ဒီဇင်ဘာ ၄ ရက် ညမှာကန်မယ့်ပွဲစဉ်ကောင်း များဖြစ်တဲ့
- အဲဗာတန် [Vs] ဝုဗ် – ENGLAND PREMIER LEAGUE
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ ဒီဇင်ဘာ ၅] - မန်စီးတီး [Vs] နော်တင်ဟမ် – ENGLAND PREMIER LEAGUE
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ ဒီဇင်ဘာ ၅] - နယူးကာဆယ် [Vs] လီပါပူးလ် – ENGLAND PREMIER LEAGUE
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ ဒီဇင်ဘာ ၅] - ဆောက်သမ်တန် [Vs] ချဲလ်ဆီး – ENGLAND PREMIER LEAGUE
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ ဒီဇင်ဘာ ၅] - အာဆင်နယ် [Vs] မန်ယူ – ENGLAND PREMIER LEAGUE
[မြန်မာစံတော်ချိန် နံနက် ၀၂း၄၅ နာရီ ၊ ဒီဇင်ဘာ ၅] - အက်စတွန်ဗီလာ [Vs] ဘရန့်ဖိုဒ့် – ENGLAND PREMIER LEAGUE
[မြန်မာစံတော်ချိန် နံနက် ၀၂း၄၅ နာရီ ၊ ဒီဇင်ဘာ ၅]
တို့ရဲ့ ပွဲကြိုသုံးသပ်ချက်
Everton [Vs] Wolves
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ ဒီဇင်ဘာ ၅]
အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ခံစစ်အမှားတွေက ဂိုးပေးခဲ့ရတဲ့ ရှောင်ဒိုင်ချီးတပ်သားတွေရဲ့ ခံစစ်ဟာ အတော်လေးညံ့ခဲ့ပါတယ်။ တိုက်စစ်မှာ အားကိုးရတဲ့ ကစားသမားမရှိတာမို့ (၄)ပွဲဆက် ဘဲဥ မကွဲခဲ့ပါဘူး။
တန်းဆင်းဇုန်အရပ်က ရုန်းထွက်နိုင်ခဲ့ပေမဲ့ ဘုန်းမောက်နဲ့ပွဲမှာ ခံစစ်အမှားများပြီး ပင်နယ်တီတွေ ခွင့်ပြုလိုက်ရလို့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတဲ့ ဝုဗ်ဟာ တန်းဆင်းဇုန်ထဲ ပြန်ရောက်သွားပေမဲ့ ဂိုးသွင်းနှုန်းမြင့်မားနေဆဲပါ။ (၂)မှတ်သာ ကွာတဲ့ အဲဗာတန်ကို နောက်ဆုံးတွေ့ဆုံထားတဲ့ (၆)ပွဲမှာလည်း (၅)ပွဲနိုင်ထားပါတယ်။ မာဆေးဆိုဒ်မှာ ဝံပုလွေတပ်သားတွေ အမဲလိုက်ထားမှာပါ။
Manchester City [Vs] Nottingham Forest
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ ဒီဇင်ဘာ ၅]
ပြိုင်ပွဲစုံ (၇)ပွဲမှာ (၆)ပွဲအရှုံးနဲ့အတူ ပရီးမီးယားလိဒ်အဆင့် (၅)ထိပ်ဆုံးက လီပါပူးလ်နဲ့ (၁၁)မှတ်ပြတ်သွားတဲ့ အခြေအနေမှာ မိုးပြာရောင်တပ်သားတွေ ခြေစွမ်းတည်ငြိမ်မှုပျောက်သွားတဲ့ အပြင် ဂိုးသွင်းခြေ၊ ခံစစ်ပါ ညံ့ဖျင်းသွားခဲ့ပါတယ်။
အမှတ်ပေးဇယား အပေါ်အောက် (၁)မှတ်သာ ကွာတဲ့ နော်တင်ဟမ်ဟာ နယူးကာဆယ်၊ အာဆင်နယ် အရှုံးက အစ်စွစ်ကို အနိုင်ယူပြီး ပြန်လာနိုင်ခဲ့ပေမဲ့ ရှုံးပွဲတွေဆက်နေတဲ့ ဂွါဒီယိုလာတို့ရဲ့ ပေါက်ကွဲလာမှုကို ခံရမှာပါ။ နော်တင်ဟမ်ကို ဧည့်ခံခဲ့တဲ့ နောက်ဆုံး (၂)ပွဲဆက်ပေးဂိုးမဲ့နိုင်ပေမဲ့ လက်ရှိခံစစ်ပိုင်း ညံ့ဖျင်းနေပါတယ်။ အီတီဟက်မြေမှာ (၂)ဂိုးပြတ်နိုင်သလို ဂိုးပေါ်ဆို ပိုမှန်မှာပါ။
New Castle [Vs] Liverpool
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ ဒီဇင်ဘာ ၅]
တက်လိုက်ကျလိုက်ဖြစ်နေလို့ အမှတ်ပေးဇယား အဆင့် (၁၁)ရောက်သွားတဲ့ ငှက်ကျားတွေကလည်း (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။ အိမ်ကွင်းနောက်ဆုံး (၃)ပွဲမှာ အာဆင်နယ်တစ်သင်းသာ အနိုင်ရထားပြီး (၂)ပွဲထိ ရှုံးခဲ့တဲ့ အဲ့ (၂)ပွဲဟာ ဒီရာသီရှုံးပွဲတွေ့ခဲ့တဲ့ အိမ်ကွင်းပွဲဆို မမှားပါဘူး။
ရီးရဲလ်၊ မန်စီးတီးတို့နဲ့ (၂)ပွဲဆက် ကစားကာ အမှားအယွင်းမရှိ (၂)ဂိုးပြတ်နိုင်ခဲ့တဲ့ အာနီစလော့တပ်သားတွေဟာ အထင်ကြီးစရာခြေစွမ်းဖြစ်ပြီး ဆာလာ၊ ဂတ်ပိုတိုက်စစ်အတွဲကလည်း ရပ်တန့်မရအောင် နိုင်ပွဲဆက်နေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး (၁၆)ပွဲဆက် ရှုံးပွဲမရှိ (၁၅)ပွဲနိုင်ထားတဲ့ ကြိုးကြာနီတပ်သားတွေ ကွင်းမရွေးဂိုးသွင်းထားပါတယ်။ စိန့်ဂျိမ်းပါ့ခ်က ငှက်ကျားတွေအရပ်မှာလည်း ကြိုးကြာနီတပ်သားတွေ ဆက်လက် အမြှင့်ပျံသန်းထားမယ်။
Southampton [Vs] Chelsea
[မြန်မာစံတော်ချိန် နံနက် ၀၂း၀၀ နာရီ ၊ ဒီဇင်ဘာ ၅]
ပရီးမီးယားလိဒ်ကို တန်းပြန်တက်လာပေမဲ့ ဆောက်သမ်တန်ရဲ့ခြေစွမ်းဟာ အမှတ်ပေးဇယားမှာ ခြေစွမ်းပြကစားနေတဲ့ အသင်းတွေကြားးမတိုးနိုင်သလို ပြီးခဲ့တဲ့ရာသီက တန်းတက်လာတဲ့ (၃)သင်းလုံး တန်းပြန်ဆင်းသွားတယ်။
ယုံကြည်မှုပြည့်၀လာတဲ့ ခြင်္သေ့ပြာတပ်သားတွေမှာ လူအင်အား (၂)သင်းစာဟာ အတော်လေး အလုပ်ဖြစ်လာပြီး ဒဏ်ရာရမှုလည်းလျော့ကျစေပါတယ်။ ခံစစ်ပိုင်းတည်ငြိမ်လာသလို ဂိုးမရမှာ မပူရတဲ့ တိုက်စစ်ရှိပေမဲ့ ဇယားအောက်ဆုံးက ဆောက်သမ်တန်ဟာ လီပါပူးလ်၊ ဘရိုက်တန်တို့ကို နောက်ဆုံး (၂)ပွဲဆက် ဂိုးသွင်းထားတဲ့တိုက်စစ်ကို လျော့တွက်လို့မရပါဘူး။
Arsenal [Vs] Manchester United
[မြန်မာစံတော်ချိန် နံနက် ၀၂း၄၅ နာရီ ၊ ဒီဇင်ဘာ ၅]
ဂန်းနားတွေ တောက်ပလာနိုင်ပြီး ဖိအားတွေကြားက အမှန်အကန်ရုန်းကန်ကစားကာ လမ်းမှန်ပေါ် ပြန်ရောက်နေပါပြီ အသင်းစုဖွဲ့မှု အားကောင်းနေသလို တိုက်စစ်ဂိုးမြူးနေတဲ့ ဆင်ပျံကြီးတို့ အမှတ်ပေးဇယား အဆင့် (၂)ပြန်ရောက်လာပေမဲ့ လီပါပူးလ်နဲ့ (၉)မှတ်ကွာ အခြေအနေမှာ အမှားခံလို့မရပါဘူး။
နည်းပြသစ်အတွက် လုံလောက်တဲ့ နိုင်ပွဲရခဲ့ပေမဲ့ ဇယားအောက်ပိုင်းက အသင်းတွေဖြစ်ပြီး အကောင်းဆုံး ပုံစံချပြနိုင်ဖို့ အမ်းမရိတ်မှာ သရဲနီတပ်သားတွေ အနိမ့်ဆုံးသရေ ကစားထားဖို့လိုပါတယ်။ ပုံစံကောင်းရနေတဲ့ အာတီတာတိုက်စစ်ကို ခံကစားဖို့မလွယ်တာမို့ ဖွင့်တိုက်ရမှာဖြစ်ပြီး အပြန်အလှန်ဂိုးသွင်းနိုင်မှာပါ။ အိမ်းမရိတ်မှာ ဂိုးပေါ်တေးသွား သီကျူးထားချင်ပါတယ်။
Aston Villa [Vs] Brentford
[မြန်မာစံတော်ချိန် နံနက် ၀၂း၄၅ နာရီ ၊ ဒီဇင်ဘာ ၅]
ကာရာဘောင်းဖလားမှာ ပဲလေ့စ်ကို အရေးနိမ့်ပြီးနောက် ရှုံးပွဲတွေနဲ့ နေသားကျလာတဲ့ ဗီလာဟာ ပြိုင်ပွဲစုံနောက်ဆုံး (၈)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။အူနိုင်းအမ်မရီ တပ်သားတွေ ရလဒ်ကော၊ ခြေစွမ်းပါကျဆင်းလာပေမဲ့ ပရီးမီးယားလိဒ် အိမ်ကွင်း (၆)ပွဲမှာ (၅)ပွဲဆက် မရှုံးနိမ့်ထားပါဘူး။
အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲရနေတဲ့ ဘရန့်ဖို့ဒ်တပ်သားတွေ အဝေးကွင်းရုန်းကန်နေရမှုကို လျော့ချလာနိုင်ပြီး အဝေးကွင်းနိုင်ပွဲ ပျောက်ဆုံးထားပေမဲ့ ပထမဆုံး သရေကို အဲဗာတန်အိမ်ကွင်းမှာ ရှာဖွေထားနိုင်ခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ ပျားတုပ်နိုင်စွမ်းရှိတဲ့ နည်းပြ သောမက်ဖရန့်တပ်သားတွေကို အားပေးထားပါမယ်။