေ

အမှတ်ပေးဇယားထိပ်ဆုံးနဲ့ အောက်ဆုံးအသင်း အားပြိုင်မှုဖြစ်ပြီး ရာစုနှစ်တစ်ခုကျော် လီဂူးမှာ ကစားနိုင်ခဲ့တဲ့ မောင့်ပယ်လီယာဟာ တန်းဆင်းသွားပြီဖြစ်လို့ ဖိအားမရှိကစားနေပေမဲ့ အထင်ကြီးစရာ တစ်ချက်မှမရှိဘူး။ နောက်ဆုံး ၁၃ ပွဲမှာ ၁၂ ပွဲရှုံးထားပြီး ခံစစ်လည်းညံ့သလို တိုက်စစ်က ၂ ဂိုးသာ ဂိုးသွင်းနိုင်ခဲ့တယ်။

ပီအက်စ်ဂျီအသင်း လက်ရှိအခြေအနေ

လီဂူးမှာ နိုင်နိုင် ရှုံးရှုံး ပီအက်စ်ဂျီအတွက် ဘာမှမထူးတော့သလို အာဆင်နယ်ကို ဆီမီးအဆင့်မှာ နှစ်ကျော့စလုံး အနိုင်ယူပြီး ဖိုင်နယ်ကိုတက်ရောက်ထားပါတယ်။ ချန်ပီယံလိဂ်ဖလားနဲ့ ပြင်သစ်ဖလား သိမ်းပိုက်ဖို့သာ အာရုံစိုက်ရဖို့ရှိတဲ့ ပီအက်စ်ဂျီတပ်သားတွေ ပြည်တွင်းပွဲတွေနဲ့ ခြေသွေးထားမှာပါ။

ခန့်မှန်းချက်

ချန်ပီယံလိဂ် နှစ်ကျော့်ကြား ၂ ပွဲဆက်ရှုံးခဲ့တဲ့ ပီအက်စ်ဂျီအနေနဲ့ ၁ လုံးရှုံးကြေးဘော်ဒီကြေးပေးထားပြီး ၃ လုံးရှုံး ဂိုးပေါင်းကြေးမှာတော့ အဝေးကွင်းဘော်ဒီပဲ ရိုက်ထားလိုက်ပါမယ်။

ဘောလုံးဝါသနာရှင်များအတွက် အပျော်တမ်းပဲဖြစ်ဖြစ် ၊ ဝါသနာအရပဲဖြစ်ဖြစ် ဘော်ဒီ-မောင်း ကစားချင်တယ်ဆိုရင်တော့ ဒီအောက်က ဂိမ်းဆိုဒ်တွေမှာ စိတ်ကြိုက် ဘော်ဒီမောင်း ကစားနိုင်ပါပြီ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *