ယခုနှစ် ရာသီမှာ ချဲလ်ဆီး ကြယ်ပွင့်သစ် တဦး တောက်ပလာလိမ့်မယ်လို့ ယုံကြည်နေတဲ့ ကူကူရယ်လာ

marc cucurella and Chelsea Logo

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်း ကစားသမားသစ် အများအပြား ထပ်မံ ခေါ်ယူခဲ့ရာ ၊ အများစုက တိုက်စစ် အားသန်တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ထိုအထဲမှာ ချဲလ်ဆီး ပရိသတ်တွေနဲ့ ရင်းနှီးမှု အပြည့် ရှိတဲ့ ကစားသမားကတော့ ဂျိုဝေါင် ဖဲလစ်ပဲ ဖြစ်ပါတယ်။

ဖဲလစ်ဟာ ချဲလ်ဆီးသို့ ယူရိုသန်း ၅၀ဝန်းကျင်နဲ့ အပြီးသတ် ပြောင်းရွှေ့လာပြီ ဖြစ်ပါတယ်။ ချဲလ်ဆီး ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာကတော့ အငှားနဲ့ ကစားခဲ့စဉ်ကလို ဖဲလစ် တယောက် ထပ်မံ တောက်ပလာဦးမယ်လို့ မျှော်လင့်နေပါတယ်။

EFE သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကူကူရယ်လာ က ” ဒီမှာ အငှား လာကစားခဲ့ဖူးတဲ့ လတွေမှာ သူ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြခဲ့ပါတယ် ။ အဲဒီတုန်းက အဖွင့်ပွဲမှာ သူ တိုက်ရိုက် အနီနဲ့ အထုတ်ခံခဲ့ရတာ ကံဆိုးခဲ့ပြီး ၊ သူ ကိုယ်တိုင်လည်း ဒီပြစ်ဒဏ်ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။ ”

”အဲဒီနောက် သူ ကစားခွင့် အများကြီး ရခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကျွန်တော်တို့ အတွက် အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နေရာလွတ်တွေ အများကြီး ရှိပါတယ်။ သူ့အနေနဲ့ နေရာစုံ ရွေ့လျား ကစားပေးနိုင်တာကြောင့် ၊ သူ ကျွန်တော်တို့ကို အများကြီး ကူညီနိုင်ဖို့ မျှော်လင့်မိပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

marc cucurella and Joao Felix

တဖက်မှာ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ချဲလ်ဆီးရဲ့ ရာသီသစ် အဖွင့် ၃ပွဲဟာ ပရိသတ်တွေ လိုချင်တဲ့ အနေအထားနဲ့ သိပ်ပြီး မကိုက်ညီနေခဲ့ပါဘူး။ လက်ရှိ ချန်ပီယံ မန်စီးတီးကို ရှုံးခဲ့တာက ဖြေသိမ့်လို့ ရပေမယ့် ၊ နိုင်ငံတကာ ပွဲကာလ မတိုင်ခင် ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ ပွဲမှာ ၂မှတ် လျော့ခဲ့တာက စိတ်ပျက်စရာ ဖြစ်ပါတယ်။

ကူကူရယ်လာကတော့ ချဲလ်ဆီး ပရိသတ်တွေကို စိတ်ရှည်သည်းခံဖို့ တောင်းဆိုတဲ့ အနေနဲ့ ” ကျွန်တော် ပျော်ပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ နည်းပြက အရမ်း တော်ပါတယ်။ သူ့မှာ အလွန် ရှင်းလင်းတဲ့ အိုင်ဒီယာတွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ လတ်တလော နှစ်တွေ အတွင်း နည်းပြ အပြောင်းအလဲ များစွာ လုပ်ခဲ့ပါတယ်။”

marc cucurella in football field

”နည်းပြ အများကြီး မပြောင်းပဲနဲ့ ကျွန်တော်တို့ တည်ငြိမ်မှု တခုခု ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ကြတာပေါ့ ။ ဒါမှ မန်နေဂျာက သူ့အိုင်ဒီယာတွေကို လွှဲပြောင်းပေးနိုင်မှာပါ ။ ကျွန်တော်တို့ တည်ငြိမ်မှု လိုအပ်ပါတယ် ။ ကျွန်တော်တို့မှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိပါတယ်။”

” လိုအပ်တဲ့ စိတ်ရှည်သည်းခံမှုသာ ကျွန်တော်တို့ ရလာနိုင်မယ်ဆိုရင် အရာရာ ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်မှာပါ။ ကျွန်တော်တို့မှာ ခြေစွမ်း အဆင့် တခု ရှိပြီး ၊ တည်ငြိမ်မှုပဲ လိုအပ်ပါတယ်။ နည်းပြတွေနဲ့ ကစားသမားတွေ အတွက် အရေးကြီးတဲ့ အရာ တခုခု လုပ်ခွင့် ရဖို့ပေါ့။ ” လို့ ပြောကြားခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *