ဆန်ချို ကိုခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုအား ရပ်တန့်ပစ်လိုက်တဲ့ ဂျူဗင်တပ်စ်

Sancho Manchester United Football Player

ဂျူဗင်တပ်စ်အသင်းက နွေစျေးကွက်မပိတ်သိမ်းခင် မန်ယူအသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချို ကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေအား အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း နာမည်ကျော် အီတလီ ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုက သတင်းထုတ်ပြန်လာပါတယ်။

ဒီနွေမှာ ကစားသမားအသစ် ခေါ်ယူဖြည့်တင်းမှုတွေ အတော်လေးလုပ်ထားခဲ့တဲ့ ဂျူဗင်တပ် အသင်းဟာ တောင်ပံကစားသမား ဖက်ဒရစ်ကိုခီယေဆာ ကို လီပါပူးလ်အသင်းဆီ ရောင်းချခဲ့ပြီးနောက် သူ့နေရာအတွက် အင်္ဂလန် တောင်ပံကစားသမား ဆန်ချို နဲ့အစားထိုးချင်ခဲ့တာဖြစ်ပါတယ်။

Sancho

ဒါပေမယ့် ဂျူဗင်တပ်က ဒီနွေမှာ ကစားသမားအသစ် (၄)ဦး ခေါ်ယူမှုအတွက် ယူရို(၁၃၉)သန်းအထိ အသုံးပြုထားသလို အငှားခေါ်ယူထားတဲ့ ကစားသမားတွေအတွက်ပါ အငှားခေါ်ယူခွင့် (၂၃.၂)သန်းအထိတောင် သုံးစွဲထားရပါတယ်။ဒါကြောင့်မို့ ဆန်ချိုကိုလည်း အငှားခါ်ယူခွင့်နဲ့သာ ခေါ်ယူဖို့ ချဥ်းကပ်လာခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ကတော့ ဆန်ချိုကို အငှားမချချင်ပဲ အပြီးသတ် (သို့) အငှား+အပြီးသတ် နဲ့သာ လက်လွှတ်ချင်ပြီး ဒါကို ဂျူဗင်တပ်ကလဲ ဆန်ချိုအတွက် ယူနိုက်တက်ဘက်က သတ်မှတ်ထားတဲ့ကြေးဟာ များပြားလွန်းတယ်လို့ ယူဆတာကြောင့် အပြောင်းအရွှေ့အတွက် ဆက်လက်ဆွေးနွေးခြင်းမရှိတော့ပဲ ရပ်ဆိုင်းလိုက်ပါတယ်။

Sancho and Sterling

တစ်ဖက်မှာလဲ ချဲယ်လ်ဆီးက ဆန်ချိုကို ခေါ်ယူဖို့အတွက် စတာလင်း သို့မဟုတ် ဘင်ချီဝဲလ် တို့ထဲက တစ်ဦးဦးနဲ့ Swap Deal လုပ်ဆောင်နေပေမယ့် မန်ယူကတော့ ဒီအပြော်းအရွှေ့အပေါ် သိပ်ပြီးစိတ်တိုင်းမကျတဲ့အတွက် သဘောတူဖွယ်မရှိသေးပေမယ့် ဆန်ချိုကတော့ သူငယ်စဉ်ကတည်းက အားပေးလာတဲ့ ချဲယ်လ်ဆီးအသင်းဆီပြောင်းရွှေ့ချင်နေပါတယ်။

Start a Conversation

Your email address will not be published. Required fields are marked *