ဒီဇင်ဘာ ၈ ပွဲကြိုသုံးသပ်ချက်

ဒီဇင်ဘာ ၈ ရက် ညမှာကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့

  • ဖူလ်ဟမ် [Vs] အာဆင်နယ် – ENGLAND PREMIER LEAGUE
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဒီဇင်ဘာ ၈]
  • အစ်စွစ်တောင်း [Vs] ဘုန်းမောက် – ENGLAND PREMIER LEAGUE
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဒီဇင်ဘာ ၈]
  • လက်စ္စတာစီးတီး [Vs] ဘရိုက်တန် – ENGLAND PREMIER LEAGUE
    [မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဒီဇင်ဘာ ၈]
  • စပါး [Vs] ချဲလ်ဆီး – ENGLAND PREMIER LEAGUE
    [မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဒီဇင်ဘာ ၈]
  • လီဂါနက်စ် [Vs] ဆိုဆီဒက် – SPAIN LALIGA
    [မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဒီဇင်ဘာ ၈]
  • ဘီဘာအိုလ် [Vs] ဗီလာရီးရဲလ် – SPAIN LALIGA
    [မြန်မာစံတော်ချိန် ည ၀၉း၄၅ နာရီ ၊ ဒီဇင်ဘာ ၈]
  • အိုဆာဆူနာ [Vs] အာလာဗက်စ် – SPAIN LALIGA
    [မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ ဒီဇင်ဘာ ၉]
  • အက်သလက်တီကို [Vs] ဆီဗီးလား – SPAIN LALIGA
    [မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ ဒီဇင်ဘာ ၉]

တို့ရဲ့ ပွဲကြိုသုံးသပ်ချက်

Fulham [Vs] Arsenal

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဒီဇင်ဘာ ၈]

အဆင့် (၆)နေရာကို တက်လာတဲ့ ဖူလ်ဟမ်ဟာ ဇင်ယော်တပ်သားတွေကို အမဲလိုက်ထားနိုင်ခဲ့သလို အဲ့အရင် စပါးအိမ်ကွင်းမှာလည်း သရေကစားထားခဲ့ပြီး ရလဒ်ပိုင်း တည်ငြိမ်လာပါတယ်။ ခံစစ်မှာ ဂိုးပေးရမှုရှိနေပေမဲ့ နောက်ဆုံး (၆)ပွဲမှာ ရှုံးပွဲ (၁)ပွဲသာ ရှိထားပါတယ်။

ဆောင်းရာသီမှာ ဂိုးပြတ်နိုင်ပွဲရနေတာ ဆင်ပျံကြီး အသင်းဖြစ်ပြီး တိုက်စစ်သွင်းဂိုးတွေ ရေတွက်လို့ ကောင်းနေသလို ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲမှာ ခြေစွာထားခဲ့တဲ့ အသင်းတွေကို ဂိုးပြတ်ဆုံးမနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက မာကိုဆေးလ်ဗားရဲ့ ဖူလ်ဟမ်အသင်းကို (၂)ကျော့လုံး မနိုင်ခဲ့ပဲ ဒီဇင်ဘာ ညချင်းအဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်ထားရပါမယ်။ လန်ဒန်ဒါဘီ တွေ့ဆုံမှုမှာ ဂန်းနားအမြောက်တွေ ဆက်လက်တောက်ပဦးမှာပါ။

Ipswich [Vs] Bournemouth

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဒီဇင်ဘာ ၈]

(၂)ပွဲဆက် (၀-၁) ရှုံးပွဲရလဒ်တွေက တန်းဆင်းဇုန်ထဲပြန်ရောက်သွားတဲ့ အစ်စွစ်တို့ ခြေစွမ်းညံ့ခဲ့လို့ မဟုတ်ပဲ ကြိုးကြိုးစားစား ရုန်းကန်ထားခဲ့သလို ဂိုးပြန်ရဖို့လည်း အတော်လေးနီးစပ်ခဲ့ပါတယ်။ ခံစစ်လည်း မာကျောတဲ့ အိမ်ရှင်တို့ အိမ်ကွင်းနိုင်ပွဲမရသေးပေမဲ့ သရေ၇လဒ်တွေ စွမ်းဆောင်ထားပါတယ်။

ကြားရက်မှာ ခြေမငြိမ်တဲ့ စပါးကို ခေါ်ဆုံးမ နိုင်ခဲ့ပြီး စုဖွဲ့မှုအားကောင်းလာတဲ့ ချယ်ရီတွေ တိုက်စစ်ဟာ ဂိုး၇ဖို့ မခက်ခဲပေမဲ့ အဝေးကွင်းပွဲတွေမှာ ပလိုင်းပေါက်နဲ့ ဖားကောက်နေရပါတယ်။ အစ်စွစ် အသင်းနဲ့ ၂၀၁၅ နောက်ပိုင်း တွေ့ဆုံမှု မရှိခဲ့သလို အဲ့အရင် ချန်ပီယံရှစ်တွေ့ဆုံခဲ့တဲ့ (၄)ပွဲလုံး သရေရလဒ်နဲ့ အဆုံးသတ်ထားတာပါ။ တန်းဆင်းဇုန် ဖိအားရှိနေတဲ့ အစ်စွစ်ကြောင့် ဂိုးပေါ်ကိုပဲ ကြိုက်ပါတယ်။

Leicester City [Vs] Brighton

[မြန်မာစံတော်ချိန် ည ၀၈း၃၀ နာရီ ၊ ဒီဇင်ဘာ ၈]

ရှုံးပွဲနွံထဲက လက်စ္စတာကို နည်းပြသစ် နစ္စတယ်ရိုင်းရဲ့ ပထမဆုံး အဖွင့်ပွဲမှာ ဟမ်းမားတွေကို ဂိုးပြတ်နိုင်ပွဲနဲ့ ဖွင့်လှစ်ထားနိုင်ခဲ့သလို တန်းဆင်းဇုန် ဖိအား သက်ရောက်နေသေးတာမို့ အိမ်ကွင်းမှာ ရုန်းကန်ကစားဖို့ လိုလာပါတယ်။

ပြီးခဲ့တဲ့ အပတ်က (၂)ပွဲလုံး အနိုင်မရခဲ့သလို ခံစစ်အမှားများလာတဲ့ ဇင်ယော်တွေဟာ တိုက်စစ်အားလည်းကျဆင်းလာပါတယ်။ လက်စ္စတာ အိမ်ကွင်း ဘရိုက်တန်တို့ နောက်ဆုံး (၈)ပွဲဆက် နိုင်ပွဲမရခဲ့သလို အဖွင့်လှထားတဲ့ နည်းပြသစ်လက်ထက်မှာ ဟာဇီလာတပ်သားတွေ ရုန်းကန်ရနိုင်ပါတယ်။ ဒီညမှာတော့ ဇင်ယော်တွေကို ကင်းပါဝါက မြေခွေးတပ်သားတွေ အမဲလိုက်ထားနိုင်မှာပါ။

Tottenham Hotspur [Vs] Chelsea

[မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ ၊ ဒီဇင်ဘာ ၈]

အမှတ်ပေးဇယားအလယ်နေရာက စပါးဟာ မှန်းဆရခက်ခဲတဲ့ အသင်းဖြစ်ပြီး ခံစစ်မကောင်းသလို ရလဒ်လည်းကျဆင်းလာပါတယ်။ လက်ရှိအချိန်ထိ ဘာဖြစ်လို့ ဖြစ်ချင်မှန်းမသိ ဖြစ်နေတဲ့ ပိုစတယ်ဂလူးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၆)ပွဲမှာ (၁)ပွဲသာ နိုင်ထားပါတယ်။

အသင်းစုဖွဲ့မှုအား ကျစ်လျစ်လာပြီး ခံစစ်လည်းမာကျောလာတဲ့ ခြင်္သေ့ပြာတပ်သားတွေရဲ့ တိုက်စစ်မှာ ဘက်ပေါင်းစုံက ဂိုးမြူးနေသလို ဂိုးသွင်းနိုင်စွမ်းရှိတဲ့ ကစားသမားတွေလည်း များပြားလာပါတယ်။ (၇)မှတ်ကွာ လီဗာပူးလ်ကို ဆက်လက် ဖိအားပေးထားဖို့လိုအပ်နေပြီး အဆင့် (၃)နဲ့ (၄) က အသင်းတွေတွေနဲ့ ရမှတ်မကွာထားတာမို့ လန်ဒန်ကြက်ဖတွေကို အမဲလိုက်ထားနိုင်ဖို့လိုပါတယ်။ ဂိုးအောက် ရထားစီးရင်း လန်ဒန်ကောင်းကင်ယံထက်က ခြေင်္သေ့ပြာတပ်သားတွေနေက် ဆက်လိုက်ထားမယ်။

Leganes [Vs] Real Sociedad

[မြန်မာစံတော်ချိန် ည ၀၇း၃၀ နာရီ ၊ ဒီဇင်ဘာ ၈]

ဇယားအောက်ပိုင်းက လီဂါနက်စ်ဟာ တန်းဆင်းဇုန်ဖိအားရှိနေလို့ ရုန်းကန်လာတဲ့အသင်းဖြစ်ပြီး အိမ်ကွင်း နော်ကဆုံး (၄)ပွဲမှာ လည်း ရီးရဲလ်အသင်းကိုသာ ဒူးထောက်ခဲ့ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး (၁၂)ပွဲမှာ တီကို၊ ဂျီရိုနာနဲ့ ရီးရဲလ်တို့လို ခြေစွမ်းထက် အသင်းတွေကိုသာ ရှုံးထားတာပါ။

ပြိုင်ပွဲစုံ နောက်ဆုံး (၆)ပွဲမှာ ရှုံးခဲ့တဲ့ တစ်ပွဲသာ ဂိုးပေးခဲ့ရပြီး (၅)ပွဲစလုံးကို ပေးဂိုးမဲ့ နိုင်ခဲ့တဲ့ ဆိုဆီဒက်တို့ လာလီဂါအဝေးကွင်းပွဲတွေမှာ ဂိုးရဖို့ အတော်လေးတိုင်ပတ်နေပါတယ်။ သူတို့ (၂)သင်းနောက်ဆုံးတွေ့ဆုံမှု (၆)ပွဲမှာ (၂)ဖက်သွင်းဂိုး (၂)ဂိုးနဲ့ အထက် ရှိခဲ့တာပါ။ လီဂါနက်စ်ရဲ့ ဂိုး၇လိုမှုအရ အနည်းဆုံး (၂)ဂိုးနဲ့အထက် မြင်တွေ့ရနိုင်ပါတယ်။

Athletic Club [Vs] Villarreal

[မြန်မာစံတော်ချိန် ည ၀၉း၄၅ နာရီ ၊ ဒီဇင်ဘာ ၈]

ယူရိုပါလိဒ်မှာလည်း ရလဒ်ကောင်းနေသလို လာလီဂါမှာပါ နိုင်ပွဲဆက်လာတဲ့ ဘီလ်ဘာအိုအသင်း ကြားရက်မှာ ရီးရဲလ်ကို အနိုင်ကစားနိုင်ခဲ့လို့ ယုံကြည်မှုမြင့်မားနေပါတယ်။ တိုက်စစ်ဂိုးသွင်းခြေတွေ့နေပေမဲ့ ခံစစ်ပိုင်းတည်ငြိမ်မှု မရှိသေးပါဘူး။

ခြေစွာနေတဲ့ ဗီလာရီးရဲလ်ဟာ ကြားရက် ဘုရင့်ဖလားမှာတော့ လိဒ်(၁) က ပွန်တီပရီတာ အသင်းကို ဂိုးမသွင်းနိုင်ပဲ ရှုံးနိမ့်ခဲ့ရလို့ (၁၆)သင်း အဆင့်မရောက်လိုက်တဲ့ ဗီလာရီးရဲလ်တို့ ဥရောပပွဲလည်း မရှိထားပါဘူး။ လာလီဂါတစ်ခုသာ အာရုံစိုက် ကစားရတော့မှာဖြစ်ပြီး နောက်ဆုံး (၂)ပွဲဆက် (၂)ဂိုးစီ သရေကျထားပါတယ်။ အပြန်အလှန်ဂိုးသွင်းနိုင်တာမို့ ဂိုးပေါ်ကသာ အကောင်းဆုံးပါ။

Osasuna [Vs] Deportivo Alaves

[မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ နာရီ ၊ ဒီဇင်ဘာ ၉]

နည်းပြမိုရီနိုလက်ထက် ခြေစွမ်းအတော်လေးစွာလာတဲ့ အိုဆာဆူနာဟာ ဥရောပဝင်ခွင့် တစ်နေရာအတွက် မျှော်လင့်ချက်တိုက်ပွဲဝင်နေပြီး အိမ်ကွင်းခြေစွမ်းတည်ငြိမ်နေသလို ဂိုးရဖို့ မခက်တဲ့ အိုဆာဆူနာ တို့ အိမ်ကွင်း တစ်ပွဲသာ ရှုံးသေးပါတယ်။

တန်းဆင်းဇုန်နဲ့ (၁)မှတ်ကွာ ဖိအားရှိနေတဲ့ အလာဗက်စ်ဟာ လာလီဂါ နောက်ဆုံး (၉)ပွဲမှာ (၇)ပွဲရှုံးထားပါတယ်။ အဝေးကွင်းမှာ သရေရလဒ်ကို မမြင်ထားရပဲ ရှုံးပွဲတွေသာ ပိုင်ဆိုင်ထားတဲ့ အလာဗက်စ်တို့ အိုဆာဆူနာအိမ်ကွင်းမှာ ရုန်းကန်ရမှာပါ။ အိမ်ရှင် အရိပ်အောက်သာ ခိုလှုံတာက အသင့်တော်ဆုံးဖြစ်မှာပါ။

Atletico Madrid [Vs] Sevilla

[မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီ ၊ ဒီဇင်ဘာ ၉]

ပြိုင်ပွဲအရပ်ရပ်နိုင်ပွဲပိုက်ကာ ပြန်လာနေပြီဆိုတာ တီကိုအသင်း နိုင်ပွဲတွေနဲ့ သက်သေပြထားသလို ပြိုင်ပွဲစုံ (၈)ပွဲဆက် နိုင်ထားတဲ့ ဆီမြွန်နီတပ်သားတွေ ဂိုးသွင်းခြေတွေ့နေပြီး လာလီဂါအိမ်ကွင်း ရှုံးပွဲမရှိ အဆင့် (၃)နေရာမှာ ရပ်တည်ထားပါတယ်။

နည်းပြသစ်လက်ထက် ပြိုင်ပွဲစုံ (၁၇)ပွဲကစားအပြီးမှာ (၇)ပွဲနိုင်၊ (၄)ပွဲသရေ ၊ (၆)ပွဲ ရှုံးထားပါတယ်။ နိုင်လိုက်ရှုံးလိုက် ခြေမငြိမ်ဖြစ်နေတဲ့ ဆီဗီလားဟာ အဝေးကွင်း (၁)ပွဲသာ နိုင်သေးပြီး ခံစစ်လည်း ညံ့ဖျင်းထားပါတယ်။ အိမ်ကွင်းပွဲတွေဆို အဆိပ်ပြင်းတဲ့ တီကို အသင်းတိုက်စစ်ကို ဧည့်သည်အသင်း ခံစစ်ပိတ် ကစားလာနိုင်ပေမဲ့ ဂရစ်မန်း၊ အဲဗားရက်စ်တို့ရဲ့ ဂိုးသွင်းပွဲတွေကြီး စည်ကားသိုက်မြိုက်နေမှာပါ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *