အိုင်ဗန် တိုနေး ကို ခေါ်ယူဖို့ အစီစဉ် မရှိတော့တဲ့ မန်ယူ

အိုင်ဗန် တိုနေး နဲ့ မန်ယူ logo

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေး ကွင်းလယ်ကစားသမား မန်နဝယ် အူဂါတေးကို ခေါ်ယူနိုင်ပြီးနောက်ပိုင်း အသင်းနဲ့သတင်းတွေ ထွက်ပေါ်နေတဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေး ကို ခေါ်ယူဖို့တော့ အစီစဉ်မရှိတော့ဘူးလို့ သိရပါတယ်။

ယူနိုက်တက်က ဒီနွေမှာ တိုက်စစ်ကစားသမား ဂျိုရှူအာဇက်ခ်ဇီး၊ နောက်ခံလူ လယ်နီ ယိုရို၊ ညာနောက်ခံလူ မာဇရာဝီ၊ နောက်ခံလူ ဒီလစ်နဲ့ အခု ကွင်းလယ်ကစားသမား အူဂါတေးတို့ကို ခေါ်ယူဖြည့်တင်းခဲ့ပြီး ယူနိုက်တက်ရဲ့ ကစားသမားအဝင်က တော်တော်လေးကို အားရစရာကောင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း အသင်းက ဘယ်နောက်ခံနေရာနဲ့ ကွင်းလယ်ပိုင်းအတွက်ပါ ထပ်မံဖြည့်တင်းသွားဖို့ လိုအပ်နေပြီး တိုက်စစ်ပိုင်းကလည်း ဟွိုင်လန်းက ဒဏ်ရာ အခြေအနေ ရပ်ရှိဖို့ဒ်ရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့် တိုက်စစ်ကစားသမား တစ်ဦးလောက်အထိ ခေါ်ယူဖို့ပါ လိုအပ်နေပါသေးတယ်။

အိုင်ဗန် တိုနေး

ဒါပေမယ့်လည်း ယူနိုက်တက်က ဒီနွေမှာ ကစားသမားသစ် (၅)ဦးအတွက် အသုံးစရိတ် စုစုပေါင်း ယူရို (၂၂၄.၅)သန်း အထိတောင် အသုံးပြုထားခဲ့ပြီး တကယ်လို့ ကစားသမား ထပ်ခေါ်မယ်ဆိုရင်တော့ အငှားကမ်းလှမ်းမှုနဲ့သာ ခေါ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်က ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူး တိုနေးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားတော့မှာ မဟုတ်ပဲ အူဂါတေးကို ရလိုက်ပြီဆိုတာနဲ့ ဒီနွေရဲ့ ကစားသမားခေါ်ယူမှုကို အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။ဒါပေမယ့် တိုနေးကို ချယ်လ်ဆီးအပြင် ဆော်ဒီကလပ် အယ်လ်အာလီ တို့ကပါ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးက နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူလို့မရခဲ့ရင် တိုနေးကို ပြောင်းလဲပစ်မှတ်ထားလာနိုင်သလို အယ်လ်အာလီကလည်း တိုနေးကို အရခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းလျက် ရှိနေပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *