ဘိုင်ယန်ဆီ ပြောင်းရွှေ့ခဲ့တာက သူ့ဘ၀ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲလို့ ဟယ်ရီကိန်းဆို

Harry Kane celebrating on the football field

ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ တော့တင်ဟမ်ဟော့စပါး အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ဘိုင်ယန်အသင်းဆီကို ပြောင်းရွှေ့ခဲ့ခြင်းဟာ သူ့ဘ၀ရဲ့ အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေထဲက တစ်ခုပဲလို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ကစားသမားဘ၀ရဲ့ အချိန်အများစုကို စပါးအသင်းမှာသာ ဖြတ်သန်းခဲ့ရင်း အသင်းလိုက် ဆုဖလားတွေနဲ့ အလှမ်းဝေးခဲ့ရတဲ့ ဟယ်ရီကိန်းဟာ ဘိုင်ယန်လို ဆုဖလား အာမခံချက်တွေ ရှိနေတဲ့ အသင်းကြီးဆီကို ပြောင်းရွှေ့ခဲ့ပေမယ့် ကိန်းက ဘိုင်ယန်မှာလည်း ဆုဖလားတွေနဲ့ ထပ်မံ လွဲချော်ခဲ့ရပါတယ်။

ဟယ်ရီကိန်းက ဘိုင်ယန်ကို ရောက်ရှိခဲ့တဲ့ ဘောလုံးရာသီမှာပဲ ဘွန်ဒက်စ်လီဂါရဲ့ သွင်းဂိုး အများဆုံးဆုနဲ့ ဥရောပ ရွှေဖိနပ်ဆုတွေအထိ ပိုင်ဆိုင်ခဲ့ရပေမယ့် ဆုဖလား(၄)လုံးကိုတော့ လက်လွတ်လိုက်ရပြီး ဘွန်ဒက်စ်လီဂါ အမှတ်ပေးပြိုင်ပွဲမှာဆိုရင်လည်း အဆင့်(၃) နေရာအထိပါ ကျဆင်းသွားခဲ့ရပါတယ်။

လက်ရှိမှာတော့ ဟယ်ရီကိန်းက ဘိုင်ယန် ကစားသမားဘ၀ ဒုတိယမြောက် ဘောလုံးရာသီကို စတင်ဖြတ်သန်းနေရပြီဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားတွေ ရယူဖို့ကိုလည်း ကြိုးပမ်းသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ “ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ခဲ့တာဟာ ကျွန်တော့ဘ၀ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါ။”

ဟယ်ရီကိန်း

“ဒီအသင်းမှာ ရှိနေရတဲ့ အချိန်တိုင်းကို ပျော်ရွှင်နေရပါတယ်။” လို့ ဟယ်ရီကိန်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက်(၃၁) နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ကိန်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဘိုင်ယန် နဲ့ ဆုဖလားတွေ လွဲချော်ခဲ့ရုံမကပဲ အင်္ဂလန်နဲ့ပါ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဖိုင်နယ်အထိ တက်လှမ်းခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒါကြောင့် ဟယ်ရီကိန်းက ဒီရာသီမှာတော့ ဘိုင်ယန်အတွက် သူ့အတွက် ဆုဖလားတွေ ရရှိအောင် စွမ်းဆောင်သွားဖို့ ရှိနေပြီး ဘိုင်ယန်ကလည်း ဒီရာသီအစမှာတော့ နည်းပြသစ် ဗင်းဆင့် ကွန်ပနီနဲ့ အတူ တာအထွဉ်မှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *