လူကာမိုဒရစ် နှင့် ရီးရဲလ်မက်ဒရစ်တို့၏ နှုတ်ဆက်လမ်းခွဲချိန်

လူကာမိုဒရစ် ဆိုတာ ဘောလုံးလောကရဲ့ ထိပ်တန်း ဘောင်ဝင်တန်းဝင် ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ် တွင် သူဖြတ်သန်းခဲ့သော ၁၃ နှစ်တာကာလမှာ အောင်မြင်မှုများ၊ စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်များနှင့် မမေ့နိုင်သော အမှတ်တရများနဲ့ ပရိတ်သတ်တွေကို ခြေစွမ်းပြ ဖျော်ဖြေခဲ့တာပါ ။ ၂၀၂၅ ရာသီကုန်မှာ လူကာမိုဒရစ် ဟာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာရန် ပြင်ဆင်နေပြီး၊ ဤဆောင်းပါးမှာ သူရဲ့ ရီးရဲလ်ကစားသမား ခရီးလမ်းနှင့် နှုတ်ဆက်မှုကို ဖော်ပြပေးထားပါတယ်။

ရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိလာပုံ

မိုဒရစ်သည် ၂၀၁၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ရဲ့ မြောက်လန်ဒန်အခြေစိုက်ကလပ် တော့တင်ဟမ်ဟော့စပါးမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ထိုအချိန်တွင် သူကို ရီးရဲလ်ကခေါ်ယူခဲ့ခြင်းကို “မလိုအပ်သော ခေါ်ယူမှု” ဟု ဝေဖန်သူများက သတ်မှတ်ခဲ့သော်လည်း၊ လူကာမိုဒရစ် သည် အချိန်အတိုအတွင်းမှာပဲ သူရဲ့ အရည်အချင်းများတွေကို သက်သေပြနိုင်ခဲ့ပါတယ်။ သူရဲ့ ကွင်းလယ်ထိန်းချုပ်မှု၊ ဖန်တီးမှုရှိသော ပေးပို့မှုများ နဲ့ မယိမ်းယိုင်သော ဇွဲလုံ့လက ရီးရဲလ်မက်ဒရစ်ရဲ့ ကစားဟန်ကို ပြောင်းလဲသွားစေခဲ့တဲ့အထိအရေးပါလာခဲ့ပါတယ်။

အောင်မြင်မှုများနှင့် ဂန္ထဝင်အခိုက်အတန့်များ

မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်တွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ ဂန္တဝင်ကစားသမားတွေထဲကတယောက်ဖြစ်ပြီး ရွှေထီးဆောင်းစဥ် ရော်နယ်ဒို တို့ခေတ်ထဲက ရှားရှားပါးပါး လက်ကျန်ကစားသမား တယောက် အနေနဲ့ဆို သူတယောက်သာ ကျန်တော့တာပါ။ သူဖြတ်သန်းခဲ့တဲ့ ရီးရဲလ် ကစားသမား သက်တမ်း တလျှောက်မှာ ရယူနိုင်ခဲ့တဲ့ အဓိကအောင်မြင်မှုများကို ဖော်ပြရမယ်ဆိုရင်

UEFA Champions League

UEFA Champions League

(၅) ကြိမ်

(၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၂၂)

အထူးသဖြင့် ၂၀၁၄ ဗိုလ်လုပွဲတွင် အက်သလက်တီကို မက်ဒရစ်ကို အနိုင်ရရန် သူ၏ ထောင့်ကန်ဘောမှ ဂိုးဖန်တီးမှုသည် မမေ့နိုင်ဖွယ်ရာ အခိုက်အတန့်တခုအဖြစ် အားလုံးက အမှတ်ရနေဆဲပါပဲ။

La Liga

La Liga

(၃) ကြိမ်

(၂၀၁၇၊ ၂၀၂၀၊ ၂၀၂၂)

Ballon d’Or

Ballon d'Or

(၁) ကြိမ်

(၂၀၁၈)

၂၀၁၈ ခုနှစ်တွင် ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်အထိ ထိုအချိန်က အကောင်းဆုံး Goat နှစ်ပါးဖြစ်တဲ့ မက်ဆီနှင့် ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုကို သူတို့ ၂ ဦး ခြေစွမ်း ကောင်းကောင်းမွန်မွန် ကစားနိုင်စဥ်ကာလအတွင်းမှာ ထူးထူးခြားခြား ခြေဖျက်နိုင်တဲ့ ကစားသမား ၁ ဦးဆိုလဲ မမှားပါဘူး။

FIFA Club World Cup နှင့် UEFA Super Cup အပါအဝင် ဆုဖလားပေါင်း ၂၀ ကျော်။

လူကာမိုဒရစ် ရဲ့ ကစားဟန်ဟာ ဉာဏ်ရည်ထက်မြက်မှု၊ ကွင်းလယ်တွင် ထိန်းချုပ်နိုင်မှုနှင့် ဖိအားအောက်တွင် တည်ငြိမ်မှုတို့ဖြင့် ထင်ရှားသလို သူရဲ့ ပေးပို့မှုတွေဟာ တိကျသလို အသင်းဖော်များအတွက် ဂိုးဖန်တီးရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး၊ အထူးသဖြင့် ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ကာရီမ် ဘင်ဇီမာတို့နှင့် တွဲဖက်ကစားရာမှာ များစွာအထောက်အကူပေးနိင်ခဲ့တဲ့ ကွင်းလယ်နတ်ဘုရားတွေထဲက တပါးဆိုရင်လဲ မမှားပါဘူး။

နှုတ်ဆက်လမ်းခွဲချိန်

ခေတ်အဆက်ဆက် ရီးရဲလ်လို ကြယ်စင်စု အသင်းရဲ့ ကွင်းလယ်ကို ၁၃ နှစ်ကြာ ရွယ်တူ ကစားသမားတွေ နဲ့ရော လက်ရှိလူငယ်ကစားသမားတွေနဲ့ပါ အသင်းခေါင်းဆောင်ကောင်းပီပီ တွဲဖက်မောင်းနှင်လာတဲ့ လူကာမိုဒရစ် ဟာ အသက်ရွယ်အားဖြင့် အခုဆို ၃၉ နှစ် ပြည့်လာခဲ့ပါပြီ။ဒီနှစ် ၂၀၂၅ ရာသီကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးတော့မှာမို့ ရီးရဲလ်မက်ဒရစ် နည်းပြအသစ်ဟာ သက်တမ်းတိုးရန် တောင်းဆိုခဲ့ပေမဲ့ သူကိုယ်တိုင်က အသင်း နဲ့ နှုတ်ဆက်ရန်သာ ဆုံးဖြတ်ခဲ့ပါတယ်။ သူရဲ့ နောက်ဆုံးပွဲစဉ်ဟာ ဘာနေဗျူး ပရိသတ်များရဲ့ စိတ်ခံစားမှု ဝမ်းသာဝမ်းနည်း နှုတ်ဆက်ပွဲ ၁ ခုဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။အသင်းဖော်များဖြစ်သည့် ဗီနီးရှပ်စ် ဂျူနီယာ နှင့် ဂျူဒ် ဘယ်လင်ဟမ်တို့ကလည်း သူရဲ့ လမ်းညွှန်မှုနှင့် လှုံ့ဆော်မှုအပေါ် ကျေးဇူးတင်စကားများ ပြောကြားခဲ့ပါသေးတယ်။

အသက်၁ ခု ရလာပြီဆိုပေမဲ့ ဘောလုံးဆက်ကစားရန်ဆန္ဒရှိနေသေးတဲ့ လူကာမိုဒရစ် အနေနဲ့ ဆော်ဒီပရိုလိဂ် ဒါမှမဟုတ် MLS လို လိဂ်တွေမှာ သွားရောက် ပြောင်းရွှေ့ကစားဖို့ အလားအလာတွေ ရှိနေပါတယ်။ ဒါပေမဲ့ သူလုပ်ပြ ထမ်းဆောင်ခဲ့ တဲ့ တာဝန်တွေဟာ ဘာနေဗျူးကွင်းကြီးထဲမှာ အမွေအနှစ် ၁ခုအဖြစ် ထာဝရတည်ရှိနေမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတွင် ထင်ရှားသော ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းတင်ခံရမှာပါ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ ကြည့်ပြီး ကြီးပြင်းခဲ့ရတဲ့ ဂန္တဝင်ကစားသမားတွေ ထဲ ၁ယောက်ကတော့ သူချစ်တဲ့ သူအောင်မြင်တွေရခဲ့တဲ့ အရှိန်အဟုန်ကြီးမားတဲ့ အသင်းကြီးကို စွန့်ခွာသွားတော့မှာပဲ ဖြစ်ပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *