သူ့အသင်းဖော်ဟောင်းက ဘာလွန်းဒေါဆုအတွက် အထိုက်တန်ဆုံးလို့ အဂွေးရိုး ဖွင့်ဟ

A picture of him and his friend Rodri after Sergio Aguero

မန်ချက်စတာ စီးတီးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကစားသမားကြီး ဆာဂျီယို အဂွေးရိုး က ၂၀၂၄ခုနှစ် ဘာလွန်းဒေါဆုအတွက် အထိုက်တန်ဆုံးကစားသမားက သူ့အသင်းဖော်ဟောင်းဖြစ်သူ ရိုဒရီသာ ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ၂၀၂၄ ဘာလွန်းဒေါဆုအတွက် ဆန်ခါတင် ကစားသမား အယောက် (၃၀)စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၄ ဘာလွန်းဒေါဆုရဲ့ ဆန်ခါတင် အယောက်(၃၀)စာရင်းမှာ ၂၀၀၃ခုနှစ်နောက်ပိုင်း ဘာလွန်းဒေါဆု ဆန်ခါတင်စာရင်းမှာ အမြဲတမ်း ပါဝင်ခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ နှစ်ဦးစလုံး မပါဝင်တော့ချိန်မှာ ဘယ်ကစားသမားက ဘာလွန်းဒေါဆုရှင် ဖြစ်လာမလဲဆိုတာ အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။အယောက် (၃၀) ဆန်ခါတင်စာရင်း မထုတ်ပြန်ခင်ကတည်းက ရီးရဲလ် နဲ့ ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလား ရယူထားခဲ့တဲ့ ဆမ်ဘာကြယ်ပွင့် ဗင်နီစီယပ်စ်က ၂၀၂၄ ဘာလွန်းဒေါဆုရှင် ဖြစ်လာမယ်ဆိုပြီး ရေပန်းစားနေသလို မန်စီးတီးနဲ့ စပိန်အသင်းတို့အတွက် အရေးအကြီးဆုံး ကစားသမားဖြစ်တဲ့ ရိုဒရီဟာလည်း ဗင်နီစီယပ်စ်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာမယ်လို့ သတ်မှတ်လာကြပါတယ်။

တစ်ဦးချင်းဆုတွေမှာ အမြဲတမ်းချန်လှပ်ခံခဲ့ရတဲ့ ရိုဒရီက အခု ဘာလွန်းဒေါဆုမှာတော့ လုံး၀ ထိုက်ထိုက်တန်တန်ကို ဆွတ်ခူးနိုင်သင့်တယ်လို့ အဂွေးရိုးက မှတ်ချက်ပြုလာခဲ့ပါတယ်။ “လုံး၀ကို ပြီးပြည့်စုံတဲ့ နှစ်တစ်နှစ်ပဲ။ မင်းက ဒီဆုနဲ့ အထိုက်တန်ဆုံးပါ။ လုပ်ထား ရိုဒရီရေ။” လို့ အဂွေးရိုက စီးတီးအသင်းဖော်ဟောင်းကို အားပေးသွားခဲ့ပါတယ်။

Ballon d'Or 2024 Nominees List

အသက်(၂၈)နှစ်အရွယ် လက်ရှိ ကမ္ဘာ့အကောင်းဆုံး holding midfielder ဖြစ်သူ ရိုဒရီဟာ ပြီးခဲ့တဲ့ ယူရို၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ယူရိုချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့သလို မန်စီးစတီးအသင်းနဲ့လည်း ပရီးမီးယားလိဂ်ဖလားကို (၄)ကြိမ်ဆက်တိုက်အထိ ဆွတ်ခူးထားခဲ့ပြီး နှစ်သင်းစလုံးရဲ့ ဆုဖလားအောင်မြင်မှုတွေမှာ ရိုဒရီက အရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နိုင်ခဲ့ပါတယ်။

Start a Conversation

Your email address will not be published. Required fields are marked *