မက်ဆီ က၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ပါဝင်နိုင်ဦးမယ်လို ယုံကြည်နေတဲ့ မာတီးနက်ဇ်

Martinez is celebrating with his arm around Messi's shoulder

အက်စတွန်ဗီလာအသင်းရဲ့ အာဂျင်တီးနား လက်ရွှေးစင် ဂိုးသမား အယ်လ်မီယာနို မာတီနက်ဇ်က သူ့ရဲ့လက်ရွှေးစင် အသင်းဖော် လီယွန်နယ်မက်ဆီဟာ လာမယ့်၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြိုးကိုလည်း ပါဝင်ဆင်နွှဲသွားနိုင်လိမ့်မယ်လို့ ယုံကြည်နေမိကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

လက်ရှိဘောလုံးလောကရဲ့ GOAT တစ်ဦးဖြစ်တဲ့ မက်ဆီဟာ ၂၀၂၁ခုနှစ်ကမှ စတင်ပြီး အာဂျင်တီးနားအတွက် ဆုဖလား စတင်ရယူပေးနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မက်ဆီက အာဂျင်တီးနားနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလား ၊ ၂၀၂၂ ယူရို-ကိုပါ အမေရိကဖလားတွေကိုပါ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကစားသမားဘ၀တစ်လျှောက် အသင်းလိုက် ဆုဖလားတွေ တစ်ဦးချင်း ဆုတံဆိပ်တွေ အမြောက်အများပိုင်ဆိုင်ထားခဲ့တဲ့ မက်ဆီဟာ လက်ရှိမှာတော့ အသက် (၃၇)နှစ်အရွယ်ကို ရောက်ရှိနေပြီးဖြစ်ပေမယ့်လည်း လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခြင်းမရှိသေးသလို လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပါဝင်ကစားသွားပေးဖွယ်လည်းရှိနေပြန်ပါတယ်။

Messi kissing the World Cup trophy

၂၀၂၆ ကမ္ဘာ့ဖလားကိုတော့ အမေရိကန် မက္ကဆီကို ကနေဒါ (၃)နိုင်ငံက ပူးတွဲကျင်းပသွားမှာဖြစ်ပြီး မက်ဆီကလည်း ကမ္ဘာ့ဖလားကျင်းပမယ့် အမေရိကန်နိုင်ငံရဲ့ ကလပ်အသင်း အင်တာ မိုင်ယာမီမှာ ပါဝင်ကစားနေရင်း ကစားသမားဘ၀ရဲ့ (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ဆင်နွှဲသွားဖို့ ရှိနေပြန်ပါတယ်။ တကယ်လို့ မက်ဆီသာ ၂၀၂၆ ကမ္ဘာ့ဖလားကို ပါဝင်ဖြစ်မယ်ဆိုရင် အသက်က (၃၉)နှစ်တောင်ရှိနေမှာဖြစ်ပါတယ်။

ဒါနဲ့ ပါတ်သက်ပြီး မက်ဆီအသင်းဖော် ဂိုးသမား မာတီနက်ဇ်က “မက်ဆီအနေနဲ့ တစ်နှစ်ပြီးတစ်နှစ်ကို ဖြတ်သန်းပြီးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် သူပါဝင်နိုင်ဖို့ အဆင်ပြေနိုင်မလားဆိုတာကို ခံစားကြည့်မိမယ် ထင်ပါတယ်။ ကျွန်တော့် တစ်ဦးတည်းအမြင်ကတော့ မက်ဆီက ကမ္ဘာ့ဖလားကို ဆက်ပြီး ယှဉ်ပြိုင်နိုင်တဲ့ အင်အားတွေ ရှိနေတယ်လို့ ထင်နေတုန်းပါပဲ” လို့ပြောဆိုလိုက်ပါတယ်။

မက်ဆီက အာဂျင်တီးနားနဲ့အတူ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ဆင်နွှဲပြီး ချန်ပီယံလည်းဖြစ်ခဲ့ရပေမယ့် ကိုလံဘီယာနဲ့ ရင်ဆိုင်ခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာပဲ ဒဏ်ရာရရှိသွားခဲ့လို့ အခုထိ အင်တာ မိုင်ယာမီရဲ့ ပွဲစဉ်တွေကိုပါ လွှဲချော်ထားရသလို အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကိုလည်း လွှဲချော်ရတော့မှာပဲဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *