အနီကတ် ပြခံရခြင်းအတွက်အသင်းအပေါ် တောင်းပန်လာတဲ့ ဒက်ကလန်ရိုက်စ်

အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ (၂)ဝါ (၁)နီ နဲ့ အထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက် အသင်းအပေါ် ကိုတောင်းပန်လိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ဝုဗ်၊ ဗီလာအသင်းတွေကို အနိုင်ယူခဲ့ပြီး (၃)ပွဲမြောက် အဖြစ် ဘရိုက်တန်ကို ရင်ဆိုင်ရချိန်မှာ ဟာဗက်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားခဲ့ပေမယ့်ဒုတိယပိုင်း ပြန်စချိန်မှာ ဒက်ကလန်ရိုက်စ်က အနီကဒ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ချေပဂိုးပါ ခွင့်ပြုခဲ့ရင်း အမှတ်လျော့သွားခဲ့ရပါတယ်။

တကယ်တော့ ရိုက်စ်ကို ဒုတိယမြောက် အဝါကတ် ပြသတာက ဘရိုက်တန်ဘက်ကနေ ဖရီးကစ် ကန်သွင်းဖို့ ဘောလုံးတည်ထားတာကို ရိုက်စ်က ကန်လိုက်လို့ အဝါကတ်ပြပြီး (၂)ဝါ (၁)နီ နဲ့ ထုတ်ပယ်လိုက်တာဖြစ်ပေမယ့် ပထမပိုင်းမှာ ဘရိုက်တန် ဂျာအို ပတ်ဒရို လည်း အာဆင်နယ် လက်ပစ်ဘောရမယ့် အချိန်မှာ ဘောလုံးကို ကွင်းထဲပြန်ကန်သွင်းရင်း ပွဲအမြန် ပြန်မစနိုင်အောင် လုပ်ခဲ့တာကိုတော့ ဒိုင်က လျစ်လျူရှုခဲ့ပါတယ်။

ဒါကြောင့် ဒက်ကလန်ရိုက်စ်ကို ပြသခဲ့တဲ့ အနီကတ်ပြစ်ဒဏ်ဟာ အာဆင်နယ်အတွက်ရော ဒက်ကလန်ရိုက်စ်အတွက်ပါ နစ်နာမှုတွေ ဖြစ်စေခဲ့ရပါတယ်။ ဒီအနီကတ်ကြောင့်ပဲ ရိုက်စ်ဟာ နိုင်ငံတကာ ရက်သတ္တပတ်အပြီး စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် မြောက်လန်ဒန်ဒါဘီ ပွဲစဉ်ကိုပါ လွှဲချော်သွားရတော့မှာပါ။

“ဒါက ကျွန်တော့ ကစားသမားဘ၀ရဲ့ ပထမဆုံးသော အနီကတ် ပြစ်ဒဏ် ဖြစ်တာကြောင့် ကျွန်တော် လုပ်ခဲ့တာတွေအတွက် ကျွန်တော်ရဲ့ အသင်းဖော်တွေကို ရှင်းရှင်းလင်းလင်း တောင်းပန်ချင်ပါတယ်။ နောက်ပြီး အသင်းပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ နောက်ပြီး ဒီပြစ်ဒဏ်အတွက်လည်း စိတ်ပျက်မိပါတယ်။”

“ဒုတိယမြောက် အဝါကတ်နဲ့ မထိုက်တန်ဘူးလို့ ခံစားမိရပေမယ့် ဒီကနေ ကျွန်တော် သင်ယူပြီးတော့ ပိုကောင်းလာအောင် လုပ်ဆောင်သွားရပါမယ်။အနီကတ်ပြခံရပြီး ထုတ်ပယ်ခံရတိုင်းက ဘယ်တော့မှ ခံစားလို့ကောင်းမှာ မဟုတ်ပါဘူး။ အသင်းအပေါ် အပြစ်ရှိတယ်လို့လည်း ခံစားမိပါတယ်။ ကျွန်တော့် အသင်းဖော်တွေက ကျွန်တော့ကို လည်းတကယ် ကူညီပေးခဲ့ပြီး အသင်းရလဒ် မဆိုးအောင်လည်း ကစားနိုင်ခဲ့ပါတယ်။” လို့ ဒက်ကလန်ရိုက်စ်က ပြောဆိုသွားခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *